August 24, 2007

ကိုယ့်ရဲ့ စွမ်းဆောင်မှုတစ်ခုအပေါ် အခြားတစ်ယောက်က Yes လို့ ပြောရင် ကိုယ့်အတွက် အားအင်တွေ တိုးပွားစေလို့ ကျေးဇူးတင်ရမယ်။ No လို့ ပြောရင်လည်း မာနနဲ့ မခံချင်စိတ်ကို ဖြစ်ပေါ်စေလို့ ကျေးဇူးတင်ရမယ်တဲ့။ တကယ်သာ အဲဒီစိတ်မျိုးထားနိုင်မယ်ဆိုရင် အောင်မြင်မှုက လက်တစ်ကမ်းမှာပဲပေါ့။

AddThis Social Bookmark Button


ကဗျာအပေါ် သူတို့ရဲ့အမြင်  

August 08, 2007

ကဗျာအပေါ် သူတို့ရဲ့အမြင်

တူတူပုန်းတမ်းကစားနေတုန်း၊ ပုံပြောနေတုန်းမှာ ကလေးဟာ ကဗျာဆရာ ဖြစ်သွားတယ်။
နွားကျောင်းသားက သူ့ချစ်သူအတွက် ခရေပန်းကုံးကလေးတွေ ကုံးပေးနေတုန်းမှာ ကဗျာဆရာ ဖြစ်သွားရတယ်။
လယ်သမားဟာ လယ်ထွန်ရာက ရပ်ပြီး သက်တံ့ကြီးကို ငေးကြည့်နေတုန်းမှာ ကဗျာဆရာ ဖြစ်သွားရတယ်။
အလုပ်သင်စာရေးဟာ ပန်းအလှပြပွဲကို ကြည့်နေတုန်းမှာ ကဗျာဆရာ ဖြစ်သွားတယ်။
ကပ်စေးနှဲတဲ့သူဌေးဟာ သူ့ရွှေစကို ပွတ်သပ်နေတုန်းမှာ ကဗျာဆရာ ဖြစ်သွားတယ်။
နန်းတွင်းသားဟာ သူ့အထက်က မှူးမတ်ကြီးရဲ့ အပြုံးပေါ်မှာ မျှော်လင့်ချက်တစ်ခုကို တည်ဆောက်နေတုန်းမှာ ကဗျာဆရာ ဖြစ်သွားတယ်။
တောတွင်းသား လူရိုင်းဟာ သူကိုးကွယ်နေတဲ့ နတ်ရုပ်ကို သွေးနဲ့ အရောင်ခြယ်နေတုန်းမှာ ကဗျာဆရာ ဖြစ်သွားတယ်။
မင်းဆိုးဟာ သူ့ကိုယ်သူ နတ်ဘုရားလို့ ထင်နေတုန်းမှာ ကဗျာဆရာ ဖြစ်သွားတယ်။
ဒါဟာ ဟက်ဇလစ် ပြောခဲ့တဲ့ စကားတွေပါ။

ဆရာမြသန်းတင့်ကတော့ ''လူတိုင်းမှာ ခံစားချက်တွေ၊ စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ၊ အားငယ်ချက်တွေ ရှိကြတယ်။ ဒီခံစားချက်တွေကို ဖော်ပြတာတိုင်းဟာ ကဗျာလို့ ပြောပါတယ်။ တစ်လုံးတည်းနဲ့ ချုပ်ပြောရရင် ရင်ခုန်သံကို ဖော်ပြတိုင်းဟာ ကဗျာပဲပေါ့။ အဖြစ်အပျက်တစ်ခုကို မြင်တယ်၊ ကြားတယ်။ ဒီအခါမှာ ခံစားမှုကို ပေးတယ်။ ခံစားမှုဝေဒနာကနေ စိတ်ကူးကို နှိုးပေးတယ်။ အဲဒီအခါမှာ နရီတို့၊ အသံတို့နဲ့ အဲဒီအကြောင်းကို ဖွဲ့တယ်။ ဒီမှာ ကဗျာ ဖြစ်လာတယ်'' တဲ့။

AddThis Social Bookmark Button


 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster