ဘ၀ ညီမျှခြင်း
February 13, 2008
ဘ၀ ညီမျှခြင်း
မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေရင်း
ရှင်သန်ခြင်းကို မေ့လျော့မိတဲ့အခါ
မျှော်လင့်ချက်ဆိုတာဟာ ...
... ... ...
... ... ...
ဝေးနေရတဲ့ ရင်ဘတ်တစ်ခြမ်းလည်း
လွမ်းတယ်။
ဘ၀ရယ်...
ငါ အိပ်မက် မက်ကောင်းတုန်းမှာ
နင်က တော်တော်ဝေးဝေးထိ ခရီးဆက်နေခဲ့ပြီပဲ
ပိုးမွှားတွေကို သေစေသတဲ့
အာရုံတွေကို လန်းဆန်းစေသတဲ့
အဲဒီနေခြည်ရဲ့ဒဏ်ကို
ငါ ဘာကြောင့် မခံနိုင်ခဲ့တာလဲ...
ငါ စကားတွေအများကြီး ပြောခဲ့ရဲ့နဲ့
သူတို့တွေ မကြားခဲ့ဘူးတဲ့
ဖမ်းယူဆုပ်ကိုင်နိုင်စွမ်းမရှိအောင်ကို
ငါ့လက်ချောင်းတွေ မောပန်းနေခဲ့ပါပြီ
အိပ်မက်ထဲမှာတောင် သီဆိုသူမဖြစ်ခဲ့ဖူးပေမဲ့
ငါ့သံစဉ်တွေရဲ့ အတက် အသက်
စည်းချက်ကျကျ လှပနေမှာကိုတော့ ယုံကြည်ပေးပါ
ဘ၀နဲ့ရင်းခဲ့တဲ့ ကာရန်တွေကြားမှာလေ...
ကောင်းကင်ဟာ အပြောကျယ်တယ်
ပင်လယ် နက်ရှိုင်းတယ်
ငါတို့ ဒီလို အဓိပ်ပယ်ဖွင့်ခဲ့ကြတယ်နော်
ဒါပေမဲ့ ဘ၀ကိုတော့ ဒီအတိုင်းပဲထားလိုက်ပါ
ငါတို့ရေးခြယ်သမျှ ဒုက်ခဆိုလည်း ဒုက်ခ
အလှဆိုလည်း အလှပေါ့... ... ...
February 17, 2008 at 2:13 AM
""ပိုးမွှားတွေကို သေစေသတဲ့
အာရုံတွေကို လန်းဆန်းစေသတဲ့
အဲဒီနေခြည်ရဲ့ဒဏ်ကို
ငါ ဘာကြောင့် မခံနိုင်ခဲ့တာလဲ...""
မိုက်တယ် ဗျာ ... :D
February 17, 2008 at 2:55 AM
ငါတို့ရေးခြယ်သမျှ ဒုက္ခဆိုလည်း ဒုက္ခ
အလှဆိုလည်း အလှပေါ့... ... ...
သိုးလေးရေ အဆင်ပြေပါစေ ..။
February 17, 2008 at 3:04 AM
မကတော့ဘ၀ညီမျှခြင်း စမ်းချောင်းလုပ်ထားလိုက်တယ်။ မှန်မှန်လေးစီးဆင်းချင်လို့ ။
February 17, 2008 at 3:38 AM
အောက်ဆုံးက တော်တော် မှန်တဲ့ စကားတွေပဲ..။ မမလေးလည်း
ဘ၀ကိုတော့ ဒီအတိုင်းပဲထားလိုက်ပါတယ်...။
February 17, 2008 at 3:54 AM
အချိန်တန်တော့လည်းပြီးသွားမှာပါ...။
February 21, 2008 at 5:57 AM
ကိုစိုးထက် ဘလော့မလုပ်တော့ဘူးလို့ကြားလို့ စိတ်မကောင်းဘူး။
ကိုမျှားပြာရေ... အဆင်ပြေပါတယ်။ စိတ်ပူပေးတာ ကျေးဇူး။
အစ်မရေ... အဲလိုသဘောထားနိုင်ရင် အကောင်းဆုံးပါပဲ။
မမလေးရော အဲဒီလိုပဲ ထင်တယ်လား။
ပြီးသွားတဲ့အချိန်ရောက်ရင် ထပ်ပြောကြတာပေါ့ :)