April 10, 2007

၂၀၀၇ ခုနှစ် ဧပြီလ ၁၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃၆၉ ခု၊ နှောင်းတန်ခူးလဆုတ် ၁၃ ရက်၊ စနေနေ့၊ မြန်မာစံတော်ချိန် ညနေ ၂ နာရီ ၅၀ မိနစ် ၂၃ စက္ကန့်တွင် နှစ်သစ်တစ်နှစ်ကို စတင်ပါပြီ။
သတင်းကြေညာနေတာမဟုတ်ဘူးနော်...
အသက်လည်း တစ်နှစ်ကြီးသွားပြီလို့...
ဒီအချိန်မှာ ကိုယ်ဘာတွေလုပ်ခဲ့တယ်ဆိုတာ ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားကြည့်မိတယ်။ ကောင်းတာတွေရော မကောင်းတာတွေရောပေါ့...
တစ်ခါတစ်ခါကျတော့လည်း သြော်... ငါ အသက်သာ တစ်နှစ်ကြီးသွားပြီ၊ အခုထိ ဘာမှမဟုတ်သေးပါလားလို့လည်း တွေးမိတဲ့အခါ တွေးမိရဲ့...
ဒါပေမဲ့ တစ်ခုတော့ရှိတယ်...
(ဘယ်ကိုရောက်ရောက်... ဘာပဲလုပ်ဦး...
အဖြူစင်ဆုံး ကိုယ် စိတ် နှလုံးနဲ့
အပြုဲံးပွင့်သီ မနသီချိုမြ
လူပီသရင် သင်သာလျှင်အမြတ်ဆုံး...)
ဆိုတဲ့ တွေးချင့်စရာ ကဗျာလေးထဲကလိုပဲ
အခုအချိန်အထိ ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေအပေါ်မှာ အဖြူစင်ဆုံး ကိုယ် စိတ် နှလုံး ထားခဲ့တဲ့အတွက် လိပ်ပြာသန့်စွာ နေနိုင်တယ်လေ။
လူတချို့တွေ့ဖူးတယ်။ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့အတွက် သူများကို နင်း လိုက်ရဖို့လည်း ၀န်မလေးတဲ့ လူမျိုးပေါ့။ တကယ်လို့ သူသာ အောင်မြင်ကြီးပွားသွားပါပြီတဲ့... သူ့ကိုယ်သူ လိပ်ပြာသန့်ရဲ့လားလို့... သူ နင်း လိုက်တဲ့ လူနဲ့ မျက်နှာချင်းဆိုင် တွေ့တဲ့အခါမှာရော သူ့ဘက်က လိပ်ပြာသန့်စွာ ရင်ဆိုင်ရဲပါ့မလားလို့...
ပြောချင်တာတွေ လျှောက်ပြောနေတာနဲ့ နှစ်သစ်ကူးပွဲလေးတောင် ဘယ်ရောက်...
သြော်... နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းတော့မယ့်အချိန်မှာ ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှုတွေရှိခဲ့ရင် လိပ်ပြာမသန့်စေတဲ့အလုပ်မျိုး လုပ်ခဲ့မိရင် အတာရေနဲ့ ဆေးကြောပြီး အတွေးသစ်၊ စိတ်သစ်နဲ့ အဖြူစင်ဆုံး ကိုယ် စိတ် နှလုံး ထားလို့ နှစ်သစ်မှသည် ဘ၀တစ်သက်တာ လျှောက်လှမ်းကြပါစို့လို့...

AddThis Social Bookmark Button


1 comments: to “

  • Unknown
    April 10, 2007 at 5:11 AM  

    Dear Nyi ma lay,
    I arrived to read your creation,
    I don't know how to write my comment.
    I admire you very much and I wish to long our friendship.
    I will miss you and I will tell about you to my friends.
    OK? TRY your best, Nyi ma lay.
    Thanks you.

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster