မှော်ရုံလမ်းမှ ဖြတ်သန်းခြင်း  

October 14, 2007

မှော်ရုံလမ်းမှ ဖြတ်သန်းခြင်း

အစိမ်းသက်သက်လောကကြီးထဲ
အေးစက်စက်သဘောထားတွေနဲ့ ဆက်ဆံ
ကြိမ်ဖန်များလာတော့
ရင်ထဲမှာတောင် နှင်းခဲနေခဲ့ပြီ။

ထမင်းပူပူလွေးလို့
ရင်တွင်းအနွေးဓာတ်ဖြည့်ပေးခဲ့ရတယ်
ငါ့ကိုယ်ငါ။

တစ်ခါတစ်ခါစဉ်းစားမိတယ်
ငါဖြတ်သန်းနေရတာ မှော်ရုံတောလမ်းမှာလားလို့
အားလုံးဟာ အယောင်ဆောင်ထားတဲ့
ကဝေတွေအလားပဲ
စိတ်ရင်းကြည်ဖြူ တွဲကူမယ့်လူက
ကဝေတွေရဲ့ပြုစားမှုအောက်မှာ
မရုန်းနိုင်ရှာဘူး။

အဆုံးတော့
တစ်ယောက်တည်းလျှောက်ခဲ့တဲ့လမ်း
တစ်ယောက်တည်းဆုံးအောင်လှမ်းရမယ်
အစိမ်းသက်သက်လောကကြီးထဲက
မှော်ရုံတောလမ်းမှာ
အယောင်ဆောင်ကဝေတွေနဲ့
ပြုစားခံလူတွေရဲ့ကြား
ငါဆိုတဲ့လူတစ်ယောက်
ခရီးဆုံးထိရောက်ပါ့မလား။

AddThis Social Bookmark Button


6 comments: to “ မှော်ရုံလမ်းမှ ဖြတ်သန်းခြင်း

  • Layma
    October 14, 2007 at 2:29 AM  

    မှော်ရုံလမ်းမှာကဝေကြောက်ရင် မမလေး..အဖော်လိုက်မယ်လေ...

  • hnin
    October 14, 2007 at 2:54 AM  

    မမလေးရယ်... မမလေးကို ဆွဲမထည့်ရက်ပါဘူး။ သိုးလေးက တကယ်တော့ ခရီးဆုံးထိ မရောက်ရင်တောင် လမ်းတစ်လျှောက်မှာတော့ ဘယ်သူ့ကိုမှ မထိခိုက် မနစ်နာစေဘဲ ကိုယ်လုပ်ချင်ရာ လုပ်ရရင် ကျေနပ်နေမယ့်သူပါ။

  • မျှားပြာ
    October 14, 2007 at 6:49 AM  

    လုပ်ချင်ရာ လုပ်မယ်ဆိုရင်တော့ အားပေးတယ်ဝေ့
    လုပ်သာလုပ် နာပါ ပါမယ် ........
    ကဝေတွေကို မြင်ဘူးချင်လို့

  • (တေးမွန်)
    October 17, 2007 at 8:16 AM  

    ကဝေလား.. မြင်ဖူးတယ်.. ဒါပေမယ့်.. အမတွေပဲ မြင်တာ..:P လုပ်ချင်ရာ လုပ်ဖို့ ကတော့ ဘာမှ တွေးမနေ လုပ်တာလုပ် :P.. လာလည်တယ်.. နင့် စီပုံးက စာကို ကောင်းကောင်းမမြင်ရလို့  ဒီမှာပဲေ၇းတွားတယ်.. ဘလောခ်လောကကြီးက မကျယ်သေးပါဘူးလေ.. လာလည်ဖြစ်ဦးမှာပါ။ နင် ရယ် မအလေးမရယ် မပုံရိတ်ရယ်.အမြဲလို လို သွားလည်ဖြစ်တယ်


    နတ်ဆိုး

  • hnin
    October 19, 2007 at 5:00 AM  

    ကျှိုားပြာက ကဝေမြင်ဖူးချင်လို့တဲ့... ကိုနတ်ဆိုး ပြလိုက်လေ။ သိုးလေးကတော့ မကြည့်ချင်တော့ဘူး။ ဆီဗုံးက အရောင်က သိုးလေးက ပြောင်းမယ်ပြောင်းမယ်နဲ့။ အောက်ခံပုံပါ ပြောင်းပစ်မယ်။ တော်ပြီ သိသုးမလုပ်တော့ဘူး၊ လူပဲပြန်လုပ်တော့မယ်နာ်။ ကောင်းတယ်ဟုတ်။

  • hnin
    October 19, 2007 at 5:04 AM  

    ဟဲဟဲ ကိုမျှားပြာက စာလုံးပေါင်းမှားသွားတော့ ဘယ်လိုဖ်ြသွားတယ် မသိ...

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster