ကယောင်ကတမ်းရေရွတ်မိသော ညများ  

February 21, 2008

ကယောင်ကတမ်းရေရွတ်မိသော ညများ

ညမုဆိုးထံကို တစ်စတစ်စ တိုးဝင်လာတဲ့အမှောင်ဟာ
သားကောင်ဖြစ်မှန်းမသိ ဖြစ်ခဲ့ပေါ့
သြော်... အရုဏ်ရောက်တော့မှာပ
ကုန်လွယ်လှချည့် ညရေ
သံသရာဆိုတာ ရှိနေသရွေ့
ကိုယ်ကိုယ်တိုင်ပဲ
စိုက်ပျိုးလိုက် ရိတ်သိမ်းလိုက်
ပြန်တူးဆွလိုက် မြေမြှုပ်ပစ်လိုက်နဲ့
ရင်ခုန်သံတွေ ရှင်သန်ဖို့ ရင်ခုန်သံတွေ စားသုံးရင်းနဲ့။

ကယောင်ကတမ်းပဲ ဟင်းလင်းရင်ခွင်ကို စမ်းမိတယ်
ရည်ညွှန်းရာအတည်တကျမရှိပါဘဲ နာကျင်နေလိုက်တာ
အေးချမ်းတယ် အပြစ်ကင်းတယ် ဆိုတဲ့ အရိပ်လက်ခဏာ
သမီးမျက်နှာမှာ ရှာတွေ့သေးရဲ့လား အဖေ
ဟုတ်ပါရဲ့... သမီး မပြုံးဖြစ်တာ ကြာခဲ့ပြီပဲ
စကားခွန်းဆို မရှိပါဘဲနဲ့တောင်
အပြစ်ရှာချင်ကြတဲ့ လူတွေကြားမှာ
သမီး နှုတ်ဆိတ်နေတာ မှားလား။

အားပေးချွေးသိပ်လှည့်ပါဦး အဖေ
လွတ်မြောက်ခွင့်ပေးထားပါရက်နဲ့
မစွန့်ခွာခဲ့တဲ့ အဲဒီလက်အစုံရယ်
အဖေမျှော်လင့်ခဲ့တဲ့ပုံရိပ်တစ်ခုကို အသက်သွင်းရင်း
အေးစက်သထက် အေးစက်သွားတဲ့
သမီးရဲ့ နှလုံးသားတစ်ခုရယ်
ဘာပဲဖြစ်ဖြစ် အဖေလာရင်တော့ သမီးပြုံးနိုင်မယ်ထင်ရဲ့
ဒီည အိပ်မက်ထဲမှာ အဖေရှိနေပေးပါနော်။

AddThis Social Bookmark Button


7 comments: to “ ကယောင်ကတမ်းရေရွတ်မိသော ညများ

  • မျှားပြာ
    February 21, 2008 at 10:20 AM  

    သိုးလေးရေ ကဗျာလေးတွေ တအားကောင်းတယ် ...
    ခံစားချက်တွေ များနေတယ်ထင်တယ်
    အဆင်ပြေပါစေ ...။

  • ကျော်လင်းထွန်း
    February 21, 2008 at 1:39 PM  

    ကောင်းတယ်ဗျို့  နောက်ထက်လည်းအဖေနဲ့ ပတ်သတ် တာလေးတွေတင်ပေးပါအုံး နာမည်းကတာ သိုးလေးတဲ့ ကဗျာတွေက စွန်ရဲ တကောင်လိုပါပဲဗျာ နောက်လည်း လာအားပေးပါမယ်.............................................

  • မင်းကျန်စစ်။
    February 27, 2008 at 3:38 AM  

    အဖေကို ချစ်တဲ့ သမီးတစ်ယောက်ရဲ့ ခံစားချက်ကို မြင်သွားမိတယ်ဗျာ။ ကဗျာလေးက ခံစားချက်လေးကို မြင်သာပါတယ်။ အားပေးနေလျှက်ပါ။

  • Dr. Yi Yi Win
    March 4, 2008 at 6:53 AM  

    “စကားခွန်းဆို မရှိပါဘဲနဲ့တောင်
    အပြစ်ရှာချင်ကြတဲ့ လူတွေကြားမှာ
    သမီး နှုတ်ဆိတ်နေတာ မှားလား။” တဲ့ ဟုတ်တယ်ညီမလေး။
    မမှားပါဘူး။ အပြစ်ရှာချင်တဲ့သူကတော့နှုတ်ဆိတ်နေလဲ“အနေတာ”
    လို့ ပြောချင်ပြောဦးမှာပဲလေ။ လစ်လျှူရှုနိုင်ရင်တော့ကောင်းရဲ့။
    ပျော်ရွှင်ပါစေညီမလေးရေ…..

  • Unknown
    March 9, 2008 at 4:17 AM  

    ကဗျာတွေ လတ်ဆတ်နေတုန်းပါလား..။

  • Emily
    March 20, 2008 at 12:30 PM  

    ဒီကဗျာလေးကို အရမ်းကြိုက်တယ်ဗျာ။ အရေးအဖွဲ့ရော စကားလုံးအားရော အရမ်းကောင်းပါတယ်။ လေးစားပါတယ် သိုးလေးရေ။ နောက်ထပ်လဲ အများကြီးရေးနိုင်ပါစေ။

  • Anonymous
    March 21, 2008 at 10:33 AM  

    Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Webcam, I hope you enjoy. The address is http://webcam-brasil.blogspot.com. A hug.

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster