April 28, 2007
The secret of living is to do what you can, with what you have, where you are.
(Theodore Rosevelt)
အသက်ရှင်ခြင်းရဲ့ လျှို့ဝှက်ချက်က မိမိရောက်နေတဲ့နေရာမှာ မိမိရှိတဲ့အင်အားနဲ့ လုပ်နိုင်သမျှအလုပ်တွေကို လုပ်နေခြင်းဖြစ်ပါတယ်။
The secret of living is to do what you can, with what you have, where you are.
(Theodore Rosevelt)
အသက်ရှင်ခြင်းရဲ့ လျှို့ဝှက်ချက်က မိမိရောက်နေတဲ့နေရာမှာ မိမိရှိတဲ့အင်အားနဲ့ လုပ်နိုင်သမျှအလုပ်တွေကို လုပ်နေခြင်းဖြစ်ပါတယ်။
by hnin | 0 comments
အခု စာကတော့ အောက်ကစာရဲ့ အဆက်ပေါ့။ ဟီးဟီး တစ်မျိုးကြီးပဲနော်။ ပထမတစ်ခါ လုပ်တုန်းက con မကောင်းတာနဲ့ တစ်ဝက်တစ်ပျက်ဖြစ်သွားတာ၊ ပြန်လည်း လုပ်လို့မရဘူးလေ။ cyber ကိုလည်း ဒီနေ့မှ ရောက်ဖြစ်လို့ အခုမှ ပထမရဲ့ အဆက်ကို ရေးလိုက်ရတယ်။ ဟဲဟဲဟဲ...
ပထမတုန်းကဆို ရိုးရိုး music ရော၊ video music ရောက one page မှာပဲဆိုတော့ blog ဖွင့်လိုက်တာနဲ့ နှစ်ခုစလုံး သံပြိုင်ဟစ်ကြွေးပြီ။ ကိုယ့်ဘာသာကိုယ်တောင် နားမခံနိုင်ဘူး။ နားဒုက်ခ ဆင်နေရသလိုပဲ။ ပထမဦးဆုံးသွင်းတဲ့ song ကိုတော့ ကြိုက်လို့ မဖျက်လိုက်တော့ဘူး။ ကိုယ်သိတဲ့ blog ဆိုရင်တော့ အကုန်ဖွင့်ကြည့်တယ်။ ကိုမောင်လှဆိုရင်လည်း အရမ်းအားကျဖို့ ကောင်းတယ်။ ကိုမောင်လှကိုအားကျလို့ ဟိုစမ်းဒီစမ်းနဲ့ calendar တွေ၊ clock တွေ blog ပေါ် တင်လို့ရတဲ့နေ့ကဆို တအားဝမ်းသာတာ။ ကိုယ့်ဘာကိုယ် လျှောက်စမ်းရင်းနဲ့ ရတာဆိုတော့လေ။ ဒါပေမဲ့ သိုးမလေးက ငတုံးမလေးပါ။ နောက်နေ့ကျတော့ ပြန်မ၀င်တတ်တော့ဘူး။ အခုထိပဲ။ calendar က မြန်မာအချိန်နဲ့ဆို မှားနေတယ်လေ။ အခုထိ 27 ရက်က မပြောင်းသေးဘူး။ သိလား။ အဲဒါ အခုထိ ပြန်ပြင်နိုင်ဖို့ ကြိုးစားနေတုန်းပဲ။ ကူညီကြပါဦး သိုးလေးကို။ သိုးလေး မသိတာတွေ ပြောရရင် တစ်ထောင့်တစ်ညပုံပြင်တောင် ထိုင်ငိုသွားမှာစိုးလို့ အခုတော့ ဒီလောက်နဲ့ပဲ တော်ပါပြီ။ အားလုံးအားလုံး အသစ်အသစ်သော အသစ်များ ရှာဖွေတွေ့ရှိ စမ်းသပ်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း သိုးမလေးကတော့ ဆက်လက်ကြိုးစားနေပါမယ်လို့...
by hnin | 0 comments
စိတ်ကူးနဲ့ တိုက်ဆောက်နေတဲ့လူလိုပဲ... အတွေးစိတ်ကူးတွေနဲ့ပဲ ဘာကြီးဖြစ်ချင်တယ်၊ ဘာတွေလုပ်ချင်တယ်ဆိုတဲ့ အတွေးတွေနဲ့ပဲ ပီတိတွေဖြစ်လို့...
အခုလည်းလေ ခပ်တည်တည်နဲ့ calendar နဲ့ clock ကို blog မှာ link လုပ်လို့ရတာ ၀မ်းတွေသာလို့။ အခု calendar က myanmar time နဲ့ဆို မှားနေတယ်လေ။ ပြန်ပြင်ချင်တာဘယ်လိုမှကို မ၀င်တတ်တော့ဘူးဖြစ်နေတယ်။ စမ်းသပ်တာက တစ်ဝက်ပဲရတယ်။ ဟီးဟီး... စက်ပစ္စည်းတွေလုပ်သလိုပေါ့။ အဖြုတ်ပဲရတယ်.. အတပ်မရဘူးလေ။ အဲလိုပဲ သိလား... ၀ါသနာက ကြီးတော့ ဟိုဟာ
ဒီဟာ အကုန်လျှောက်စမ်းသပ်ကြည့်တာပေါ့။ professional မဟုတ်၊ learner ဆိုတော့လည်း သူမျာသိပြီးသားတွေတောင် ကိုယ့်မှာ အခုမှ စမ်းသပ်ရုံအဆင့်ပဲ ဖြစ်နေတယ်။ ဒါပေမဲ့... အားမငယ်ပါဘူး။ မသိရင် မေး၊ မစင်ရင် ဆေးတဲ့။ စကားပုံတောင် ရှိသေးတာပဲ။ ခက်တာက ဘယ်သူ့ကို မေးရမှန်းကို မသိ ဖြစ်နေတာလေ။ လူမှုဆက်ဆံရေးက အရမ်းကောင်းတော့ အပေါင်းအသင်းက အရမ်းပေါ... ဟဲဟဲ မိတ်ဆွေသူငယ်ချင်းဆိုတာ လက်ချိုးရေရင် လက်နှစ်ဖက်တောင် ပြည့်အောင် ချိုးလိုက်ရမှာမဟုတ်ဘူး။ video music ကိုလည်း အစက မထည့်တတ်ဘူး။ ဟိုတလောကမှ ဟိုကြည့်သည်ကြည့်နဲ့ song 2 play မှာ တွေ့လို့ ထည့်လိုက်တာ ထည့်လို့ ရသွားတယ်။ အဲဒါနဲ့ ၀မ်းသာအားရ ၃၊ ၄ ပုဒ်လောက် ထည့်လိုက်တာ များသွားလို့လား၊ connection ပဲ မကောင်းလို့လား မသိဘူး နောက်နေ့ ပြန်ဖွင့်တော့ တော်တော်နဲ့ကို မပွင့်ဘူး။ အဲဒါနဲ့ပဲ အခု ပြန်ဖြုတ်ထားလိုက်ရတယ်။ ဘာလို့လဲမသိဘူး ရိုးရိုး music ရော video music ရော ထည့်ထားတာ နှစ်ခုစလုံး auto play တွေပဲ ဖြစ်နေတယ်။ coding ကို copy ကူးတဲ့အချိန်မှာ play ဖြစ်နေလို့လားလို့ အသစ်ပြန်သွင်းတော့လည်း auto play ပဲ ၀င်တယ်။ blog ကို ဖွင့်လိုက်တာနဲ့ ကြားချင်ချင် မကြားချင်ချင် နားဆင်ပါရှင်ပေါ့။
by hnin | 0 comments
သင်္ကြန်နဲ့ ပိတ်တောက် ခွဲခြားလို့မရဘူးတဲ့...
ပိတောက်ကို ရှူရှိုက်လိုက်မိတာနဲ့ သင်္ကြန်ရဲ့ ရနံ့တွေကို ရတာပဲလေ...
ပိတောက်ပန်းကို ကိုယ်ကိုယ်တိုင် ပန်ဆင်တာမကြိုက်ပေမဲ့
သူများပန်တာကြည့်ပြီး ကြည်နူးမိတတ်တယ်။
ကျွန်မလိုပဲ ပန်ဆင်တာမကြိုက်တဲ့သူတွေ အားပါးတရ ရှူရှိုက်
ကြိုက်တဲ့သူတွေ စိတ်ရှိတိုင်း ပန်ဆင်နိုင်ဖို့
အားလုံးအတွက်
ပိတောက်လက်ဆောင်
by hnin | 0 comments
၂၀၀၇ ခုနှစ် ဧပြီလ ၁၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃၆၉ ခု၊ နှောင်းတန်ခူးလဆုတ် ၁၃ ရက်၊ စနေနေ့၊ မြန်မာစံတော်ချိန် ညနေ ၂ နာရီ ၅၀ မိနစ် ၂၃ စက္ကန့်တွင် နှစ်သစ်တစ်နှစ်ကို စတင်ပါပြီ။
သတင်းကြေညာနေတာမဟုတ်ဘူးနော်...
အသက်လည်း တစ်နှစ်ကြီးသွားပြီလို့...
ဒီအချိန်မှာ ကိုယ်ဘာတွေလုပ်ခဲ့တယ်ဆိုတာ ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားကြည့်မိတယ်။ ကောင်းတာတွေရော မကောင်းတာတွေရောပေါ့...
တစ်ခါတစ်ခါကျတော့လည်း သြော်... ငါ အသက်သာ တစ်နှစ်ကြီးသွားပြီ၊ အခုထိ ဘာမှမဟုတ်သေးပါလားလို့လည်း တွေးမိတဲ့အခါ တွေးမိရဲ့...
ဒါပေမဲ့ တစ်ခုတော့ရှိတယ်...
(ဘယ်ကိုရောက်ရောက်... ဘာပဲလုပ်ဦး...
အဖြူစင်ဆုံး ကိုယ် စိတ် နှလုံးနဲ့
အပြုဲံးပွင့်သီ မနသီချိုမြ
လူပီသရင် သင်သာလျှင်အမြတ်ဆုံး...)
ဆိုတဲ့ တွေးချင့်စရာ ကဗျာလေးထဲကလိုပဲ
အခုအချိန်အထိ ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေအပေါ်မှာ အဖြူစင်ဆုံး ကိုယ် စိတ် နှလုံး ထားခဲ့တဲ့အတွက် လိပ်ပြာသန့်စွာ နေနိုင်တယ်လေ။
လူတချို့တွေ့ဖူးတယ်။ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့အတွက် သူများကို နင်း လိုက်ရဖို့လည်း ၀န်မလေးတဲ့ လူမျိုးပေါ့။ တကယ်လို့ သူသာ အောင်မြင်ကြီးပွားသွားပါပြီတဲ့... သူ့ကိုယ်သူ လိပ်ပြာသန့်ရဲ့လားလို့... သူ နင်း လိုက်တဲ့ လူနဲ့ မျက်နှာချင်းဆိုင် တွေ့တဲ့အခါမှာရော သူ့ဘက်က လိပ်ပြာသန့်စွာ ရင်ဆိုင်ရဲပါ့မလားလို့...
ပြောချင်တာတွေ လျှောက်ပြောနေတာနဲ့ နှစ်သစ်ကူးပွဲလေးတောင် ဘယ်ရောက်...
သြော်... နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းတော့မယ့်အချိန်မှာ ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှုတွေရှိခဲ့ရင် လိပ်ပြာမသန့်စေတဲ့အလုပ်မျိုး လုပ်ခဲ့မိရင် အတာရေနဲ့ ဆေးကြောပြီး အတွေးသစ်၊ စိတ်သစ်နဲ့ အဖြူစင်ဆုံး ကိုယ် စိတ် နှလုံး ထားလို့ နှစ်သစ်မှသည် ဘ၀တစ်သက်တာ လျှောက်လှမ်းကြပါစို့လို့...
by hnin | 1 comments
My emotion
ကျွန်မ အကြိုက်နှစ်သက်ဆုံးအရာလို့ မေးရင် ကွန်ပျူတာလို့ ဖြေမှာပဲ။
ကျွန်မရဲ့ဝါသနာဆိုရင်တော့ ကွန်ပျူတာရှေ့မှာထိုင်ပြီး အလုပ်လုပ်နေရတာပဲပေါ့။
ပုံလေးတွေကို ကိုယ်တိုင်ဖန်တီး၊ လှုပ်ရှားမှုလေးတွေထည့်၊ လေးတွေ ထည့် စသဖြင့်ပေါ့...
ပြီးရင် ကိုယ့်ရဲ့ blog မှာ ကိုယ်တိုင်ဖန်တီးထားတာလေးတွေကို ထည့်ပြီး တစိမ့်စိမ့်ကြည့်ရင်း ကြည်နူးချင်တာ။
ဒါပေမဲ့ အဲဒီလိုဖြစ်ဖို့၊ လုပ်နိုင်ဖို့ဆိုတာ အဝေးကြီး လိုသေးတယ်။
flash, script, html, coding ... စသဖြင့်ပေါ့ အဲဒါတွေကို နှိုက်နှိုက်ချွတ်ချွတ်သိမှ ကိုယ်တိုင်ဖန်တီး၊ သွင်းယူလို့ ရမှာကိုး။
အခုလောလောဆယ်မှာ ကျွန်မသိတာက photoshop ပဲ ရှိတယ်လေ။
ကျွန်မလုပ်ချင်တာတွေ လုပ်နိုင်ဖို့ အချိန်နဲ့ ငွေကြေးဟာ အဓိကလိုအပ်ချက်ပဲ။
ကျွန်မရဲ့အဓိကလိုအပ်ချက်ဟာ ကျွန်မရဲ့ အဓိကအားနည်းချက်ပဲ ဖြစ်နေတယ်လေ။
လက်ရှိအလုပ်လုပ်နေတဲ့ ကျွန်မအတွက် အချိန်ဟာလည်း တကယ့်ကို ရှားပါးပါတယ်။
photoshop ကိုကျွန်မသိတယ်ဆိုတာကလည်း လက်ရှိ အလုပ်မှာ သုံးနေရတဲ့အတွက်၊ ပြီးတော့ ကျွန်မကိုယ်တိုင်က စိတ်ဝင်စားတဲ့အတွက်ကြောင့်ပါ။
အခုဆို ကျွန်မ flash ကို အရမ်းစိတ်ဝင်စားတဲ့အတွက် အလုပ်ကပြန် အိမ်ရောက်တာနဲ့ စာအုပ်ကိုင်ပြီး လေ့လာနေပါတယ်။
ဒါပေမဲ့ သင်တန်းတက်တာနဲ့တော့ အများကြီးကွာတာပေါ့။
သင်ပေးမယ့်လူမရှိတဲ့အတွက် ဟိုဟာလိုလို ဒီဟာလိုလိုနဲ့ပါ။
အချိန်အရမ်းကြာမယ်လို့ ထင်ပါတယ်။
ဒါပေမဲ့ ဘာမှမလုပ်ရင် ဘာမှမဖြစ်ဘူးလေ။
ဒီလိုပဲ မဖြစ်ဖြစ်အောင် လေ့လာသင်ယူရမှာပဲ။
အချိန်ကြာရင်လည်း မတတ်နိုင်ဘူးပေါ့။
ဒါကြောင့်မို့ ကျွန်မရဲ့ emotion ကို ဖတ်မိတဲ့သူတွေထဲမှာ ကျွန်မလိုပဲ flash တွေ၊ script တွေ၊ html တွေ၊ coding ရေးတာတွေကို စိတ်ဝင်စားတဲ့သူများပါရှိခဲ့ရင်၊ တစ်ဖက်တစ်လမ်းက ကူညီနုင်မယ်ဆိုရင် ကျွန်မကို အကြံညာဏ်များ ပေးပါလို့...
ကျွန်မရဲ့ မေးလ်ကို သိတယ်ဟုတ်၊ thoemalay လေ။ အားလုံးအတွက် ပျော်ရွှင်မှုတွေ ပေးချင်တဲ့ သိုးမလေးပေါ့....
အခုတော့ ဒီ emotion ကို ဖတ်မိပြီး စိတ်ညစ်သွားပြီလား... မညစ်ပါနဲ့
လူတိုင်းလူတိုင်း လှုပ်ရှား ကြိုးစားနေကြတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အားမငယ်ပါဘူး။
ဆက်လက်ကြိုးစားနေမှာပါလို့...
by hnin | 1 comments
Through the sadness of all things
I hear the crooning of the Eternal Mother.
အရာခပ်သိမ်းတို့၏ ကြေကွဲဝမ်းနည်းမှုများကြားတွင်
ထာဝရမိခင်၏ တေးဆိုညည်းသံကို ကျွန်ုပ် ကြားရ၏။
I am a child in the dark.
I stretch my hands through
the coverlet of night for thee, Mother.
ကျွန်ုပ်သည် အမှောင်တွင်းမှ
ကလေးငယ်တစ်ဦး ဖြစ်ပါ၏။
ညလွှာရုံကြားထဲမှ
ကျွန်ုပ်၏လက်များကို
မိခင်ထံ ဆန့်တန်းမိပါသည်... မေမေ။
The day of work is done.
Hide my face n your arms, Mother.
Let me dream.
တစ်နေ့တာအလုပ် ပြီးဆုံးခဲ့ပြီ။
မိခင်ရင်ခွင်တွင် ကျွန်ုပ် မျက်နှာအပ်ကာ
အိပ်မက်တွေ မက်ပါရစေ မေမေ။
The Lamp of meeting burns long; it
goes out in a moment at the parting.
တွေ့ဆုံခြင်းမီးအိမ် ကြာရှည်စွာ တောက်လောင်ခဲ့ကြ။
ခွဲခွာချိန်ထိုခဏ ငြိးသေခဲ့ရ။
Let the dead have the immortality
of fame, but the living the immortality of love.
ကွယ်လွန်ပြီးသူအတွက်
မသေပျောက်နိုင်သော
ကျော်ကြားမှု ရှိပါစေ။
သို့သော်...
အသက်ရှင်ကျန်သေူအတွက်မူ
မသေဆုံးနိုင်သော
ချစ်ခြင်းမေတåာ ရှိပါစေ။ ။
by hnin | 0 comments
by hnin | 0 comments
© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster