April 04, 2007
ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ရန်
- ယုံကြည်မှုအခက်အခဲ
- ငွေကြေးအခက်အခဲ
- လုပ်ဆောင်ချက်အခက်အခဲ
- စည်းလုံးညီညွှတ်မှုအခက်အခဲ စသည့် အခက်အခဲများကို မဖြစ်မနေ ကျော်လွှားရစမြဲပင်ဖြစ်၏။
ချမ်းသာလိုလျှင် အောင့်ခံရမည်။
စိုက်ပျိုးရေးလုပ်သူအတွက် အသီးအပွင့်တွေ မသုံးစား၊ ကုန်ကူးသူအတွက် အမြတ်ငွေ မရမချင်း၊ ကျောက်တူးသမားအတွက် ကျောက်မအောင်မချင်း၊ ကျောင်းသားအတွက် ပညာကုန် မရမချင်း၊ စီးပွားရေးသမားအတွက် ဘ၀ မြင့်မားမလာမချင်း မယိမ်းမယိုင် စိတ်ဓာတ်ခိုင်ခိုင်ဖြင့် အခက်အခဲ များစွာတို့ကို အောင့်ခံကြရမည်။ သို့မှသာ အောင်မြင်ကြီးပွား ချမ်းသာနိုင်သည်။

0 comments: to “ ”
Post a Comment