May 29, 2007

ကျွန်တော့်ကို ကူညီကြပါဦး... ဘာမှလည်း မမြင်ရ... ဘာမှလည်း မပေါ်... ဘယ်လိုလုပ်ရမလဲ....

font ကို ဘယ်လိုယူရမလဲတောင် မသိတော့ဘူး။ မနေ့ကလည်း 4 နာရီလောက် အချိန်ဖြုန်းလိုက်တာတောင် ဘလော့ဂ်က ဘယ်လိုမှကို မရဘူးဖြစ်နေတယ် အရမ်းကိုပဲ စိတ်တွေဂှုပ်လာပြီ။

AddThis Social Bookmark Button


May 26, 2007

မိမိကိုယ်မိမိ မသိတတ်ခြင်း

မနေ့က ကိုရန်နဲ့ online မှာတွေ့တော့ ထပ်သုံးပြန်ပြီလားတဲ့။ ပထမတစ်ကြိမ်တုံးက ကိုရန် ပြောဖူးတယ်။ Zawgyi-one font သုံးဖို့လေ။ အိမ်မှာ အင်တာနက်မရှိတော့ ဆိုင်ဘာမှာ လာသုံးရတာကြောင့် ဆိုင်ဘာမှာတင်ထားတဲ့ font ပဲ သုံးဖြစတယ်။ ဒါပေမဲ့ သူတို့ လုပ်ထားတာလည်း Zawgyi-one font ပါပဲ။ ဘယ်လိုက ဘယ်လို win kalaw ဖြစ်သွားတယ် မသိဘူး။ အရင်တုန်းကတော့ ကိုမောင်လှရဲ့ ဘလော့ဂ်ကနေ လုပ်ပြီး ကိုယ့်ဘလော့ဂ်ကို ကော်ပီကူးပြီး ထည့်တယ်လေ။ နောက်ပိုင်း ဆိုင်မှာ install လုပ်ပေးထားတော့ အဲဒီကနေပဲ အလွယ်ယူသုံးလိုက်တာပေါ့။ တကယ်ကို နားမလည်ဘူး။ ကိုရန်ပြောတဲ့ win kalaw ဆိုတာ ဘယ်ဟာကို ရည်ညွှန်းပြီး ပြောမှန်းလဲမသိဘူး။ အခုမှပဲ ကိုယ့်အဖြစ်ကိုယ် တွေးမိတော့တယ်။ ကိုယ်စီးတဲ့ မြင်း အထီးလား အစ်မလား ဆိုတာ မသိသလိုပေါ့ ကိုယ်သုံးတဲ့ ဘာမှန်းကို မသိဘူး။ ကိုရန်ရေ... ရှင်းပြပါဦး။ ကိုရန် ခွဲမှ ကွဲမှ မို့ပါ ( font )... ရှိသေးတယ်... ရှိသေးတယ်... သူများဆီလာလည်ရင်လည်း အမောပြေ ဆီတစ်ခွက်လောက်တော့ တိုက်သွားသင့်တာပေါ့လို့... ဟင့်... ရွှတ်... ဘတ်

AddThis Social Bookmark Button


အဇ္ဈတ္တမှ လွတ်မြောက်ခြင်း

ညက
ငါ...
ဗလာကျင်း ဟင်းလင်းပြင်ထဲ ရောက်သွားတယ်။
အဲဒီမှာ
မိသားစုမရှိ
သူငယ်ချင်းမရှိ
သတ္တ၀ါမရှိ
မုန့်ဟင်းခါးဆိုင်မရှိ
လက်ဖက်ရည်ဆိုင်မရှိ
mp4 မရှိ
Internet မရှိ
Laptop မရှိ
အရာအားလုံး ဆိတ်သုဉ်းနေတဲ့
တကယ့် ဗလာကျင်း ဟင်းလင်းပြင်...

တစ်ခါတစ်ရံ စဉ်းစားဖူးတဲ့ အတွေး
အရာအားလုံးရဲ့အဝေး
ဘာမှမရှိတဲ့တစ်နေရာ
ဘယ်သူမှမသိတဲ့တစ်နေရာ
အဲဒီလိုနေရာလေးမှာ
တစ်ယောက်တည်း
တိတ်တိတ်ကလေး
နေချင်တယ်ဆိုတဲ့ အတွေး...

ညက
ငါ...
ဗလာကျင်းဟင်းလင်းပြင်ထဲမှာ
ထောင်ပေါင်းများစွာသော အတွေးတွေကို ဖြန့်ကျက်လို့...

(အဇ္စတ္တမှ လွတ်မြောက်ခြင်း ဆိုတဲ့ ခေါင်းစဉ်ကို စိတ်ကူးထဲပေါ်လာလို့ သုံးလိုက်တာပါ။ တစ်စုံတစ်ယောက်က အရင်သုံးစွဲထားခဲ့တယ်ဆိုရင်လည်း စိတ်မရှိပါနဲ့လို့...)

AddThis Social Bookmark Button


May 21, 2007

ကိုယ်ပေါင်ကိုယ်လှန်ထောင်းခြင်း
ဟဲဟဲ... အပြောမတတ်ရင် ဆဲသလို .... .... ... အနောက်မှာ အဆက်တော့ရှိသေးတယ်နော် ... မသိတော့ဘူး။ အဲဒါ... အဲဒါ... ပေါ့... ဒါပေမဲ့ သိုးမလေးရဲ့ အပြောမတတ်တာကတော့ ရယ်စရာပါရှင့်။ ပြောပြမယ်နော်။ သူငယ်ချင်းတို့ မျက်စိစွံဖူးလား... သိုးမလေးတော့ ဟိုတလောက မျက်စိစွံလိုက်သေးတယ်။ ဒါပေမဲ့ အဲဒီလို မျက်စိစွံတယ်လို့ပြောရင်မကြိုက်ဘူးသိလား။ အဲလိုမျိုးပြောလာရင် မဟုတ်ဘူး အဲဒါ အပူဖု ဆိုပြီးတော့ ချက်ချင်းချေပလိုက်တာပေါ့။ ဦးလေးလုပ်တဲ့သူက ကောင်းမိကောင်းရက်နဲ့တော့ မန်းပေးပါရဲ့ စေတနာနဲ့။ နောက်နေ့ သက်သာလားမေးတော့ အဖုက နည်းနည်းထွားလာတယ်လို့ ပြောလိုက်တာပေါ့။ အဲဒါကို ၀ိုင်းရယ်ကြတယ်သိလား အဲလိုမပြောရဘူးတဲ့ အဖုဆိုတာမျိုးက နည်းနည်းကြီးလာတယ်လို့ပြောရတယ်တဲ့။ သိမှသိပဲလို့...
..............................
..............................
မေ့တတ်တာလည်း နှစ်ယောက်မရှိဘူး။ ထမင်းချိုင့်ဆိုတာ ရောက်လေရာနေရာတိုင်းမှာ မေ့ကျန်တာပဲလေ ဟိုတလောက ဘတ်စ်ကားစီးတော့ ကားပေါ်မှာ နေရာကမရတော့ ရှေ့က ဦးလေးက ထမင်းချိုင့်နဲ့ အိတ်နဲ့ကိုင်ပေးတယ်လေ။ ဟဲဟဲ... ခပ်တည်တည်နဲ့ ပေးပြီးတော့ မှတ်တိုင်လည်းရောက်ရော ခပ်တည်တည်ပဲ ဆင်းလိုက်တာပေါ့။ ကိုယ့်ပစ္စည်းတော့ သတိမရဘူးလေ။ အောက်ရောက်မှ သတိရတော့ ကားပေါ်ပြန်တက်လို့လည်း မရတော့ဘူး။ အဲဒါနဲ့ ကားအောက်ကနေပဲ ပတ်ပြီး ခုနက လူကြီးနား သွား၊ ဦးလေး သမီးထမင်းချိုင့်၊ ဦးလေး သမီးထမင်းချိုင့်နဲ့ သွားအော်တာပေါ့။ အဲဒီဦးလေးကြီးကလည်း ကြောင်ပြီးကြည့်နေတယ်။ စိတ်ထဲမှာတော့ ကားထွက်တော့မယ်၊ ဒီဦးလေးက အူကြောင်ကြောင်နဲ့ တူတယ်ပေါ့။ တကယ်တော့ ကိုယ်ကိုယ်တိုင်က အူကြောင်ကြောင်သိလား။ လူမှားပြီးတောင်းနေတာရှင့်။ ခဏနေမှ ဘေးက ဦးလေးကြီးက သြော် သမီး ရော့ရော့ သမီးထမင်းချိုင့်နဲ့ အိတ်ဆိုပြီး ပေးတော့မှ ငါ လူမှားတောင်းနေတာပါလားလို့ သိရတယ်။ ကားပေါ်က လူတွေအကုန်လုံးက ၀ိုင်းရယ်ကြလို့။ ရှက်လိုက်တာ မျက်နှာကို မည်းလို့... ဟုတ်ပါဘူး... ရဲလို့... တချိုးတည်း သုတ်ခြေတင်လျှောက်လိုက်တာ ရှေ့က လာတဲ့ဆိုက်ကား မတိုက်မိတာ ကံကောင်း... မေ့ပုံများတော့ မပြောချင်ပေါင်...
ရှိသေးတယ် ရှိသေးတယ်... နောက်နေ့မှ
ဆက်ရန်...
မကြာမီ လာမည်... ညှော်... အဲ ဟုတ်ပေါင်... မျှော်...

AddThis Social Bookmark Button


May 17, 2007

ဖေဖေ့သို့ လွမ်းချင်း

ပြီးခဲ့တဲ့ တနင်္ဂနွေနေက မထင်မှတ်ဘဲ တွံတေးကို သွားဖို့ အကြောင်းဖန်လာလို့ ညီအစ်မသုံးယောက် တွံတေးရောက်သွားရတယ်။ တွံတေးသွားဖို့ ရန်ကုန်ကနေ ဒလဘက်ကို သင်္ဘောစီးရတယ်လေ။ သင်္ဘောပေါ်ရောက်တော့ ဘယ်လိုကနေ ဘယ်လိုဖြစ်တယ်မသိဘူး၊ တော်တော်ကို စိတ်ထဲမှာ ၀မ်းပန်းတနည်းခံစားမိလိုက်တယ်။ ဒါ ဘာလဲဆိုတော့ ဖေဖေ့ကို သတိရလာလို့ပေါ့... မမတို့က မေးတယ်။ ဘာဖြစ်တာလဲတဲ့... ဖေဖေ့ကို အရမ်းသတိရတာပဲလို့ ဖြေလိုက်တော့ တဒင်္ဂ သူတို့မှာ နှုတ်ဆွံ့သွားတယ်။ အားလုံးရင်ထဲမှာ အတွေးကိုယ်စီ ဖြစ်သွားကြပြီပေါ့...
ဖေဖေက ကော့မှူးဇာတိလေ။ ဟိုးငယ်ငယ်တုန်းကဆို ၆ လ တစ်ခါလောက် ပုံမှန် ဖေဖေနဲ့အတူ ကော့မှူးကို လိုက်သွားဖြစ်တယ်။ သင်္ဘောစီးတိုင်း သင်္ဘောပေါ် လာရောင်းသမျှ မုန့်သည် အကုန်ခေါ်စားကြတာပဲ။ ဖေဖေနဲ့ အကြိုက်ချင်းတူတဲ့ ငုံးဥပြုတ်ကတော့ အမြဲမပြတ်ပဲပေါ့... သားသမီးတွေကို အရမ်းချစ်တတ်တဲ့ဖေဖေ... ငယ်ငယ်က သားသမီးတွေကို မေမေက ဆူရင် ရိုက်မှာစိုးရင် ဖေဖေက အရင် ရှေ့က ကြိုပြီး ငါရိုက်မယ်... ငါ့ကလေးတွေကို ငါရိုက်မယ်ဆိုပြီး အိမ်နောက်ဖေးမှာစိုက်ထားတဲ့ ဘူးပင်က ဘူးရိုးတွေ ယူပြီး ရိုက်တတ်တဲ့ ဖေဖေပေါ့... မေမေက ပြောရှာတယ်... ကိုမြင့်... ရှင့်ကလေးတွေ တော်တော်နာသွားဦးမယ် တဲ့...
ကျန်းမာရေးမကောင်းလို့ အလုပ်ကနေ အငြိမ်းစားယူပြီးတဲ့ ဖေဖေ... လေဖြန်းချင်သလိုဖြစ်နေလို့ လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့ ဖေဖေ... ၄၅ မိနစ် ကြာအောင် လမ်းလျှောက်ရတဲ့ ကျောင်းကို တစ်ယောက်တည်း လမ်းလျှောက်ပြီး လာကြိုခဲ့တဲ့ ဖေဖေ...
သူငယ်ချင်းတွေက ပြောတယ်
ဟိုမှာ နင့်ဖေဖေတဲ့...
ဖေဖေ ဘာလာလုပ်တာလဲ၊ လမ်းလည်း မလျှောက်နိုင်ဘဲနဲ့ ဆိုတော့
ဒီနေ့ သမီး ရီပို့ကဒ်ထွက်မယ့်နေ့လေ... အဲဒါကြောင့် ဖေဖေ လာကြိုတာ တဲ့...
ဟုတ်သားပဲ... ဟိုးငယ်ငယ် သူငယ်တန်းကတည်းက ရီပို့ကဒ်ထွက်မယ့်နေ့ဆို မုန့်စားဆင်းချိန်မှာ လာပြီး ရီပို့ကဒ် လာယူနေကျ ဖေဖေ့ကို မေ့မိတော့မလို့....
အလိုလိုနေရင်း ၀မ်းနည်းလာတဲ့စိတ်ကို ဖေဖေမမြင်အောင် ချိုပ်ထိန်းလိုက်ရတယ်... ဖေဖေလည်း သိချင်သိမှာပဲလေ...
အပြန်မှာ ဖေဖေ့ကို တွဲပြီး လျှောက်ရင်းနဲ့ ကြည်နူးတဲ့စိတ်ရော ၀မ်းနည်းတဲ့စိတ်ရော ပေါင်းလို့ပေါ့
ဖေဖေ့ကို သတိရတဲ့စိတ်... တမ်းတတဲ့စိတ်... ... ... ...
အရမ်းလွမ်းတယ် ဖေဖေရယ်... လို့...
သမီးအငယ်ဆုံးလေးမို့.... အများနဲ့မတူတဲ့ သမီးလေးမို့... အချစ်တွေပိုပြီး ချစ်ပြခဲ့တဲ့ ဖေဖေ
သင်္ဘောစီးရတဲ့ မိနစ်ပိုင်းလေးမှာ ဖေဖေ့ကို သတိရလိုက်မိတဲ့ ၀မ်းနည်းစိတ်တွေကြောင့် သမီး မပျော်နိုင်တော့ပါဘူး ဖေဖေရယ်...
ဒီသင်္ဘောကြီးကိုလည်း နောက်တစ်ခါ ဖေဖေမပါဘဲနဲ့ သမီး မစီးချင်တော့ပါဘူးလို့...
-----------------------------------------------------------
(ဖေဖေ ကွယ်လွန်တာ ဒီနေ့ဆိုရင် ရှစ်နှစ်နဲ့ ငါးလ တိတိ ပြည့်ပြီလေ...)
ဖေဖေ့အတွက် သမီးရဲ့ အမှတ်တရလေးပါ...

AddThis Social Bookmark Button


May 09, 2007

ကျန်းမာတော်မူကြပါစရှင်...
သိုးမလေးတော့ အများမျှော်လင့်ကြတဲ့အတိုင်း လေမဖြတ်ပါဘူးလို့ ၀မ်းသာစရာသတင်းကောင်း ပါးအပ်ပါတယ်။
ပြီးတော့ တကူးတက phone နဲ့ရော၊ fax နဲ့ရော၊ mail နဲ့ရော လှမ်းပြီး သတင်းမေးတဲ့ ဦးဦး khantlwinhtun ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။
ရာသီဥတုကတော့ ပုံမှန်ပြန်ဖြစ်လာပြီ။ ဒါပေမဲ့ သိုးမလေးတို့တော့ အလုပပုံမှန်ပြန်မလုပ်နိုင်သေးဘူးလေ။ ကွန်ပျူတာတွေက သင်္ကြန်မှာ ရေမဆော့ရတာ အခုမှရေကို တစ်ဝကြီးဆော့လိုက်ကြတော့ ဆိုင်ကို တန်းပို့လိုက်ရတော့တာပဲ။ service ပြင်တဲ့ ဆိုင်ကတော့ ပြောပါတယ်။ သေချာ အခြောက်ခံ၊ dryer နဲ့ သေချာမှုတ်ပြီးမှ run တာ ပိုအဆင်ပြေမယ်တဲ့။ မဟုတ်ရင် data တွေ ပြန်ရ မရ သေချာမပြောနိုင်ဘူးတဲ။ အဲဒီတော့ သိုးမလေးတို့က အလုပ်ကို ပုံမှန်သွား... တောက်တိုမယ်ရ လုပ်... ပုံမှန်ပြန်နဲ့ အလုပ်မည်မည်ရရ မရှိဘူးပေါ့လေ ဒီရက်ပိုင်းမြှ။ ဒါပေမဲ့ မနက်ဖြန်လောက်တော့ စက်တွေ ပြန်ရမယ်ထင်ပါတယ်။ သိုးမလေးတော့ ချောင်းဆိုးတာ ကျန်နေတယ်။ ရေနဲ့ နပန်းလုံးတာ ရေက နိုင်သွားတယ်လေ။ သိုးမလေးမှာ ချောင်းဆိုးတဲ့ဒဏ်ရာက ကျန်ခဲ့တာပေါ့။ အခုထိ မပျောက်သေးဘူး။ အအေးပတ်သွားလို့ဖြစ်တာတဲ့ မေမေကတော့ ပြောတာပဲ။
ဟာ... အခုမှသတိရတယ်။ မေမေက သေချာမှာလိုက်တာ... သမီး ဒီနေ့ စောစောပြန်ခဲ့နော်တဲ့။ ဆေးခန်းသွားပြဖို့လေ... ချောင်းဆိုးရတာ ကြာတော့ လည်ချောင်းတွေတောင် နာလာပြီ။ ရုံးက မမကလည်း ဘာပြောတယ်မှတ်လဲ...နှင်းနှင်း ချောင်းဆိုးတာ မျက်လုံးတောင် ပြူးလာသလိုပဲတဲ့...
မဖြစ်ချေဘူး မဖြစ်ချေဘူး... ဒီနေ့တော့ အိမ်ကို စောစောပြန်မှဖြစ်မယ်။ အားလုံးပဲ ခွင့်ပြုကြပါဦးနော်။
ဥော်...
သိုးမလေး ငယ်ငယ်က သိုးနေအောင် အိပ်နေတဲ့ပုံလေး ကြည့်ချင်လား... အောက်မှာ... ဟဲဟဲ... ဘိုင်ဘိုင်...

AddThis Social Bookmark Button


May 05, 2007

အားလုံး မင်္ဂလာပါ
သိုးမလေးတော့ ဒီနေ့ အအေးပတ်တော့မယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ သိုးမလေးတို့ အလုပ်တိုက်မှာ ရေကြီးလို့ မနက် 6 နာရီ ခွဲ ကတည်းက အခုအချိန်ထိ ရေထဲမှာပဲ ရေနဲ့ နပန်းသတ်နေရလို့လေ။ ရေတွေက ဒူးခေါင်းကျော်တယ်။ စစဦးဆုံးကပေါ့။ အခုတော့ တော်တော်ကျသွားပါပြီ။ ဒါတောင် မနက်ဖြန် အလုပ်မပိတ်ဘူး။ ရေနဲ့ ထပ်နပန်းသတ်ရဦးမှာလေ။ ဟဲဟဲဟဲ... အလုပ်က ကွန်ပျူတာတွေလည်း အကုန် ရေပေါ် မျောနေလို့ စောစောစီးစဟီး ဆိုင်တောင်မဖွင့်သေးဘူး။ ကွန်ပျူတာဆိုင်ကို ပြေးပြီး ပို့ရသေးတယ်။ အခုလည်း ဆိုင်ဘာကို မလာရရင် မနေနိုင်ဘူးလေ။ blog ကလည်း ရေးချင်တာ တစ်ပိုင်းသေလို့... ဒီတော့ အပြေးလာရတာ... ဒီနေ့ ဒီလောက်ပဲ ရေးနိုင်တော့တယ်။ အမြန်ပြန်ပြေးရတော့မယ် အိမ်ကို... အားလုံး ရာသီဥတုက မူမမှန်တော့တဲ့အတွက် ကျန်းမာရေးကို ဂရုစိုက်ကြပါနော်။ ဟပ်ချိုး... အမယ်လေး... ဖျားချင်နေတာလား... အအေးပဲ ပတ်ြီ့လား... အောက်ပိုင်းပဲ သေတော့မလား... မား... မလား... မလား..

AddThis Social Bookmark Button


May 03, 2007

SmileyCentral.com

AddThis Social Bookmark Button


SmileyCentral.com

AddThis Social Bookmark Button


 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster