May 21, 2007
ကိုယ်ပေါင်ကိုယ်လှန်ထောင်းခြင်း
ဟဲဟဲ... အပြောမတတ်ရင် ဆဲသလို .... .... ... အနောက်မှာ အဆက်တော့ရှိသေးတယ်နော် ... မသိတော့ဘူး။ အဲဒါ... အဲဒါ... ပေါ့... ဒါပေမဲ့ သိုးမလေးရဲ့ အပြောမတတ်တာကတော့ ရယ်စရာပါရှင့်။ ပြောပြမယ်နော်။ သူငယ်ချင်းတို့ မျက်စိစွံဖူးလား... သိုးမလေးတော့ ဟိုတလောက မျက်စိစွံလိုက်သေးတယ်။ ဒါပေမဲ့ အဲဒီလို မျက်စိစွံတယ်လို့ပြောရင်မကြိုက်ဘူးသိလား။ အဲလိုမျိုးပြောလာရင် မဟုတ်ဘူး အဲဒါ အပူဖု ဆိုပြီးတော့ ချက်ချင်းချေပလိုက်တာပေါ့။ ဦးလေးလုပ်တဲ့သူက ကောင်းမိကောင်းရက်နဲ့တော့ မန်းပေးပါရဲ့ စေတနာနဲ့။ နောက်နေ့ သက်သာလားမေးတော့ အဖုက နည်းနည်းထွားလာတယ်လို့ ပြောလိုက်တာပေါ့။ အဲဒါကို ၀ိုင်းရယ်ကြတယ်သိလား အဲလိုမပြောရဘူးတဲ့ အဖုဆိုတာမျိုးက နည်းနည်းကြီးလာတယ်လို့ပြောရတယ်တဲ့။ သိမှသိပဲလို့...
..............................
..............................
မေ့တတ်တာလည်း နှစ်ယောက်မရှိဘူး။ ထမင်းချိုင့်ဆိုတာ ရောက်လေရာနေရာတိုင်းမှာ မေ့ကျန်တာပဲလေ ဟိုတလောက ဘတ်စ်ကားစီးတော့ ကားပေါ်မှာ နေရာကမရတော့ ရှေ့က ဦးလေးက ထမင်းချိုင့်နဲ့ အိတ်နဲ့ကိုင်ပေးတယ်လေ။ ဟဲဟဲ... ခပ်တည်တည်နဲ့ ပေးပြီးတော့ မှတ်တိုင်လည်းရောက်ရော ခပ်တည်တည်ပဲ ဆင်းလိုက်တာပေါ့။ ကိုယ့်ပစ္စည်းတော့ သတိမရဘူးလေ။ အောက်ရောက်မှ သတိရတော့ ကားပေါ်ပြန်တက်လို့လည်း မရတော့ဘူး။ အဲဒါနဲ့ ကားအောက်ကနေပဲ ပတ်ပြီး ခုနက လူကြီးနား သွား၊ ဦးလေး သမီးထမင်းချိုင့်၊ ဦးလေး သမီးထမင်းချိုင့်နဲ့ သွားအော်တာပေါ့။ အဲဒီဦးလေးကြီးကလည်း ကြောင်ပြီးကြည့်နေတယ်။ စိတ်ထဲမှာတော့ ကားထွက်တော့မယ်၊ ဒီဦးလေးက အူကြောင်ကြောင်နဲ့ တူတယ်ပေါ့။ တကယ်တော့ ကိုယ်ကိုယ်တိုင်က အူကြောင်ကြောင်သိလား။ လူမှားပြီးတောင်းနေတာရှင့်။ ခဏနေမှ ဘေးက ဦးလေးကြီးက သြော် သမီး ရော့ရော့ သမီးထမင်းချိုင့်နဲ့ အိတ်ဆိုပြီး ပေးတော့မှ ငါ လူမှားတောင်းနေတာပါလားလို့ သိရတယ်။ ကားပေါ်က လူတွေအကုန်လုံးက ၀ိုင်းရယ်ကြလို့။ ရှက်လိုက်တာ မျက်နှာကို မည်းလို့... ဟုတ်ပါဘူး... ရဲလို့... တချိုးတည်း သုတ်ခြေတင်လျှောက်လိုက်တာ ရှေ့က လာတဲ့ဆိုက်ကား မတိုက်မိတာ ကံကောင်း... မေ့ပုံများတော့ မပြောချင်ပေါင်...
ရှိသေးတယ် ရှိသေးတယ်... နောက်နေ့မှ
ဆက်ရန်...
မကြာမီ လာမည်... ညှော်... အဲ ဟုတ်ပေါင်... မျှော်...
May 25, 2007 at 6:22 AM
လာလည်တယ် သိုးမလေးရေ ဆီဗုံးလေး မြန်မြန်တပ်နော်.
ဒိုဒို