အသံတိတ်ညည်းညူခြင်း  

October 25, 2007

အသံတိတ်ညည်းညူခြင်း

မထင်မှတ်တဲ့ တစ်နေ့ရဲ့
မသိလိုက်သော ဆက်သွယ်မှုတစ်ခုမှာ
သူနဲ့ ဆုံတွေ့မိတယ်
ကမ္ဘာရွာကို လေလှိုင်းပေါ်ကတစ်ဆင့်
စတင်အခြေချတဲ့နေ့ပေါ့။

နောင်တစ်ချိန်မှာ
အဆိုးဆုံးတွေမွေးဖွားလာစေမယ့်
အဦးအစအချိန်မှန်း
မသိခဲ့လိုက်ဘူးလေ။

ရင်ထဲကစကားလုံးတွေ
သူနှင့်ဆုံတိုင်း
ပျောက်ကွယ်ခဲ့ရတယ်
စကားပြောချင်တယ် ဆိုတဲ့
သူ့ရဲ့ မချင့်မရဲအသံတွေပါဝင်နေတဲ့
စကားလုံးတွေကိုမြင်ရတိုင်း
လှည့်လည်သွေးတွေတောင်
ဆုတ်ဆိုင်းကုန်ရတယ်။


ပွင့်လင်းစွာပြောသင့်ပေမဲ့
ပြောမထွက်ခဲ့ဘူး
မခိုင်လုံတဲ့အကြောင်းပြချက်ပေါင်းများစွာနဲ့
ရှောင်ပုန်းနေခဲ့တာ
သူ ယုံမှာမဟုတ်မှန်းလည်း သိပါတယ်။

သူနဲ့အဆုံးသတ်မယ့်နေ့ကို
အိပ်ပျက်တဲ့ညတွေက
ချေဖျက်လို့ရရင် သိပ်ကောင်းမယ်လို့
အခါခါတွေးမိတယ်။

ကမ္ဘာ့ရွာကြီးရဲ့ ဆက်သွယ်မှုတွေထဲမှာ
လေလှိုင်းပေါ်က အသံနဲ့တော့
မဆက်သွယ်နိုင်ခဲ့ဘူး
ဒါပေမဲ့ ဘယ်တုန်းကမှလည်း
စိတ်ဓာတ်မကျဖူးဘူး
သူနဲ့ မဆုံခင်အချိန်ထိပေါ့။

ရင်ထဲမှာ တစ်စတစ်စ
ခိုင်မာလာတဲ့ သံယောဇဉ်
သူ့ရဲ့သဘောထား
သေချာတာတွေအားလုံးဟာ
မရေရာမှုထဲမှာ
မျောပါးပျောက်ကွယ်လုလု...

ညတိုင်း ဆုတောင်းမိတယ်
သူနဲ့ တစ်စက္ကန့်လေးပဲဖြစ်ဖြစ်
စကားပြောခွင့်ရဖို့ပေါ့။

မပြည့်ဝစေမယ့် ဆန္ဒတစ်စုံအတွက်
ရင်ခွင်အစုံလည်း
နွမ်းလျလို့နေပြီလေ

ဒါတွေအားလုံးဟာ
အိပ်မက်ပမာသာဖြစ်ပါစေတော့...

AddThis Social Bookmark Button


7 comments: to “ အသံတိတ်ညည်းညူခြင်း

  • စိုးထက် - Soe Htet !
    October 25, 2007 at 6:00 AM  

    အသံတိတ် ညည်းညူခြင်းကို အသံတိတ် ဖတ်သွားတယ် ... :P

  • Layma
    October 25, 2007 at 6:53 AM  

    တိတ်နေတဲ့ ညည်းညူသံရဲ့ အဆုံးမှာ ... နှုတ်ဆက်မယ့် အသံတွေ တောင် ဆွံ့ အသွားခဲ့တယ် ...။ ၂ ကြိမ်မြောက် ဖတ်အပြီးမှာ ငါဆိုရင်ဆိုတဲ့ မေးခွန်းနဲ့  ဆွံ့ အသွားပြန်တယ်...။

  • ပီကေ
    October 25, 2007 at 9:50 AM  

    တစ်စက္ကန့်လေးပဲဖြစ်ဖြစ် စကားပြောချင်တယ် .............
    တစ်စက္ကန့်လေး အတွင်းမှာ ဘာစကားပြောလို့ရမလဲဆိုတာ သိချင်နေမိတယ်။

  • မျှားပြာ
    October 25, 2007 at 2:45 PM  

    ဟာဗျာ အဲလိုတွေ ရေးရင် မခံစားနိုင်ဘူး
    အလွမ်းဓါတ်ခံ ရှိလို့ပဲလားတော့ မသိဘူးဗျ
    ကဗျာလေးက ကောင်းတယ်ဗျာ

  • MCT
    October 26, 2007 at 5:04 AM  

    အသံတိတ်ညည်းညူနေပေမယ့်
    ရှိုက်သံတွေ ကြားနေရပါလားနော်။
    ခံစားမှုတွေ ဖွင့်လှစ်ပြတာ သိပ်လှပါတယ်
    နှင်းနှင်းရယ်။

  • Mintasay
    October 29, 2007 at 4:20 PM  

    Silent is the loudest voice in this unsecured world.

  • hnin
    November 5, 2007 at 10:29 PM  

    အသံတိတ်ညည်းညူခြင်းကို ကျယ်ကျယ်ဖတ်သွားကြတဲ့ မောင်နှမတွေကို ကျေးဇူးတင်ပါတယ်။

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster