ကျွန်မနှင့် ကောင်မလေး
October 22, 2007
ကျွန်မနှင့် ကောင်မလေး
အသားဖြူဖြူ၊ လုံးလုံးလေးနဲ့ ကော့နက်နက်မျက်တောင်ပိုင်ရှင် ကောင်မလေးကို မြင်ရသူတိုင်းဟာ ချစ်စဖွယ် ကောင်မချောလေးအဖြစ် သတ်မှတ်ကြမယ့်အပြင် သူ့ဘ၀ကိုလည်း ချောမွေ့စွာဖြတ်သန်းခဲရလိမ့်မယ်လို့ မှတ်ချက် ချကြမှာ မလွဲဘူး။ တကယ်တော့ ဇနီးမောင်နှံနှစ်ယောက်အတွက် ဝေယျာဝစ္စလုပ်ပေးနေရတဲ့ ကောင်မလေးရဲ့ဘ၀ကို ဘယ်သူမှသိကြမယ်မဟုတ်ဘူး။ ကောင်မလေးဘ၀မှာ ချောချောမွေ့မွေ့မရှိခဲ့တဲ့အပြင် ယုယထွေးပိုက်ပေးမယ့် မိဘ တွေလည်း မရှိကြတော့ဘူးလေ။ အကြောင်းအရပ်အမျိုးမျိုးကြောင့် တိုက်ဆိုင်စွာ ကျွန်မနဲ့ ဆုံတွေ့လာခဲ့ရတဲ့ ကောင်မလေးကို ကျွန်မလည်း ညီမလေးတစ်ယောက်လို ချစ်မိတယ်။ "မရယ်... မသာ မရှိရင် သမီးလည်း ဒီမှာ မနေချင်ပါဘူး" တဲ့။ တစ်ခါတစ်ခါ ပျော်နေတတ်သလောက် တစ်ခါတစ်ခါ မှိုင်တွေနေတတ်တဲ့ကောင်မလေးကို နိစ္စဓူဝမြင်နေရတဲ့ ကျွန်မရဲ့ရင်ထဲမှာ ခံစားချက်တွေက အမျိုးမျိုးပဲ။ တစ်ခါတစ်ရံ ဆိုင်ထွက်၊ တစ်ခါတစ်ရံ အိမ်မှာလုပ်နဲ့ အမြဲတစေ တွေ့မနေရပေမဲ့ တွယ်မိတွယ်ရာ တွယ်နေတဲ့ ကောင်မလေးရဲ့သံယောဇဉ်ကို ကျွန်မ နားလည်ပါတယ်။ မောကြီးပန်းကြီးနဲ့ အပြင်က ပြန်လာ၊ ကျွန်မရဲ့ပါးကို ရွှတ်ခနဲ မွှေးပြီး အိမ်ထဲပြေးဝင်သွားတဲ့ ကောင်မလေးကို ကျွန်မ ပြုံးပြုံးလေးပဲ စိုက်ကြည့်မိတယ်။ "ဟိတ် ဘာလုပ်တာလ" ဆိုတော့ "မကို ချစ်လို့တဲ့"။ တစ်နေကုန်နေလို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားသုံးခွန်းပြည့်အောင် မပြောတတ်တဲ့ ကျွန်မကို သံယောဇဉ်တွယ်နေတဲ့ ကောင်မလေးကို ကျွန်မကလည်း ညီမလေးလို နှောင်တွယ်မိတယ်။ "မ၊ သမီး လကုန်ရင် အိမ်ပြန်မလို့။ ပြန်လာရမလား၊ မလာရဘူးလားဟင်။ ဒါပေမဲ့ မရယ်၊ မသာ သမီးနဲ့ အတူရှိမနေဘူးဆိုရင်တော့ သမီးလည်း ပြန်မလာချင်တော့ဘူး။ မကို လွမ်းလို့ သေမှာပဲ။" ကျွန်မရဲ့ရင်ထဲမှာ ကောင်မလေးနဲ့ပတ်သက်လို့ ပြောပြချင်တဲ့ စကားလုံးတွေ အများကြီးရှိနေတယ်။ ဒ'ါပေမဲ့ ကျွန်မနှုတ်ဖျားကနေ ထွက်ကျမလာခဲ့ဘူး။ ကိုယ့်အတွက်တစ်နေရာ စာတောင် ပိုင်နိုင်မှုမရှိတဲ့ ကျွန်မဘ၀၊ ဘယ်သူ့ကိုမှ အာမခံချက်မပေးနိုင်ခဲ့ဘူးလေ။ ပြန်လာပါလို့ မဖိတ်ခေါ်ရဲသလို ပြန်မလာနဲ့လို့လည်း ဘယ်တော့မှ ပြောဖြစ်မှာမဟုတ်တာ သေချာနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်မလေး စိတ်ချမ်းသာစေချင်တယ်။ "ပြန်လာခဲ့ပေါ့ ညီမလေးရယ်၊ မတို့ ရုံး မရွှေ့သရွေ့တော့ ညီမလေးနဲ့ တွေ့ရမှာပေါ့။ မဟုတ်ရင်လည်း ညီမလေးဆီ မ လာလည်မှာပေါ့" ဒီအခါ ကောင်မလေးရဲ့ ကော့နက်နက်မျက်တောင်လေးတွေ အောက်ကိုထိုးဆင်းသွားတာ ကျွန်မ မမြင်ရက်ခဲ့ဘူး။ သူ့ကိုယ်သူ အိမ်ဖော်တစ်ယောက်လို သိမ်ငယ်နေတတ်တဲ့ ကောင်မလေးကို ကျွန်မနှုတ်က ရှားရှားပါးပါး စကားတစ်ခွန်းပြောဖြစ်တယ်။ ဒါကို ကောင်မလေးက သူ့ပိုက်ဆံညှပ်တဲ့ စာအုပ်လေးထဲမှာ မပီမသတဲ့ ၀ိုးတ၀ါးလက်ရေးလေးတွေနဲ့ ရေးထားတာ ကျွန်မ မသိခဲ့ဘူး။ "သမီးပြန်ရင် မက ဘာလက်ဆောင်ပေးမှာလဲ" တဲ့။ တကယ်က ကျွန်မ ရည်ရွယ်ခဲ့ပြီးသားပါ။ အမှတ်တရဖြစ်စေမယ့် တစ်ခုခုပေါ့။ ကောင်မလေး ပြန်လာမယ်မဟုတ်မှန်း ကျွန်မစိတ်က အလိုလိုကြိုသိနေပြီးသားပါ။ ဘယ်အရာမဆို သံယောဇဉ် ကြီးတတ်တဲ့ ကျွန်မကိုယ်ကျွန်မ အားမလိုအားမရဖြစ်မိတယ်။ ကောင်မလေးကို မတွေ့ရတော့ဘူးဆိုတဲ့အသိက ကျွန်မကို စိုးမိုးထားတယ်။ အလုပ်ထဲမှာ ကောင်မလေးကို တွေ့လည်း ကျွန်မ မကြည့်ဖြစ်အောင် နေတယ်။ ကောင်မလေးပြန်ရမယ့်ရက် နီးကပ်လာလေ ကျွန်မရဲ့စိတ်တွေ ယောက်ယက်ခတ်လေပဲ။ ဒီအချိန် ကျွန်မသာ လူတစ်ယောက်အတွက် တာဝန်ယူနိုင်မယ်ဆိုရင် ကောင်မလေးကို ကျွန်မ ခေါ်ထားမိမှာအမှန်ပဲ။ ကောင်မလေးအတွက် လက်ဆောင်ကို စဉ်းစားနေရင်းနဲ့ မထင်မှတ်တဲ့နေ့မှာ ကောင်မလေး ပြန်သွားတယ်။ မနက်ခင်း လင်းအရုဏ်ဟာ အဲဒီနေ့အဖို့ ကျွန်မအတွက်တော့ မိုးသားတိမ်လိပ်တွေ အုံ့ဆိုင်းနေတဲ့ နေမသာသောနေ့ပဲ။ ကောင်မလေးအတွက် လက်ဆောင်မပေးလိုက်ရလို့ စိတ်မကောင်းတဲ့အပြင် ကောင်မလေးမျက်နှာကို တစ်ဝကြီးမကြည့်လိုက်ရတဲ့ ကျွန်မ၊ ညီမလေးတစ်ယောက် ဆုံးရှုံးလိုက်သလိုပဲ။ ကျွန်မရဲ့ မကောင်းမကန်းကဗျာလေးတွေကို ဖတ်၊ "အရမ်းကောင်းတာပဲ မရယ်" ဆိုတဲ့ ကောင်မလေးရဲ့အသံလေးတွေ၊ ကျွန်မရဲ့ပါးပြင်ကို တရှိုက်မက်မက် နမ်းရှိုက်တဲ့ တစ်ဦးတည်းသော ကောင်မလေးကို ခုတော့ ကျွန်မ လွမ်းဆွတ်နေရပြီ။ ကောင်မလေးရဲ့ ယာယီအုပ်ထိန်းသူဖြစ်ခဲ့ဖူးသူက ကျွန်မလက်ထဲကို စာရွက်လေးတစ်ရွက် လာထည့်ပေးတယ်။ ကောင်မလေး ပေးသွားတာတဲ့။ ကျွန်မ မဖွင့်ရဲခဲ့ဘူး။ ကောင်မလေးရဲ့ မျက်ရည်တွေ စွတ်စိုနေမယ့် ဒီစာလေး ကျွန်မဖွင့်လိုက်လို့ ခြောက်သွေ့သွားမှာ ကျွန်မ မလိုလားဘူး။ ဒါပေမဲ့ ကျွန်မကို ဖတ်စေချင်တဲ့ ကောင်မလေးရဲ့ဆန္ဒကို ကျွန်မ ဖြည့်ဆည်းပေးချင်ခဲ့မိတယ်။ "မ... သမီး မနက်ဖြန်ပြန်ရတော့မယ်။ စောသွားတယ် မရယ်။ သမီးတော့ အရမ်းလွမ်းနေရတော့မယ်။ မနဲ့နေတဲ့ တစ်ချိန်လုံး မက ဘာမှမပြောလည်း မ သမီးကို ချစ်တာ သမီး သိပါတယ်။ အားလုံးထဲကမှ မ ပြောခဲ့တဲ့ စကားလေးကို သမီး အရမ်းတန်ဖိုးထားတယ်။ မ အတွက် အမှတ်တရ မ ပြောခဲ့တဲ့စကားလေးကို သမီးလက်ရေးနဲ့ ရေးပေးထားခဲ့တယ်။ မ သိမ်းထားနော်။"
လူ အထက်မှာ လူ မရှိသလို လူ အောက်မှာလည်း လူ မရှိဘူး။
ချစ်တဲ့ ညီမလေး
October 22, 2007 at 5:58 AM
လူ့အောက်မှာ မြေကြီးရှိပြီး...လူ့ အထက်မှာ ကောင်းကင်ရှိတယ်..ညီမလေး..။
October 22, 2007 at 6:11 AM
ပို့စ်လေးဖတ်ပြီးဘာရေးရမှန်းမသိဘူး။
ခံစားရပြီး ခုတော့မျက်ရည်တွေဝဲနေတာပါဘဲ
October 22, 2007 at 9:37 AM
ဒီစာကို ဖတ်ရင်းနဲ့ သိုးမလေးရဲ့ ၀ဲနေတဲ့မျက်ရည်တွေ မြင်လိုက်ရတယ်။ ဒီလိုစရိုက်ကြောင့် သိုးမလေးလို့ နာမည်ပေးထားတာထင်တယ်။ ဘိုဘို သီချင်းကြားဖူးမှာပါ။ `သိုးလေး သိုးလေးလို နူးညံ့လွန်းတယ်လို့ .....´
October 22, 2007 at 10:42 AM
ရင်ထဲမှာတမျိုးကြီးကျန်ခဲ့ တယ်။လွမ်းသလိုလို ၊ငိုချင်သလိုလိုနဲ့ 
October 23, 2007 at 9:17 AM
စိတ်မကောင်းဘူးဖတ်ရတာ။
အဲဒီကောင်မလေးကလည်း မ ကိုအမြဲသတိရနေမှာပါ။
October 25, 2007 at 4:28 AM
rrav;r... vlu tv,fuayghaemf/
rcspfolrdk;... tJ rrdk;cspfolaum rsuf&nfawG okwfNyD;NyDvm;vdkY...
udkyDauu ruyfbl;vdkYMum;w,faemf? odk;av;El;nHhwm uDkayuD ajymrSSodw,f... [J[J...
vif;... ratmifheJY zGifhcsvdkuf zGifhcsvdkuf
nDrav; taygufr&Sd... tJ txGufcuf... tJ 0uFyga&... rQa0cHpm;ay;wm aus;usL;
October 25, 2007 at 4:39 AM
ှုမမလေးမ... လူက အလယ်ကပေါ့နော်။
မချစ်သူမိုး... အဲ မမိုးချစ်သူကော မျက်ရည်တွေ သုတ်ပြီးပြီလားလို့...
ကိုပီကေက မကပ်ဘူးလို့ကြားတယ်နော်၊ သိုးလေးနူးညံ့တာ ကီုပေကီ ပြောမှသိတယ်... ဟဲဟဲ...
လင်း... မအောင့်နဲ့ ဖွင့်ချလိုက် ဖွင့်ချလိုက်
ညီမလေး အပေါက်မရှိ... အဲ အထွက်ခက်... အဲ ၀င်္ကပါရေ... မျှဝေခံစားပေးတာ ကျေးကျူး... စိတ်ဆိုးနဲ့နော် နောက်တာ...