ကျိန်စာ
May 13, 2008
ကျိန်စာ
ရာစုတွေကို မျက်ကွယ်ပြုချင်တဲ့ လူတစ်ယောက်
နာရီတွေနဲ့ လမ်းလျှောက်ထွက်ခဲ့တယ်
ဦးတည်ရာမဲ့ လမ်းပေါ်မှာ
သံလိုက်အိမ်မြှောင်က လက်တံတရွေ့ရွေ့
ကိုယ်ထူကိုယ်ထလမ်းတွေရဲ့နောက်မှာတော့
အ၀ါရောင်ဖဲကြိုးများ
နှုတ်ခမ်းထက်မှာ တေးသွားတစ်ပုဒ် ညည်းအန်
သံစဉ်မရှိပေမဲ့ အကွေးအကောက်တွေ လှပနေခဲ့
အိမ်ခြေမဲ့ဟင်းလင်းပြင်နား လတ်ဆတ်တဲ့လေ ရှူသွင်းတော့
ခပ်ဝေးဝေးက ဖျော့တော့မီခိုးငွေ့ ခဏမေ့သွားတယ်
အတွေးထဲက မရေရာခြင်လမ်းညီညီကို
သေချာခြင်းအထီးကျန်တွေနဲ့ လျှောက်လှမ်းရင်း
သက္ကရာဇ်ဟောင်းတွေကို ရူးသွပ်စွာ ဖမ်းဆုပ်နေဆဲ
ရင်ဘတ်ထဲက ထွက်ကျလာတဲ့ ကဗျာတစ်ပုဒ်
လူမမြင်အောင် ဖွက်ထားလိုက်တယ်
တနင်္လာတွေမှာ အပြစ်မရှိဘူးတဲ့လေ။
May 13, 2008 at 12:30 PM
စကားလုံးတွေ အားကောင်းတုန်းပါလား သူငယ်ချင်းရေ :)
May 29, 2008 at 4:00 PM
ကဗျာလေးကောင်းတယ် သိုးလေးရေ ..။ အဆင်ပြေပါစေ ..။
April 2, 2010 at 11:48 PM
ကဗျာလေးက ကောင်းပါတယ် မော်ဒန်ဆန်ဆန်လေးနော်