June 14, 2007

ဖတ်မိမှတ်မိသမျှနဲ့ သိုးမလေးရဲ့ လက်ရှိသဘောထား

မဂဇင်းတစ်စောင်မှာ ဖတ်ရတာလေ google company ရဲ့ အကြောင်းပေါ့။ သူတို့တွေ ဘယ်လိုအလုပ်လုပ်ကြတယ်၊ ကုမ်ပဏီက သူတို့ ၀န်ထမ်းတွေအပေါ် ဘယ်လိုမျိုးတွေ အခွင့်အရေးတွေပေးထားပြီး အလုပ်လုပ်စေတယ် ဆိုတာမျိုးတွေပေါ့... ဖတ်ရင်းနဲ့ အားကျလိုက်တာ အရမ်းပဲ။ သူတို့မှာ ဆောင်ပုဒ်တွေကလည်း အများသား.. 'the many are the few' တဲ့၊ နောက် 'Don't be evil' တဲ့။ အများကြီးပဲ။ တစ်ပတ်တစ်ခါလည်း ၀န်ထမ်းတိုင်းတက်ရောက်တဲ့စုံညီပွဲ (all-hands assembly) တွေ လုပ်တယ်တဲ့။ တစ်ယောက်နဲ့တစ်ယောက် ပညာ ဖလှယ်ကြတာပေါ့။ သူတို့နဲ့ ယှဉ်လိုက်တော့ သိုးမလေးတို့ ပင်ပင်ပန်းပန်းလုပ်တယ်ဆိုတာ ဘာမှမဟုတ်ြသလိုတောင် ဖြစ်သွားတယ်။ ဒါပေမဲ့ အရာရာတိုင်းမှာ ဟိုးအမြင့်ကြီးကို မျှော်ကြည့်လွန်းရင်လည်း ပင်ပန်းလွန်းပါတယ်လေလို့ ကိုယ့်ကိုယ်ကိုယ် ဖြေရတာပဲ။ 2006 ခုနှစ်က တရုတ်ပြည်မှာ blog လုပ်တဲ့သူဦးရေ သန်း 20 ကျော်ရှိတယ်တဲ့။ အဲဒီအချိန်က သိုးမလေး ဘယ်ပျောက်နေတယ်မသိ။ blog ဆိုတာ လုံးသလား၊ ပြားသလား မသိတဲ့အချိန်ပေါ့။ သေချာတာကတော့ သိုးမလေး ဒီဘလော့ဂ်ကို အစဉ်တစိုက်လုပ်ဖြစ်နေတာ 2 လ လောက်ပဲ ရှိသေးတာပေါ့။ blog ကို စလုပ်ဖြစ်ကတည်းက အခုအချိန်အထိ အရမ်းကို crazy ဖြစ်ခဲ့တာ။ စိတ်ထဲမှာလည်း သူများဘလော့ဂ်တွေလျှောက်ဖတ်ပြီး ငါ ဒါလေးမှ မလုပ်တတ်ရမလားဆိုတဲ့စိတ် ခဏခဏ၀င်မိတယ်။ ညနေ ရုံးဆင်းပြီဆိုတာနဲ့ စိတ်တွေက blog ဆီမှာ၊ ခြေထောက်တွေက cyber ဘက်ကို ဦးတည်နေပြီလေ။ သိုးမလေးရဲ့စိတ် အဲလိုဖြစ်သွားတာ ဒီဘလော့ဂ်ကို စွဲစွဲမြဲမြဲလုပ်မိတဲ့ နှစ်လအတွင်းမှာပေါ့... ဟိုးအရင် internet သုံးတုန်းကတော့ အလုပ်အတွက် လိုတဲ့ data တွေ၊ photo တွေ ရှာရုံ၊ မေးလ် check ရုံ ဆိုတော့ တစ်ပတ် တစ်ခါလောက် cyber သွားရင် လုံလောက်နေတယ်လေ။ သိုးမလေးရဲ့ လက်ရှိအလုပ်က မနက် 9 နာရီကနေ ညနေ 5 နာရီထိပေါ့။ ဒါပေမဲ့ သိုးမလေးရဲ့ ၀ါသနာအရရော၊ မုန့်ဖိုးလိုချင်တာရောကြောင့် သိုးမလေးရဲ့ မဖြစ်ညစ်ကျယ်ပညာလေးနဲ့ အိမ်မှာ အလုပ်လုပ်ပါတယ်။ photoshop နဲ့ ပတ်သက်တာပေါ့။ ဗီနိုင်းလည်း လုပ်တယ်။ (ကြော်ငြာဝင်တာပါ)။ အဲဒါက ပြောမယ်ဆိုရင် သိုးမလေးရဲ့ အားလုပ်ချိန်တွေမှာ သိုးမလေးဝါသနာပါတဲ့ အလုပ်ကိုလုပ်တာပေါ့။ ပိုက်ဆံလည်းရတယ်၊ ပျော်လည်း ပျော်တယ်။ အလုပ်က ပြန်ရောက်တာနဲ့ 7 နာရီဆို သိုးမလေးက ကိုရီးယားကားကြည့်တယ်။ နေ့တိုင်းတော့မဟုတ်ဘူးပေါ့။ ကြိုက်တဲ့ တစ်ကားပေါ့။ ပြီးရင် ထမင်းစားပြီးတာနဲ့ ကွန်ပျူတာရှေ့ ထိုင်၊ အလုပ်လုပ်လိုက်တာ အချိန်ကို မကြည့်မိတော့ဘူ။ အရမ်းကို ၀ါသနာပါတာ။ ဒါပေမဲ့ သိုးမလေး ဘလော့ဂ်လုပ်တဲ့နှစ်လအတွင်းမှာ အဲဒီအလုပ်တွေကို ပစ်ထားမိတယ်။ ပုံတစ်ပုံဆို အပ်ထားတာ နှစ်လပြည့်တော့မယ်။ မနေ့ကမှ လက်စသတ်ရတယ်။ အဲဒါကြောင့် သိုးမလေး cyber မရောက်ဖြစ်တာ လေးရက်ကြီးများတောင် ရှိသွားပြီ။ စိတ်ထဲမှာတော့ လေးနှစ်လောက် ထင်နေတာ။ cyber လာရင် အိမ်ပြန်ရောက်ရင် ဘာမှမလုပ်နိုင်တော့ဘူးလေ။ လူက နုံးချည့်နေပြီပေါ့။ သိုးမလေးရဲ့စိတ်က မမျှဘူး။ တစ်ခုကို လုပ်ပြီဆို အဲဒီတစ်ခုကို အများထက်မသာရင်တောင် အများနည်းတူတော့ လိုက်လုပ်ချင်တယ်။ အဲဒီစိတ်ရှိတယ်။ အခု ဒီဘလော့ဂ်ဆိုလည်း ဒီတိုင်းပဲ။ သိုးမလေး လုပ်တတ်ချင်တာတွေက အရမ်းများနေတယ်။ စာခေါက်တာ၊ eot လုပ်တာ၊ sign ထိုးတာ၊ အများကြီးအများကြီးပဲ။ အခု eot ကတော့ ကိုရန့်ကျေးဇူးနဲ့ လုပ်ပေးထားတာတောင် coding မယူရသေးဘူး။ ဘာလို့ဆို ဒီနေ့ သိုးမလေး ပုံဆွဲနေလို့လေ။ အဲဒီပုံလေးက ဘေးက link ထဲက ပုံလေးကို ပြောတာပါ။ အခုတော့ သိုးမလေး သင်တန်းတက်ရတော့မယ်။ နောက်ဆို သိုးမလေး ဒီဘလော့ဂ်ကို ကိုယ်တိုင်ရေးသူထက် အားပေးဖတ်ရှုသူဖြစ်ဖို့များနေပြီ။ ဒါပေမဲ့ နှစ်ပတ်တစ်ခါလောက်တော့ဖြစ်ဖြစ် သိုးမလေးက လာလုပ်မှာပါ။ ရင်ထဲက ဘလော့ဂ်ကိုတော့ ဖယ်ထုတ်လိုက်လို့မရတော့ဘူးလေ။ အခုတော့ သိုးမလေး အလုပ်တွေပြန်လုပ်ရတော့မယ်၊ သင်တန်းလည်း တက်ရတော့မယ်၊ လက်တွေ့ဘ၀ကြီးထဲမှာ သိုးမလေး ရုန်းကန်လိုက်ဦးမယ်နော်...

AddThis Social Bookmark Button


0 comments: to “

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster