ဘ၀ပုံကြမ်း  

August 29, 2007

ဘ၀ပုံကြမ်း

မြစ်ကို ဘ၀နဲ့ တင်စားရင်

ငါ့မြစ်က ပိုပြီး
အကောက်အကွေ့များလွန်းတယ်ထင်ရဲ့။
မင်းဘ၀ရဲ့ အလင်းရောင်ဖြစ်ချင်ပါတယ်ဆိုတဲ့
နင်လည်း
ငါ့ညကို တောက်ပအောင်
မစွမ်းဆောင်နိုင်ခဲ့ဘူး။
ငါဆွဲထားတဲ့ တစ်ကြောင်းဆွဲပန်းချီ
ကောက်ကြောင်းတွေ ထပ်နေတယ်။

AddThis Social Bookmark Button


4 comments: to “ ဘ၀ပုံကြမ်း

  • Layma
    August 29, 2007 at 9:35 AM  

    သိုးလေး….ပုံချောဖြစ်ရင်ပြောဦးနော်…

  • မျှားပြာ
    August 29, 2007 at 2:02 PM  

    တောက်ပအောင် မစွမ်းဆောင်နိုင်ရင်တောင်
    လောက်ငအောင်တော့ ထမ်းဆောင်နိုင်မှာပါ..။

    ဟီး လျှာရှည့်ကြည့်တာ..:P

  • သန့်ဇော်မင်း
    August 30, 2007 at 5:18 AM  

    "ငါဆွဲထားတဲ့ တစ်ကြောင်းဆွဲပန်းချီ
    ကောက်ကြောင်းတွေ ထပ်နေတယ်"
    အင်း.. မသောက်ခင် ဆွဲတယ်ထင်ပ..
    :P

  • hnin
    August 31, 2007 at 4:54 AM  

    မမလေးရေ...ပုံချောဖြစ်အောင် စောင့်ရင် တရုတ်တွေလို နောက်ဘ၀မှ ပြောကြတာပေါ့... ဟားဟား။

    ကိုမျှားပြာ လျှာရှည်ကြည့်တာ ရလား၊ လျှာထုတ် လျှာထုတ် မုန့်ဖက်ထုပ်... တဲ့။

    ကိုသန့်ဇော်မင်းရေ... သောက်တော့သောက်တာပဲ... အဖြူမို့ထင်ပါ့၊ ရေပြောတာပါ။

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster