သိုးလေးနှင့် ဘလော့  

December 03, 2007

သိုးလေးနှင့် ဘလော့
      ဘလော့ဂါတွေရဲ့ ဘလော့နဲ့ပတ်သက်တဲ့အကြောင်းတွေကို မှန်ဘီလူးတစ်လက်နဲ့ ဦးစံရှားလုပ်နေတဲ့ မကပ်သော ကိုပီကေက သိုးမလေးဆီမှာ သဲလွန်စ ဘာများတွေ့တယ်ရယ်မသိဘူး၊ ရှိတာအကုန်ထုတ် သိုးလေး တဲ့၊ အဲလေ... tag ထားတယ်တဲ့။ ဒါနဲ့ သိုးလေးတစ်ယောက် တအားပျော်ပေါ့ (ရေးစရာတစ်ခုရပြီဆိုပြီးတော့)။ သိုးလေး ဘလော့လုပ်တာ တစ်နှစ်ပြည့်တော့မယ်လေ။ ဘလော့လုပ်ဖြစ်ပုံကတော့ မယမင်းက သူ ဘလော့တစ်ခုလုပ်ထားတယ်။ ကြည့်ပြီး ဝေဖန်ပါ၊ အကြံပေးပါလို့ပြောတာနဲ့ သိုးလေး ကြည့်ကြည့်တော့ အရမ်းသဘောကျတယ်။ အဲဒါနဲ့ မယမင်းကို အပူကပ်ပြီး ဘလော့တစ်ခုဆောက်တယ်။ အဲဒီတုန်းက ဘလော့ကို ပြုပြင်ရမှာ နားမလည်တာနဲ့ ဘလော့တစ်ခုလုပ်လိုက်၊ မကြိုက်လိုက်၊ နောက်တစ်ခုလုပ်လိုက်နဲ့ အေးချမ်းသူ ဆိုတော့မှ အတည် ဖြစ်သွားတယ် (သုံးခုမြောက်ပေါ့)။ နေမြင့်လေ အရူးရင့်လေ ဆိုသလို ဘလော့လုပ်တာ ကြာလေ ဘလော့ကို ဖြတ်မရလေပဲ (တစ်ခါတစ်ခါ စိတ်ကူးမိတာလေ)။ ကိုပီကေက tag တဲ့သူဆိုတော့ ကိုပီကေနဲ့ နှိုင်းပြောရမယ်။ သိုးလေးလည်း ကိုပီကေ့လိုပဲ ဘလော့မှာ ပို့စ်မတင်ရရင် တစ်ရက်ကနေ နှစ်ရက်ဆို မနေနိုင်တော့ဘူး။ ခံစားချက်ချင်း တူတယ်။ ပြီးတော့ အပြင်မှာမပြောရသမျှ ဘလော့မှာ အတိုးချပြီး ရေးလို့ရတယ်လေ။ ကဗျာနဲ့တစ်မျိုး၊ စာနဲ့တစ်မျိုးပေါ့။ သိုးလေး မေးကြည့်ဖူးသမျှ ဘလော့လုပ်တဲ့သူ တော်တော်များများ သဘောကောင်းကြတယ်။ သိုးလေးက သိချင်တာရှိရင် တစ်ယောက်ပြီးတစ်ယောက် လိုက်မေးတာလေ။ွှWeb နဲ့ ပတ်သက်လို့လည်း ဘာမှမသိပေမဲ့ အရမ်းစိတ်ဝင်စားတာ။ အခြေခံလေးတက်ပြီးကတည်းက သိချင်တာတွေ ပိုများလာပြီး အမေးအမြန်းထူလွန်းလို့ တော်တော်များများတောင် စိတ်ညစ်နေကြမလားမသိဘူး။ တော်ကြာ သိုးမလေး ဟေ့ ဆိုရင် ရှောင် ရှောင် ရှောင် ဖြစ်နေမှာစိုးလို့ ခုတော့ သိပ်မမေးတော့ဘူး... ဟီးဟီး... မမမိုးချစ်သူက သူငယ်ချင်းနဲ့ပတ်သက်လို့ သိုးလေးကို tag တာတောင် ခုတလော ဘလော့ကို ဆော့စရာလို ဆော့နေတဲ့ ချစ်ညီမလေး တဲ့၊ ပြောတော့မပေါ့... မမမိုးချစ်သူလည်း မေးခံထိထားတာကိုး။ မှတ်မှတ်ရရ ညတုန်းက အိပ်မက် မက်တယ်။ မနေ့က တန်းပလိတ်နဲ့ပတ်သက်လို့ သိုးလေး မေးတော့လေ သင်ပေးတဲ့သူ တော်တော်စိတ်ညစ်သွားမယ်ထင်တယ် (နာမည်ြေ့ပာရင် သူက စိတ်ဆိုးမလားပဲ :) )။ သူက တန်းပလိတ်ထဲမှာ ဟိုဟာရှာခိုင်းလည်း သိုးလေး တန်းပလိတ်ထဲမှာ မရှိဘူး၊ ဒီဟာရှာခိုင်းလည်း မရှိဘူး၊ page element မှာထည့်ဖို့ coding ပေးတော့လည်း သိုးလေးဆီမှာ အဲဒီ page element ဆိုတာကြီးကို မရှိဘူးလို့ ပြောလိုက်တော့ လက်မြှောက်သွားရော... ဟဲဟဲ... အဲဒီလို အဲဒီလိုနဲ့ သူ့ကို အပြင်မှာလည်း မမြင်ဖူးဘဲနဲ့ အိပ်မက်ထဲမှာ သူနဲ့ ရန်ဖြစ်ရပါရော... ဟားဟား... သိုးလေးဘလော့ကြီး သူ လုပ်လိုက်လို့ ပျက်စီးသွားတယ်တဲ့လေ။ အိပ်မက်ထဲမှာ သူ့ကို ဘာပြောလိုက်လဲ သိလား၊ ကိုပေကီနဲ့ မမမိုးချစ်သူ tag ထားတာ သိုးလေး မရေးရသေးဘူး။ အဲဒီဘလော့ကြီး ပြန်ကောင်းအောင်လုပ်ပေး ဆိုပြီး အော်တာပေါ့။ သူကလည်း မခေဘူး၊ တစ်ခွန်းမခံ ပြန်ပြောတယ်။ ကြောက်မယ်မထင်နဲ့ ခြေထောက်တွေ၊ လက်တွေ အလကားထားတာ မဟုတ်ဘူး။ ခြေထောက်က ပြေးဖို့၊ လက်က ထိုင်ရှိခိုးဖို့တဲ့။ အဲဒါနဲ့ သူ့ကို ဘာထပ်ပြောရမယ်မသိဖြစ်နေတုန်း ခြောက်နာရီထိုးနေပြီ၊ ဘုရားထရှိခိုးတော့ ဆိုတဲ့ မွေးမေမေရဲ့ အသံကြောင့် နိုးသွားရော။ အဲဒါ ကိုပီကေ့ရဲ့ tag ကို ဘယ်လိုရေးရမလဲဆိုတာ စဉ်းစားရင်းနဲ့ အိပ်မက် မက်တဲ့အထိ ဖြစ်သွားရတာလေ။ တစ်နည်းပြောရရင် ဘလော့ကြီးအပေါ် သက်ရောက်တဲ့ သိုးလေးရဲ့စိတ် ဘယ်လောက်များတယ်ဆိုတာပေါ့။ ကိုပီကေ... ကျေနပ်ပါတယ်နော်...
      (သိုးလေး ပေါက်ကရမေးသမျှ စိတ်လိုလက်ရ ပြန်ဖြေကြတဲ့ ချစ်သော ဘော်ဘော်တွေကို သိုးလေးက ဒီပို့စ်လေးကနေပဲ ကျေးဇူးတင်လိုက်ပါတယ်နော်...)

AddThis Social Bookmark Button


8 comments: to “ သိုးလေးနှင့် ဘလော့

  • (တေးမွန်)
    December 3, 2007 at 5:55 AM  

    သိုးလေးရေ.. လာပီး ပိုစ်တွေ အကုန်ဖတ်တွားတယ်..
    နင်ဘလောကလည်း စာကို select လုပ်ပီးမှ ဖတ်လို့ ရတယ်.. အလှပြင်နေတာလား :)

    နင်ဘလော ကို လုပ်လို့ မရရင်.. ကိုသန့် ဇော်မင်းကြီးကို မေးလေဟာ.. သူက ပရိုဂရမ်မာဟ.. (ဟိဟိ.. ဟေးလူရေ.. အပြစ်မယူကြေးနော့) :P

  • ပီကေ
    December 3, 2007 at 7:43 AM  

    အိပ်မက်တည်းထိတောင် ဆွဲပြီး သူများနဲ့ သွားရန်ဖြစ်နေတယ် ဆိုတော့ ရောဂါက အတော် ဆိုးနေပြီနော်။ ဆေးလေး နည်းနည်းစားဦး။ အဟိ။ ရောဂါတူချင်းမို့ ဆေးစားဖို့ သတိပေးတာ။ သတိထားနော်။ ကုရာနတ္ထိ ဆေးမရှိဖြစ်နေဦးမယ်။

  • Winkabar
    December 3, 2007 at 4:51 PM  

    ဖြစ်ရတယ်အစ်မရယ်။ အိပ်မက်ထဲမှာတောင်ရန်ဖြစ်တယ်လို့။ စာလေးတွေအရောက်ပြောင်းလိုက်ပါလားအစ်မ။ select လုပ်ပြီးမှဖတ်လို့ရလို့။ ကျန်တာကတော့အဆင်ပြေပါတယ်။
    ဘလော့ရင်းပျော်ရွှင်ပါစေနော်။ ကူညီမယ့်သူများကိုလည်းဒီ့ထက်ပိုတွေ့နိုင်ပါစေ။

  • Unknown
    December 6, 2007 at 4:57 AM  

    လာလည်တယ်..ဘာကျွေးမှာလဲ? ဒါနဲ့ Cbox ကဘယ်မှာလည်း?????

  • PINKLADY
    December 6, 2007 at 5:00 AM  

    လာလည်ပါတယ်...သိုးလေးရေ :)

  • hnin
    December 7, 2007 at 5:02 AM  

    ကိုနတ်အဆိုးကြီး မလာတာကြာလို့ သိုးလေးက ဘယ်လိုက်ရမလဲလို့...
    တကယ်ကို ဆေးမရှိဖြစ်နေပြီ ကိုပီကေရ...
    ညီမလေးဝင်္ကပါပေးတဲ့ဆုကြောင့် ကူညီမယ့်သူ အဆင်သင့်ရှိနေတယ်...
    ကိုအိပ်မက်နက်က ပြန်ကျွေးရမှာနော်... ကိုယ့်အကြောင်းကိုယ်သိပါကွယ့်...
    ပန်းရောင်လေး လာသွားတော့ ဘလော့တောင် ပန်းရောင်သန်းပေါ့... ဟိဟိ... ချတာ

  • Myo Kyaw Htun
    December 7, 2007 at 7:37 AM  

    မသိတာရှိရင်လဲ မေးပါဗျာ။ လက်လှမ်းမှီသလောက်တော့ ပြောပြပေးလို့ရပါတယ်။

  • မျှားပြာ
    December 10, 2007 at 9:29 AM  

    အဟိ ကျွန်တော်ကတော့ ဘာမှ မသိဘူး ။

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster