နှစ်ဟောင်းရဲ့အဆုံးသတ် ရက်စွဲတစ်ခုနှင့် ကျွန်မ  

December 31, 2007

နှစ်ဟောင်းရဲ့အဆုံးသတ် ရက်စွဲတစ်ခုနှင့် ကျွန်မ

နှစ်တစ်နှစ်ကုန်ဆုံးလို့ နေ့သစ်တွေမွေးဖွားခြင်းရဲ့အစ ရောက်ရပြန်တော့မယ်။ တကယ်တော့ တစ်နှစ်ပြီးတစ်နှစ် နှစ်သစ်တွေ စတင်တိုင်း ငါဟာ စိတ်သစ် လူသစ်နဲ့ နှစ်သစ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ခဲ့တာ ကိုယ့်ဘ၀ကိုယ် ရပ်တည်ချင်တဲ့စိတ် စတင်ဖြစ်ပေါ်ကတည်းကပဲ။ ဒီလိုနဲ့ ခုဆို ၂၀၀၇ ကုန်ဆုံးပြီ။ မနက်ဖြန်ဆို ၂၀၀၈ ဖြစ်ပြီ။ ညီမလေး ၀င်္ကပါ ပြောသလိုပဲ ကိုယ်လုပ်ခဲ့သမျှ အရာအားလုံးကို လက်က ချမရေးရဲသေးဘူး။ စိတ်နဲ့ အရင်ခန့်မှန်းကြည့်တယ်။ သေချာတာတော့ ကျေနပ်အားရမှုမရှိသေးတဲ့အတိုင်းအတာတစ်ခုပဲ။ ငါဟာ ကြိုးစားဆဲပါပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ၃၁ မှာ အမှတ်တရရှိခဲ့တာတော့ သေချာတယ်။ ပျော်ရွှင်ခြင်းလား၊ ၀မ်းနည်းကြေကွဲခြင်းလား... အေးချမ်းသော သိုးမလေး လို့ ချစ်ကြသူတွေက ခေါ်ကြတယ်။ ချစ်ရတဲ့ ဖေဖေကတော့ သမီးလေး နှင်း လို့ ခေါ်တယ်။ အမည်ပညတ်ချက်အတိုင်း နင့်ကို အေးချမ်းစေချင်တယ်လို့ အချစ်ဆုံးသူငယ်ချင်းက ပြောခဲ့တယ်။ ဖြူစင်သော သိုးမလေးရယ်လို့ မရည်ရွယ်ပါဘဲ ဒီနာမည်ကို ရခဲ့တယ်။ ဘ၀မှာ ပေးဆပ်မှုသာ ရှိမယ်လို့ မမေးရဘဲ ဗေဒင်ဟောခံထားရတယ်။ ဒါတွေဟာ တိုက်တိုက်ဆိုင်ဆိုင် ၃၁ မှာ ဖြစ်ခဲ့တာတွေပါ။ မယုံ ပုံပြင်လို့မှတ်။ မနှစ်က ၃၁ မှာ ပျော်ရျွင်ခြင်း၊ ၀မ်းနည်းခြင်း ဘာဆိုဘာမှ မရှိခဲ့ဘူး။ အဖေ့ကို သတိရတဲ့စိတ်က လွဲလို့ပေါ့။ ဒီ ၃၁ မှာတော့ တကယ်ကို အငိုမျက်လုံး အပြုံးမျက်နှာ ဆိုသလို အဖေ့အတွက် လွမ်းတဲ့စိတ်ကြောင့် ငိုချင်နေတဲ့နှလုံးသားကို သူငယ်ချင်းတွေရဲ့ ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ ဆိုတဲ့ ဆုတောင်းလေးတွေဖတ်ပြီး ပြုံးရယ်နေတဲ့ မျက်နှာက အရှက်ရနေတယ်။ မမလေး tag လို့ ရေးလိုက်တာ။ လက်တန်း။ ဘာမှ ပြင်ဆင်ထားခြင်း မရှိ၊ ရည်ရွယ်ထားခြင်း မရှိပါဘဲ တဒင်္ဂဖြစ်ပေါ်လာတဲ့ ခံစားချက်အတိုင်း ချရေးလိုက်တာပါ။ ၃၁ ကို ၃၁ မှာပဲ ထားခဲ့ချင်တယ်လေ။ အားလုံးပဲ နှစ်သစ်ကို ပျော်ရွှင်မှုတွေနဲ့အတူ ရွှင်လန်း လတ်ဆတ်စွာ စတင်နိုင်ပါစေ။

AddThis Social Bookmark Button


4 comments: to “ နှစ်ဟောင်းရဲ့အဆုံးသတ် ရက်စွဲတစ်ခုနှင့် ကျွန်မ

  • Layma
    December 31, 2007 at 7:12 AM  

    သိုးလေး..သိုးလေး..ချစ်ဖို့ကောင်းတဲ့ သိုးလေး..မမလေး ရေးခိုင်းတာနဲ့ လက်တန်းရေးပြီး တင်ပေးတယ်..။ လိမ္မာတဲ့ သိုးလေးကို သူတော်ကောင်းတွေ စောင့်ရှောက်မှာပါ...။
    နှစ်သစ်ကိုပျော်ရွှင်စွာ ကူးပြောင်းနိုင်ပါစေ..။
    ခင်တဲ့

    မမလေး

  • Mhaw Sayar
    December 31, 2007 at 1:52 PM  

    Happy New Year ပါ သိုးမလေးရေ၊ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အောင်မြင်မှုအသစ်တွေ ပိုင်ဆိုင်နိုင်ပါစေ။ !

  • hnin
    January 2, 2008 at 6:04 AM  

    မမလေး... သိုးလေးလျက် ခင်လျက်...

    ကိုမှော်ဆရာရဲ့တန်ခိုးနဲ့ သိုးတစ်ကောင် လူစစ်စစ်ဖြစ်ချင်တယ်။ :) ပျော်ရွှင်ပါစေ

  • hnin
    January 2, 2008 at 6:11 AM  

    မှားဖြစ်အောင် မှားသေးတယ်။ သိုးလေးလည်း ခင်လျက် လို့ ပြောတာကို... ဘွာတေး ဘွာတေး... မမလေး...

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster