ရှိနေဆဲပါ ကြယ်...  

June 02, 2008

ရှိနေဆဲပါ ကြယ်...

တနင်္ဂနွေတစ်နေ့မှာ ဆရာက topic တစ်ခု ချပေးတယ်။
ီDescribe an important thing in your life တဲ့။ အဲဒါနဲ့ပတ်သက်ပြီး essay တစ်ပုဒ်လည်း လက်တန်းချရေးဖို့ ၄၅ မိနစ် အချိန်ပေးတယ်။ ကျွန်မဘ၀မှာ အရေးအကြီးဆုံးဆိုတဲ့အရာကို များများစဉ်းစားဖို့ မလိုပါဘူး။ အချိန်တိုင်း ကျွန်မဦးနှောက်ထဲ၊ အရိုးထဲ၊ နှလုံးသားထဲထိ စွဲထင်နေတဲ့ ကျွန်မရဲ့ လမ်းပြကြယ်လေးပဲပေါ့။ ၄၅ မိနစ်ဆိုတဲ့ အချိန်အတိုင်းအတာဟာ သာမန်လူတွေအတွက်တော့ ပိုလွန်းနေမှာဖြစ်ပေမဲ့ ကျွန်မအတွက်တော့ အစပျိုးလောက်ရုံပဲ ရှိပါတယ်။ တကယ်တော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောရရင် ကျွန်မဘ၀တစ်ခုလုံးကို ပြောပြရမှာလေ။ လွန်ခဲ့တဲ့ ၁၅ နှစ်၊ ကျွန်မအသက် ၈ နှစ် သမီးက ရခဲ့တဲ့ လမ်းပြကြယ်ဟာ အဲဒီအချိန်ကစလို့ စက္ကန့်တိုင်း၊ မိနစ်တိုင်းမှာ ကျွန်မဘ၀ရဲ့ အရေးကြီး အစိတ်အပိုင်းတွေမှာ ပါဝင်ပတ်သက်နေခဲ့ပါတယ်။


*


၄၅ မိနစ်ဆိုတဲ့ အချိန်ကန့်သတ်ချက်ကို Time's up ဆိုတဲ့ ဆရာ့ရဲ့အသံက အတည်ပြုသတ်မှတ်လိုက်တဲ့အခါ ကျွန်မတို့အားလုံး ပြီးဆုံးခြင်း အနေအထားကို ရောက်ရှိနေပါပြီ။


"First Row, Joanne"

ဆရာ့ရဲ့မူအရ essay တစ်ပုဒ် ရေးပြီးတိုင်း တစ်ယောက်စီ အလှည့်ကျ အတန်းရှေ့ထွက်ပြီး ကိုယ်ရေးခဲ့တဲ့ essay ကို တစ်တန်းလုံး ကြားအောင် ရွတ်ပြရပါတယ်။ ကိုယ့်အလှည့်မဟုတ်လို့ အာရုံစိုက် နားမထောင်ချင်လို့လည်း မရပါဘူး။ တစ်ယောက်ဖတ်ပြီးသွားတိုင်း ကျန်တဲ့ အတန်းသားတွေကို ဆရာက စိတ်ကြိုက် လက်ညှိုးထိုးပြီး ရွတ်ပြသွားတဲ့ essayို ကိုယ်နားလည်သလို ပြန်ပြောခိုင်းတတ်တာမို့ တစ်တန်းလုံးရဲ့ အာရုံဟာ essay ရဲ့ အနှစ်သာရအပေါ်မှာပဲ ကျရောက်နေတတ်ပါတယ်။


လူတွေရဲ့ဘ၀မှာ အရေးကြီးဆုံးပစ္စည်း ဆိုတာတွေဟာ အမျိုးမျိုးပါပဲ။ အများအားဖြင့်တော့ ဈေးနှုန်းသတ်မှတ်ချက်အရ တန်ဖိုး မြင့်ကြတာပေါ့။ တချို့က လည်ဆွဲ တဲ့။ အချိန်တိုင်းဆွဲထားတာ အိပ်နေရင်တောင် မချွတ်ဘူးလို့ပြောတယ်။ တချို့ကျတော့ အရုပ်၊ မွေးပွရုပ်တဲ့။ တစ်ရုပ်ပျက်သွားတဲ့အခါ နောက်တစ်ရုပ် ချက်ချင်းဝယ်တယ်။ အဲဒီအရုပ်မရှိရင် မနေတတ်အောင် ဘ၀မှာ အရေးပါသတဲ့။ တချို့ကျတော့လည်း နားကပ်၊ တချို့ကျတော့လည်း ကား တဲ့။ ကိုယ့်စိတ်ကူးနဲ့ ကိုယ်မို့ အားလုံးရဲ့စိတ်ကူးတွေဟာ ကျွန်မရဲ့နားထဲမှာ ဆန်းသစ်နေပါတယ်။ ကျွန်မဘ၀ရဲ့ အရေးကြီးဆုံးပစ္စည်းတွေကတော့ သူတို့ရဲ့နားထဲမှာ ငြီးငွေ့စရာ ဖြစ်နေမလားပဲ။


ရှေ့ဆုံးတန်းရဲ့ အစွန်ဆုံးခုံက ငါးယောက်မြောက်လူဖြစ်တဲ့ ကျွန်မအလှည့် ရောက်လာပါပြီ။
"Melinda"

ဆရာ့ရဲ့ အောင်မြင်ခန့်ညားတဲ့အသံက တည်ငြိမ်စွာ ထွက်ပေါ်လာပါတယ်။


ဆရာ့ကို ကျွန်မ စာအုပ်ကလေးပေးလိုက်တဲ့အခါ ဆရာက ok ဟု ပြောပြီး စာအုပ်ကလေးကို ဖွင့်လှန်လိုက်ပါတယ်။

ကျွန်မကိုယ်စား ဆရာက တစ်လုံးချင်း လေးနက်စွာ ဖတ်ပြပါတော့တယ်။ ရင့်ကျက်မှု၊ တည်ငြိမ်မှု၊ စာနာမှုတို့ ပြည့်နေတဲ့ ဆရာ့ရဲ့အသံဟာ တစ်တန်းလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဆရာ့ဘေးမှာ ရပ်နေတဲ့ ကျွန်မကတော့ ကျွန်မရဲ့ essay ထဲမှာ အသက်ဝင်လှုပ်ရှားလို့ နေပါတယ်။


တကယ်တော့ ခုလို ကျွန်မရဲ့ လမ်းပြကြယ်လေးကို အများသူငါရှေ့မှာ ထုတ်ဖော်ပြောပြခွင့်ရဖို့ ဘယ်တုန်းကမှ မမျှော်လင့်ဖူးပါဘူး။

"My father gave me as my birthday present. He knew how the darkness and dreariness always got me down. What would have been more perfectly timed more attuned to my need"


ဆရာ့ရဲ့အသံက တစ်ချက်တစ်ချက် ကျွန်မနားထဲကို ၀င်ရောက်လာပါတယ်။ တကယ်ပါ၊ ကျွန်မရဲ့ဝိညာဉ်က ဆရာ့ကို ပူးကပ်သွားသလိုမျိုး ကျွန်မဟာ စိတ်ရှိလက်ရှိ တစ်ကြောင်းချင်း အားရစွာ ဖတ်ပြနေပါတယ်။ တစ်ချိန်တည်းမှာပဲ ရုပ်ရှင်တစ်ကား အနှေးကွက်ပြသလို အာရုံမှာ ထင်ဟပ်လာခဲ့တယ်။


*


မှောင်လွန်းတဲ့ ညဟာ အဲဒီနေ့ကစလို့ ကျွန်မအတွက် အမြဲ လပြည့် ဖြစ်စေခဲ့တယ်။ အဖေဟာ ကျွန်မရဲ့ ၈ နှစ်မြောက် မွေးနေ့အတွက် ကျွန်မအိပ်ရာရဲ့ မျက်နှာကြက်မှာ တိမ်ဆိုင်တွေ အပြည့်တပ်ဆင်လို့ လပြည့်ည မီးသီး ၀ိုင်းစက်စက်လေးနဲ့အတူ အဏုမြူကြယ်လေး တပ်ဆင်ပေးခဲ့တယ်။ ညစဉ်ညတိုင်း အဖေနဲ့အတူတူ၊ တစ်ခါတစ်ရံ အမေနဲ့အတူတူ ကျွန်မကောင်းကင်ကို ကြည့်တယ်။ ကျွန်မရဲ့ကောင်းကင်ဟာ ကျွန်မအတွက်တော့ အမြဲ တစ်ရာသီပဲပေါ့။ ရက်ပေါင်း ၂၀ တိတိ ပြည့်တဲ့ တစ်နေ့မှာ အဖေက တခြားဘ၀တစ်ခုကို ကျွန်မထက်အရင် သွားနှင့်တယ်။ အဲဒီညမှာ တစ်ရာသီကောင်းကင်ကတောင် မိုးတွေရွာနေတာ ကျွန်မမျက်ဝန်းထဲမှာ တွေ့ခဲ့ရတယ်။ သည်းသည်းမည်းမည်းပါပဲ။


နောက်ပိုင်း အမေလာတဲ့ ညတွေမှာ အမေနဲ့အတူတူ ကျွန်မ ကောင်းကင်ကို ကြည့်ပြီး၊ တစ်ယောက်တည်းရှိတဲ့အခါတော့ ကျွန်မကောင်းကင်ပေါ်က အဖေနဲ့အတူ စကားတွေပြောတယ်။


"Hard times almost over. Hold on, keep going on, Light is coming soon"
အဖေဟာ ကောင်းကင်ပေါ်ကနေ ကျွန်မကို ညတိုင်း အဲဒီလို အမြဲပြောတတ်တယ်။
ဒုက္ခတွေ ငြိမ်းအေးပြီး ရဲရဲဝံ့ဝံ့ ဘ၀ခရီးကို လျှောက်စမ်း၊ ရပ်မနေနဲ့။ ဆက်ပြီးလျှောက်နော်၊ အလင်းရောင် လာတော့မယ်တဲ့။

ဆွံ့အခြင်း ဆိုတဲ့ ပျောက်ဆုံးနေတဲ့ ကျွန်မရဲ့ ဆည်းလည်းသံဟာ တစ်ခါတစ်ရံ ကျွန်မဘ၀ရဲ့ လမ်းကြောင်းကိုတောင် မှေးမှိန်စေပါတယ်။ ကိုယ့်ဘ၀ကိုယ် နာကြည်းမုန်းတီးစိတ်တွေဟာ အဖေ့ရဲ့ကောင်းကင်အောက်မှာတော့ ကျရှုံးသွားစမြဲပါ။ ကျွန်မဘ၀ လမ်းမပျောက်စေချင်တဲ့ အဖေ့ရဲ့ မေတ္တာနဲ့ အဖေ့ရဲ့လမ်းပြကြယ်ဟာ ကျွန်မရဲ့ ငြီးငွေ့စရာ အထီးကျန်ဘ၀ကို ရှေ့ဆောင်ပေးနိုင်ခဲ့တယ်။ သူတို့ကိုမြင်ရတိုင်း ကျွန်မအတွက် ယုံကြည်ချက်နဲ့ လုံခြုံမှုတွေ ပေးခဲ့ပါတယ်။


အဖေပြောပြတတ်တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေထဲမှာ ကျွန်မ ၀င်ရောက်ခံစားနိုင်ခဲ့တယ်။ သူတို့လိုမဖြစ်ရင်တောင် ကျွန်မဘ၀ အဓိပ္ပာယ်မဲ့ သေဆုံးမသွားဖို့ ကျွန်မရဲ့ လမ်းပြကြယ်လေးကို ကတိပေးနိုင်ခဲ့တယ်။

*


ှု I missed him terribly, though I know he would always be a part of me, together with the atomic star.

ဆရာ့ရဲ့ ရွတ်ဆိုသံအဆုံးမှာ ဆရာဟာ ကျွန်မကို တစ်ချက်လှမ်းကြည့်ပြီး ညေပာသမန လို့ မေးလာပါတယ်။ ကျွန်မ ခေါင်းဆတ်ပြလိုက်တဲ့အခါ ဆရာက marker ကို လှမ်းယူလိုက်ပြီး ကျွန်မကို ပေးတယ်။ ရင်ထဲမှာ ကျန်ရှိနေတာလေးတွေကို whiteboard ပေါ် ကျွန်မ ချရေးလိုက်တယ်။


"How is he now? Where is he? I felt guilty for having doubts, but sometimes, I thought, faith is so hard. Atomic star built my faith for a life time"

AddThis Social Bookmark Button


6 comments: to “ ရှိနေဆဲပါ ကြယ်...

  • win zaw
    June 3, 2008 at 9:19 PM  

    သိပ်ကောင်းတဲ့ခံယူချက်ပါ။
    ဘယ်အရာမှ ပညာထက် ပိုမို တန်ဖိုးမရှိနိုင်သလို
    ဘယ်အရာမှ အောင်မြင်မှုထက် ပိုမို မချိုမြိန်နိုင်ပါဘူး။
    ပညာရဲရင့် ပွဲလယ်တင့်ခဲ့ပြီမို့
    ဂုဏ်ယူတယ် လို့
    ပြောချင်ပါတယ်။

  • Mhaw Sayar
    June 5, 2008 at 6:19 AM  

    အချိန်လုပြီးရေးရတဲ့ စာတွေထဲမှာတောင် ညီမလေး လက်ရာတွေက ရိုးရိုးလေးနဲ့ စိတ်ဝင်စားစရာ ကောင်းတုန်းပဲ ညီမရေ..

  • pandora
    June 17, 2008 at 9:20 AM  

    ရင်ထဲကိုထိတဲ့စာလေးပါ ညီမလေးရေ

  • တစ်ပြည်သူ အိမ့်ချမ်းမြေ့
    June 20, 2008 at 1:27 AM  

    သိုးလေးနဲ့ မလေး တိုက်ဆိုင်မှုတွေ သိပ်များနေပြီ သိုးလေးရယ်…
    မလေး ဖေဖေလဲ မလေး ငယ်ငယ်က မလေးတို့ကိုခွဲခွာသွားခဲ့တယ်…
    မလေးကိုလဲ သောင်္ကြာကြယ်လေး လက်ဆောင်ပေးခဲ့တယ်လေ…

  • M.Y.
    July 21, 2008 at 4:39 AM  

    အမေလာတဲ့ညတွေမှာ ဆိုတော့ အမေက အမြဲအတူရှိမနေတာလား...ဒါပေမယ့် ဒါက ဒီကြယ်ဇတ်လမ်းမှာ အဓိကမဟုတ်တော့ပြန်ဘူး…အဖေ့လက်ဆောင်လမ်းပြကြယ်ကလေး..အဖေ့ရဲ့ ကောင်းကင်က အမြဲရှင်သန်နေတဲ့အင်အားတွေ..ချွေချပေးနေတယ်….
    တစ်စုံ၊တစ်ရာ ရ သွားပါတယ်..
    ရသစာတမ်းကောင်းကလေးပဲ

  • ziwakka
    March 18, 2009 at 12:11 PM  

    very nice article. Keep up the good work!

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster