အနီး အဝေး
September 15, 2007
အနီး အဝေး
အိမ်အပြန် အမြန်ယာဉ်လို
ဒုန်းစိုင်းနေတဲ့ စိတ်
လိပ်တစ်ကောင်လို ခြေလှမ်းမျိုးနဲ့
ဘ၀ကြီးထဲ ဖြတ်သန်းနေဆဲ
အနီးပါးက ဖြတ်သန်းသွားသမျှ
ကျားသတ္တ၀ါ အားကျလိုက်
လေမှာဝဲပျံနေတဲ့ စွန်ရဲကို
မျှော်ကြည့်လိုက်နဲ့
အခါများစွာ ဖြစ်ခဲ့ဖူးမှာပဲ
ကျားသတ္တ၀ါနဲ့ စွန်ရဲ
အမည်တွေ ဘယ်လိုပဲကွဲကွဲ
အားလုံးဟာ ဖြစ် ပျက် ထဲက မလွဲဘူး
အရာအားလုံးမှာ
အကောင်းနဲ့ အဆိုး ဒွန်တွဲနေမြဲပဲ
အမှောင်တွေပဲ ကွက်မကျသလို
အလင်းချည်းပဲလည်း အမြဲမဖြစ်နိုင်ဘူး
အလိုက်သင့်လေး စီးမျောတတ်ဖို့ပဲလိုတယ်
အဖြူရောင် မနော
မလျှော့သော ဇွဲနှင့်
ညာဏ်ကိုသာ ကူ
လူပီပီ လူတစ်ယောက်အဖြစ်နဲ့
မသေဆုံးတဲ့ နာမည်တစ်လုံးတော့
ရမှာ သေချာတယ်။
 
 Posts
Posts
 
 
September 15, 2007 at 4:58 PM
္န္နှနှင်းနှင်းရေ
ဝါသနာတူချင်းတွေ့ရလို့ဝမ်းသာတယ်ဗျာ နှင်းနှင်းဆီမှာ ကိုချောရဲ့ ' ရောဂါသည်းချိန်ဒီရေများ 'ရှိလားမသိဘူး....ရှိရင်မျှပါခင်ဗျာ...က္ဇျန်တော်ကအဝေးရောက်နေလို့ရှာရမလွယ်ဘူးဖြစ်နေလို့ပါ....ကဗျာဖတ်ပေးတဲ့အတွက်ကျေးဇူးပါ...က္ဇျန်တော် ညိုထက်ညို ပါ
September 15, 2007 at 7:40 PM
နာမည်တစ်လုံးနဲ့ နေဲကသူများ ကားဘဲ ကြည့်ဖူးပါတယ်။ ခုတော့ နေတဲ့သူပါ တွေ့ရပြီပေါ့နော်။
September 15, 2007 at 11:02 PM
သိုးလေး…
ကဗျာလေးကောင်းတယ်..။
မမလေးမှာတော့ နာမည်က တစ်လုံးမကဘူး… အများကြီးပဲ…ဟိ….။
September 16, 2007 at 10:29 AM
ရမှာပါ အချိန်လေး တစ်ခုပါပဲ
September 19, 2007 at 6:18 AM
ကိုညိုထက်ညိုရေ... လိုချင်တဲ့ကဗျာလေး ရပါမယ်။ နောက်တစ်ရက်နှစ်ရက်နေတော့...
မမယမင်း နောက်တယ်ပေါ့
မမလေးမ နာမည်တစ်လုံးမကတော့ ကောင်းတာပေါ့။ ဒါမှ ဘယ်သူမှမမေ့ဘဲ အမြဲအမှတ်ရနေမှာ။
ကိုမျှားပြာရေ... အဲဒီနာမည်တစ်လုံး မကျန်ခဲ့လည်း နေပါစေ၊ သိုးလေးက mindfull and goodluck ကို ကျင့်သုံးပြီး အေးအေးဆေးဆေးလေး နေရရင်ပဲ ကျေနပ်တယ်။