လွတ်လပ်ကောင်းကင်  

November 05, 2007

လွတ်လပ်ကောင်းကင်

ငါဆွဲတဲ့ ပန်းချီကား
စုတ်ချက်တွေ များတယ်
ဆေးရောင်တွေ ကြောင်တယ်
အရောင်တွေ မှောင်တယ် လင်းတယ်

ငါရေးတဲ့ကဗျာ
ကာရန်မညီညာဘူး
သဘာဝနဲ့ အံဝင်ခွင်ကျမဖြစ်ဘူး
အမျိုးမျိုး ဝေဖန်ခွင့်ရှိတယ်မိတ်ဆွေ

ဝင်ရိုးစွန်းချင်းတူရင်
တွန်းကန်တတ်ပေမဲ့
ငါကတော့
ခေါင်းလေး ငဲ့
ခါးလေး လှည့်လို့
တူညီရာဝင်ရိုးစွန်းမှာပဲ
ပျော်ပျော်ကြီးလွင့်မျောချင်တယ်
ဒါက
လွတ်လပ်ကောင်းကင်လေ။

AddThis Social Bookmark Button


4 comments: to “ လွတ်လပ်ကောင်းကင်

  • သန့်ဇော်မင်း
    November 6, 2007 at 3:30 AM  

    စာမေးပွဲပြီးသွားပြီလားဝေးး
    ဖြေနိုင်လား

  • MCT
    November 6, 2007 at 5:17 AM  

    ခေါင်းလေးငဲ့ ခါးလေးလှည့်တဲ့
    သိပ်လှတာဘဲ။
    အရမ်းကြိုက်တယ်။
    လွတ်လပ်ကောင်းကင်ဆိုတာလေးလဲ လှတယ်

    ညီမလေး ကသိပ်ရေးတတ်တယ်

  • မျှားပြာ
    November 6, 2007 at 7:37 AM  

    လွတ်လပ်ကောင်းကင်တဲ့လား အရမ်းလှတယ်ဗျာ ကဗျာလေးက

  • Layma
    November 9, 2007 at 5:04 AM  

    လွတ်လပ်ကောင်းကင်ကို အနှောင်အဖွဲ့  ကြိုက်တဲ့ လူသားတွေက ဝေဟင်ပိုင်နက်ဆိုပြီး ဘောင်တွေခတ်ပစ်ချင်တတ်ကြသေးတယ်... သိုးလေး ရဲ့ ...။ အဲဒီအခါ လွတ်လပ်ကောင်းကင်မှာ လွတ်လပ်စွာပျံဝဲဖို့  ကြောင့်ကြမှုတွေ က ဘေးက ဆိုင်းတီးပေးနေပြန်တယ်...။

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster