မနက်ဖြန်ဆိုတာ ရှိခဲ့ရင်...  

November 18, 2007

မနက်ဖြန်ဆိုတာ ရှိခဲ့ရင်...

အနားသတ်မညီညာတဲ့ ကောင်းကင်

အလင်းညှိမထားတဲ့ ကြယ်တွေနဲ့

မပြည့်ဝတဲ့ လ

အဲဒီညရဲ့

သာမန်လက်ဖက်ရည်ဆိုင်လေးထဲက

အရောင်လွင့် တိမ်ဖျော့ ကျွန်တော်

သီချစ်းတစ်ပုဒ်အတွက် အသင့်ဖြစ်နေတဲ့

ကြိုးညှိပြီးသား ဂစ်တာတစ်လက်နဲ့

သီချင်းရေးစပ်ဖို့ အဖြူရောင်စာရွက်တစ်ရွက်

ဒါ ကဗျာတစ်ပုဒ်ပဲလား...


ပြီးဆုံးခြင်းပြည်ဖုံးကားနောက်မှာ

ကျွန်တော်တို့ဘ၀တွေ ရေးဆွဲခဲ့ကြတယ်

အရောင်အသွေးတွေလည်း စုံလင်တယ်

...........................

...........................

...........................


ခွင့်လွှတ်ပါ

မနက်ဖြန်ဆိုတာရှိခဲ့ရင်

မနက်ဖြန်မှ ဆက်ကြတာပေါ့။

AddThis Social Bookmark Button


7 comments: to “ မနက်ဖြန်ဆိုတာ ရှိခဲ့ရင်...

  • Editor
    November 19, 2007 at 2:02 AM  

    ဒါဆိုလည်းမနက်ဖြန်မှပဲ comment ရေးတော့မယ်..

  • Layma
    November 19, 2007 at 3:50 AM  

    မနက်ဖြန်ဆိုတာ မသေချာဘူး..သိုးလေးရဲ့...။ သိုးလေးကတော့လေ... ဒီကောင်းကင်ကြီးကို မျိုးစုံလုပ်နေတော့တာပဲ...။ ဒါနဲ့  ဆီပုံးရော...။ ရောင်းစားလိုက်ပြီလား.....။

  • မျှားပြာ
    November 19, 2007 at 3:56 PM  

    ဘာလို့ မနက်ဖြန်ဆိုတာ မသေချာရမှလားဗျ ..
    ဟတ် ဟတ် သိုးလေး နက်ဖြန်ဆိုလဲ နက်ဖြန်ပေါ့နော်း)

  • MCT
    November 20, 2007 at 5:43 AM  

    မနက်ဖန်မှ ဆက်လို့အရဘူး။
    အခုဆက်။ အခုဆက်ပါ။

    ညီမလေး နှင်းနှင်းရေ
    စိတ်ပျော်ရွှင်အောင်လေး
    တင်ထားပြီးနော်။
    ညီမလေး ပျော်ရွှင်ပါစေ

  • pandora
    November 20, 2007 at 7:34 AM  

    မနက်ဖြန်ကို မစောင့်နိုင်တော့ဘူး
    ဒီနေ့ပဲ ရေးသွားတယ်။ မှတ်ချက်။

  • Mintasay
    November 20, 2007 at 12:46 PM  

    တစ်ခုခုကိုခံစားလိုက်ရသလိုပဲ

  • hnin
    November 21, 2007 at 4:59 AM  

    မနက်ဖြန် ရောက်သေးဘူးလေ...ကိုရဲနိုင်စိုး :P
    မမလေး... ဒီဆီဗုံးကြီးပဲ ပျောက်နေတယ်လား၊ စိတ်ထဲရှိရာလေးတွေ အော်ချင်ရင်ဆိုတဲ့ လင့်အောက်မှာပါလို့ဆို လို့ဆို လို့ဆို...
    ကိုမျှားပြာ :)
    မမမိုး... ပျော်ရွှင်နေပါတယ်၊ မမပေးတဲ့ဆုနဲ့...
    မှတ်ချက်နောက်မှာ ဘာများရှိမလဲလို့ လိုက်ရှာနေတယ် မမပန်။
    >>ကိုမင်းတစေ...အဲဒီတစ်ခုခုကို ရေးခဲ့ဘဲနဲ့... ဟွန့်... :P

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster