ငါနှင့် ငါမဟုတ်တဲ့ ငါ  

November 10, 2007

ငါနှင့် ငါမဟုတ်တဲ့ ငါ

ငါ့ခန္ဓာထဲမှာ
ငါနှင့်အတူ
ငါဆိုတဲ့
မကောင်းဆိုးဝါးကိုယ်ပွားရှိနေတယ်
ခုမှတော့မဟုတ်ဘူး
ကြာခဲ့ပြီ
မွေးကတည်းကဆိုပါတော့
ငါ့ရဲ့မျှော်လင့်ခြင်း
ငါ့ရဲ့စိတ်ကူး
ငါ့ရဲ့အိပ်မက်
ငါ့ရဲ့ရပ်တည်ချက်
အားလုံးကို ချေဖျက်တယ်
အဆုံး
ငါ့မွေးရာပါ ဦးနှောက်ညာဏ်တောင်
ညံ့ဖျင်းအောင်လုပ်တယ်
ငါ့ဖန်တီးမှု
ငါ့ပြီးပြည့်စုံမှု
ငါ့လွတ်လပ်မှု
ဘာတစ်ခုမှမချန်တဲ့အပြင်
ငါ့ဒုက္ခတွေကိုဝေမျှဖို့
ပြောဆိုခွင့်တောင်မပေးဘူး
ငါ့ကိုယ်ထဲက ငါ့ကို
အပြီးအပိုင်ထုတ်ပစ်လိုက်ဖို့လည်း
ငါမတတ်နိုင်ခဲ့ဘူး
ငါဟာ ငါနှင့်အတူ
အမြဲရှိနေတယ်
သေဆုံးချိန်တိုင်အောင်ပဲ။

Who Am I ရဲ့ The concept of "I" and "Me" နဲ့ တခြားစာသားလေးကို ဖတ်မိပြီး အတွေးဝင်သွားလို့ ရေးဖြစ်တာပါ။

AddThis Social Bookmark Button


7 comments: to “ ငါနှင့် ငါမဟုတ်တဲ့ ငါ

  • naing
    November 10, 2007 at 3:32 AM  

    စိတ်လျော့ အစ်မ စိတ်လျော့ ။ :)

  • Winkabar
    November 10, 2007 at 6:21 AM  

    ကောင်းတယ်အစ်မ ရေးထားတာလေး။

  • Unknown
    November 10, 2007 at 8:26 PM  

    look like my poem :) great!!!

  • သန့်ဇော်မင်း
    November 11, 2007 at 7:43 PM  

    သိုးလေးရေ.... ဒီကဗျာလေးလည်း ကောင်းတယ်ကွ... အားကျတယ်.. အားကျတယ်..

  • hnin
    November 12, 2007 at 4:06 AM  

    အဲဒါတောင် စိတ်လျှော့ထားလို့ ကိုအိမ်ရေ... ငါ မိန်းကလေး ပါလားဆိုပြီး ထိန်းထားလို့၊ ဟဲဟဲ။
    ညီမလေးဝင်္ကပါက ကောင်းတယ်ဆိုလို့ thank you။
    ဟုတ်ပါ့ ကို အိပ်မက်နက်ရေ... သိုးလေး သွားဖတ်ခဲ့တယ်။ ရည်ရွယ်ရာလေး ဆင်တယ်၊ ရေးသားပုံလေးရော၊ အဆုံးသတ်လေး လွဲတာက လွဲရင်ပေါ့...
    ကိုသန့်ဇော်မင်း အားပေးလို့နော်.... ရှဲရှဲ

  • မျှားပြာ
    November 12, 2007 at 6:01 PM  

    အဲဒီငါက တော်တော်ဆိုးတယ်နော် ..။ မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့ထဲမှာ ငါထိပ်ဆုံးက ပါမယ်ထင်တယ်။

  • Anonymous
    November 13, 2007 at 4:33 AM  

    တရားနဲ့ ရှုပါညီမရယ် ငါဟာ ငါမဟုတ်ဘူးလို့ မှတ်ကြည့်စမ်းပါ။ ငြိမ်းချမ်းသွားပါလိမ့်မယ်။

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster