June 30, 2007

စာအုပ်အညွှန်း



ဖတ်ခဲ့ဖူးတဲ့ ဘာသာပြန်စာအုပ်တွေနဲ့မတူ တစ်မူထူးခြားစွာ နှစ်သက်ခဲ့ရတဲ့ စာအုပ်ကလေးတစ်အုပ်ကို ညွှန်းဆိုချင်ပါတယ်။ သံစဉ်သံလှိုင်း စိတ်ခိုင်းစေရာ ပါ။ မူရင်းစာရေးဆရာ Daniel Mason ရဲ့ 'The Piano Tuner' ကို မြန်မာပြန်ထားတာပါ။ မြန်မာပြန်ဆိုတာကတော့ စာရေးဆရာမ ၀င့်ပြုံးမြင့် ဖြစ်ပါတယ်။ ဒီဝတ္ထုကလေးကို မူရင်းစာရေးသူဟာ ထိုင်း-မြန်မာ နယ်စပ်မှာ တစ်နှစ်ခန့် သုတေသနပြု လေ့လာရင်း သူ တွေ့မြင်ကြားသိရတာတွေနှင့် သူ လေ့လာဖတ်ရှုထားတဲ့ စာအုပ်စာတမ်းများကို အခြေခံပြီး ရေးဖွဲ့ထားတာလို့ သိရပါတယ်။ 'The Piano Tuner' ဟာ Daniel Mason ရဲ့ ပွဲဦးထွက်ဝတ္ထုဖြစ်သလို သံစဉ်သံလှိုင်း စိတ်ခိုင်းစေရာ ဟာလည်း ဆရာမ၀င့်ပြုံးမြင့်ရဲ့ ပထမဦးဆုံး လက်ရာ၊ ပွဲဦးထွက် ဘာသာပြန်ဝတ္ထု ဖြစ်ပါတယ်။
စန္ဒရားအသံညှိဆရာ အက်ဂါဒရိတ်၊ ဗိုလ်မှူး ဒေါက်တာအန်တိုနီကာရိုး၊ ရှမ်းအမျိုးသမီးလေး ခင်မျိုး၊ မဲလွင်ရွာနှင့် သံလွင်မြစ်ထဲ မျှောချလိုက်တဲ့ အီရဒ်စန္ဒရား ... စတဲ့ ဇာတ်ကောင်တွေ အဓိကပါဝင်တဲ့ ဒီ သံစဉ်သံလှိုင်း စိတ်ခိုင်းစေရာ ဟာ ရင်ခုန်စရာ လှုပ်ရှားသက်ဝင်နေတဲ့ စွန့်စားခန်းဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။ စာမျက်နှာ ၄၁၉ မျက်နှာရှိတဲ့ ဒီဝတ္ထုကြီးဟာ ဆရာမ၀င့်ပြုံးမြင့်ရဲ့ ပထမဦးဆုံးလက်ရာ ဆိုပေမဲ့ အစဖတ်လိုက်တာနဲ့ အဆုံးထိ မဖတ်ဘဲမနေနိုင်အောင် ဆွဲဆောင်မှုရှိတဲ့ ဘာသာပြန်ဝတ္ထု ဖြစ်ပါတယ်။ ဒီဝတ္ထုကို ဖတ်ပြီးသွားတာနဲ့ ရင်ထဲမှာ အမျိုးအမည်မသိတဲ့ ခံစားမှုလေးတစ်ခု ကျန်ခဲ့မယ်ဆိုတာ သေချာပါတယ်။ ဒီဝတ္ထုလေးမှာ ဆရာပါရဂူနဲ့ ဆရာနတ်နွယ်တို့ကလည်း အမှာရေးပေးထားတာ တွေ့ရပါတယ်။
၁၈၈၆ ခုနှစ်လောက်က မြန်မာပြည်ရဲ့ ပြယုဂ်တွေကို ဖြစ်ရပ်မှန်နှင့် စိတ်ကူးယဉ် ပေါင်းစပ်ရေးဖွဲ့ထားတဲ့ ဒီဝတ္ထုကို ဖတ်ရတာ အရမ်းကို အသက်ဝင်ပြီး ကိုယ် မကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို မျက်ဝါးထင်ထင် မြင်တွေ့နေရသလို ခံစားရတယ်။ မြန်မာပြည်နှင့် မြန်မာလူမျိုးတို့၏ ပကတိအလှတရားကို သံစဉ်တွေနဲ့ရောယှက်လို့ သိမ်မွေ့စွာ ဖွဲ့သီထားတဲ့၊ ကျေနပ်ပီတိကို ခံစားရစေတဲ့ ဘာသာပြန်ဝတ္ထုလေးတစ်အုပ်လို့ ညွှန်းချင်ပါတယ်။ ဘာသာပြန်ဝတ္ထုတွေကို ကြိုက်နှစ်သက်တဲ့ ပုဂ္ဂိုလ်တွေ နှစ်ခြိုက်မယ့် ဘာသာပြန်ဝတ္ထုကောင်းလေးတစ်အုပ် ဖြစ်မှာပါ။

ဒီဝတ္ထုနဲ့ပတ်သက်လို့ အညွှန်းလေးတွေကိုလည်း အနည်းငယ်ဖော်ပြလိုက်ပါတယ်။

မိမိကိုယ်ကို ယုံကြည်မှုရှိစွာ သမိုင်းဖြစ်ရပ်များနှင့် ကိုယ်ပိုင်စိတ်ကူးစိတ်သန်းကို ရက်ကန်းရှယ်ရေးဖွဲ့ခဲ့သော မစ္စတာမေဆွန်သည် ရင်နင့်အောင် ခံစားရသော ၀တ္ထုတစ်ပုဒ်ကို ဖန်တီးခဲ့သည်။ ပရိသတ်ဘက် လှည့်ပြောသော စကားများကား စွဲမက်စရာ...။
ခံစားချက်ပါသော... အာရုံကို ညှို့ယူဖမ်းစားနိုင်သော ဤ၀တ္ထု၊ ကိုလိုနီနယ်ပြုခြင်း၏ လူမဆန်သော၊ အပေးအယူဆန်သော ကိစ္စများကို ဟိုဟိုသည်သည် ထိုးဆွနှိုက်ချွတ်ထားသော ဤ၀တ္ထု၊ ဂီတ၏ ဖမ်းဆုပ်မမိနိုင်သော စွမ်းအားနှင့် ဖန်တီးနိုင်စွမ်းတို့ကို ဖော်ထုတ်ရာတွင် စာရေးဆရာသည် အောင်ပွဲခံခဲ့သည်။

(New York Times)

ဒင်နီယယ်မေဆွန်သည် လှပကျော့ရှင်းသော၊ တုယှဉ်ဖက်မရှိအောင် ၀င်စားဖွယ်ကောင်းသော ပုံပြင်တစ်ပုဒ်ကို သီကုံးပြီး စာဖတ်သူတို့အား ယခုခေတ်တွင် မရှိတော့သော ကမ္ဘာထဲသို့ အကောင်းဆုံး နည်းလမ်းဖြင့် ခရီးထွက်နိုင်အောင် ကမ်းလင့်ခဲ့သည်။ ၁၉ ရာစုခေတ် မြန်မာပြည်၏ မြိုင်ဆိုင်ကယ်ဝသော၊ လှုပ်ရှားသက်ဝင်သော မြင်ကွင်းများ၊ အငွေ့အသက်များ၊ အသွေးအဆင်များဖြင့် 'The Piano Tuner' သည် အံ့သြဘနန်း ပြီးစီးအောင်မြင်ခဲ့သော တန်းမြင့်ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ကျွန်ုပ် အလွန်ပင် နှစ်သက်ခဲ့ရပါသည်။

(Arthur Golden, author of Memoirs of a Geisha)


ထုတ်ဝေသည့် စာအုပ်တိုက် - ပုဂံစာအုပ်တိုက်
တန်ဖိုး - 2000 ကျပ်

AddThis Social Bookmark Button


June 27, 2007

နှင်း...



နှင်းဆိုတာ
ကမ္ဘာကို အေးမြခြင်းနှင့် အဖြူရောင်သက်သက်ကိုသာ ယူဆောင်ပေးတယ်။
ရွက်ဝါကြွေနှောင်း ရာသီပြောင်းလို့ နွေလေရဲ့အပူတွေ ကုန်ဆုံးပြီးတဲ့အချိန်
... ... ...
လူတွေဟာ ဆောင်းဆိုတဲ့ နှင်းတွေကျမယ့် ရာသီကိုမျှော်လင့်တောင့်တတတ်ကြတယ်။

ဆောင်းလေရဲ့ အအေးဓါတ်ပါတဲ့လေက စတင်လို့ တိုက်ခတ်လာပြီ၊
ကမ္ဘာမြေကို နှင်းတွေ လွှမ်းခြုံလိုက်ပြီဆိုရင်ပဲ
ပန်းချီဆရာတစ်ယောက် လက်ရာမြောက်စွာ ပန်းချီကားကြီးတစ်ချပ်ကို ဆွဲလိုက်သလိုပဲ လူတွေရဲ့အာရုံကို ဖမ်းစားညို့ယူလိုက်နိုင်တယ်။

အဲသလိုပဲ နှင်းဟာ အင်မတန် ဖြူစင်တယ်၊ လှပတယ်။
နှင်းတွေကျလာရင် ပျော်ရွှင်တယ်၊ ကြည်နူးတယ်။

ဆောင်းပန်းချီကားတစ်ချပ်ရဲ့အလှမှာ နှင်းက အသက်ပဲလေ...။

AddThis Social Bookmark Button


June 25, 2007



ကော်ဖီသောက်သွား... ဘာမှမရေးနိုင်သေးလို့ ရှိတာလေးနဲ့ဧည့်ခံတာ... မသောက် သောက်သောက် သောက်သောက်သောက်...

AddThis Social Bookmark Button


June 23, 2007

စိတ်ညစ်နေတဲ့ စိတ်


ညစ်နေတဲ့ ငါ့ရဲ့ စိတ်

ဘာနဲ့လျှော်ဖွပ်ရမလဲ

ယိုယွင်းနေတဲ့ ငါ့ရဲ့စိတ်

ဘာနဲ့ မတ်အောင် ပြုပြင်ရမလဲ

စိတ်စေရာ ငါလုပ်

အရုပ်တစ်ရုပ်လို ဖြစ်နေမပေါ့

အခု...

ငါ့ရဲ့စိတ်...


စိတ်ညစ်နေတဲ့ ငါ့ရဲ့ စိတ်...

AddThis Social Bookmark Button


- - - - -

အဖြူစင်ဆုံး အချစ်နဲ့ ချစ်ခဲ့တဲ့

နှလုံးသားတစ်ခုပါ ချစ်သူ

ရယူဖို့လည်း မမျှော်လင့်ရဲသလို

စွန့်လွှတ်ဖို့လည်း မချင့်မရဲပါ

ကြင်နာသူ... မင်းသာ ပျော်ရွှင်မယ်ဆို

ငါ... ပေးဆပ်ဖို့ အဆင်သင့်ပါ

စွန့်လွှတ်ခြင်းနောက်က အလွမ်းကမ္ဘာမှာ

ငါကတော့ တစ်ယောက်တည်းပေါ့

ကြင်နာသူသာ နားလည်ခံစားမိမယ်ဆိုရင်

မင်းရဲ့အကြင်နာတွေနဲ့ ငါ ပျော်ရွှင်ပါရစေ...

AddThis Social Bookmark Button





P.s. (ဒီခေါင်းစဉ်မဲ့ကဗျာလေးကို ခေါင်းစဉ်တပ်ပေးချင်တဲ့စိတ်ပေါ်လာရင် တပ်ပေးလို့ရတယ်နော်)

AddThis Social Bookmark Button


June 21, 2007

မိုးရွာရင်

မိုးတွေရွာရင်...
ဟိုးငယ်ငယ်တုန်းကဆို မိုးရွာမှာကို သိုးလေး သိပ်ကြောက်တယ်။ ဘာလို့ဆို သိုးလေးမှာ ထီးမရှိလို့။ ငယ်ငယ်ကဆို ထီးတစ်လက် အရမ်းလိုချင်ခဲ့တဲ့ သိုးလေး မိုးတွေရွာရင် စိတ်ညစ်ရတယ်။ နောက်တော့ ကိုယ်ပိုင်ထီးတစ်လက် ရလာတဲ့အချိန် မိုးရွာတဲ့အခါ ထုတ်မဆောင်းပြန်ဘူး။ အဲဒီအချိန်မှာ သိုးလေးရဲ့စိတ်က မိုးရေထဲသွားရတာကို ပျော်နေပြန်တယ်။ တကယ်လို့ အဲဒီအချိန် သိုးလေးမှာသာ ကိုယ်ပိုင်ထီးတစ်လက်မရှိဘူးဆိုရင် ထီးမရှိဘူးဆိုတဲ့ စိတ်နဲ့ သိုးလေး ပျော်ချင်မှပျော်မှာ။ အခုတော့ သိုးလေး စဉ်းစားမိတယ်၊ လူတွေပေါ့... ကိုယ့်မှာ မရှိတဲ့အရာဆိုရင် မျှော်လင့်ခြင်းကြီးစွာနဲ့၊ လိုချင်တပ်မက်စွာနဲ့ တောင့်တကြတယ်၊ မျှော်လင့်ကြတယ်။ ကိုယ့်မှာရှိလာပြီ၊ ပိုင်ဆိုင်လာပြီ ဆိုရင် ငါ့မှာရှိတာပဲ၊ ထုတ်ပြီးအသုံးမပြုလည်း အကြောင်းမဟုတ်ဘူး၊ မရှိလို့မှ မဟုတ်တာ၊ မသုံးချင်လို့ မသုံးတာပဲဟာ ဆိုတဲ့ စိတ်မျိုး ထားတတ်ကြတယ်။ ဒါ သိုးလေးကိုယ်တိုင် ဖြစ်ခဲ့တဲ့ စိတ်ကိုပြောတာပါ။ အရွယ်နဲ့လိုက်လို့ မိုးရွာတဲ့အခါမှာ သိုးလေးရဲ့စိတ်တွေဟာလည်း အမျိုးမျိုးပြောင်းနေတယ်။ တစ်သမတ်တည်း ရှိမနေဘူး။ ခုနေချိန်မှာ မိုးရွာရင် သိုးလေးမှာ ကိုယ်ပိုင်ထီးတစ်လက် မရှိလည်း အကြောင်း မဟုတ်တော့ဘူး၊ သိုးလေး နေတတ်သွားပြီ။ ဘ၀ကြီးမှာ ပိုင်ဆိုင်မှုတွေသိပ်များရင် ဆုံးရှုံးရမှာတွေလည်း သိပ်များတယ်တဲ့။ ပိုင်ဆိုင်မှုနည်းတော့ ဆုံးရှုံးမှု ဆိုတာလည်း နည်းသွားတာပေါ့။ တကယ်တော့ မိုးတွေရွာရင် သိုးလေး ဘာလုပ်ချင်သလဲဆိုတဲ့ စိတ်အနေနဲ့ကတော့ မိုးတွေရွာရင် သိုးလေး အိမ်မှာပဲဖြစ်ဖြစ် ၀ရန်တာလိုနေရာလေးမှာပဲဖြစ်ဖြစ် တစ်ယောက်တည်း ရွာနေတဲ့မိုးတွေကို ကြည့်... နားကျပ်ကက်ဆက်ကလေးနဲ့ သိုးလေး နှစ်သက်တဲ့ သီချင်းတွေကို နားထောင် (ဒါမှမဟုတ်) သိုးလေးကြိုက်တဲ့ စာအုပ်တစ်အုပ်အုပ်ကို ဖတ်၊ ကော်ဖီပူပူလေးတစ်ခွက် ဘေးမှာ ချပြီး သောက်လို့ အဲလိုမျိုးလေး အခု နေချင်တယ်။ ဒါ သိုးလေးရဲ့ လတ်တလောဖြစ်နေတဲ့ ခံစားချက်။ နောက်နေ့... နောက်နေ့တွေမှာတော့ သိုးလေးရဲ့စိတ်က အဲလို ဟုတ်ချင်မှ ဟုတ်မှာပေါ့။ မိုးဟာ ဖွဲရာက ရုတ်တရက် သည်းထန်သွားနိုင်သလို သိုးလေးရဲ့စိတ်ဟာလည်း ... ... ...


သိုးလေးကို tag လုပ်တဲ့ ကိုပုဂံသားကျေးဇူးနဲ့ သိုးလေး ရေးဖြစ်သွားတာပါ။ သိုးလေးကလည်း ဘိမသု ဘိမသ နဲ့ ပြန် tag ချင်တာတော့
မယမင်း

AddThis Social Bookmark Button




မံမီပုံကြည့်ချင်တယ်ဆိုတဲ့ ကိုပုဂံသား ... အခု က်ြည့ပါ

AddThis Social Bookmark Button


June 19, 2007

ကွန်နက်ရှင်တွေကျနေတော့ သိုးလေးတငတဲ့ မံမီပုံက ပါမလာဘူး။ နောက်နေ့မှပဲ ကြည့်ကြတော့နော်...

AddThis Social Bookmark Button


ခေတ်သစ်မံမီ (သို့မဟုတ်) သိုးမလေး
ဒါ သိုလေးတို့ အင်္ဂလိပ်စာအဖွဲ့ ချောင်းသာသွားတုန်းက အမှတ်တရဖြစ်ခဲ့တဲ့ ပုံလေးပေါ့။ တစ်နေကုန် ကစားနည်းမျိုးစုံ ကစားကြတာ အရမ်းပျော်ဖို့ကောင်းတာပဲ။ အဖွဲ့နှစ်ဖွဲ့ခွဲပြီးကစားကြတာ။ မံမီလုပ်တာ ဘယ်သူအရင်ပြီးပြီးပြိုင်တော့ သိုးလေးတို့အဖွဲ့မှာ အဲဒီတုန်းက သိုးလေးက အကောင်အသေးဆုံးလေ။ အဲဒီတော့ သိုလေးက မံမီလုပ်ရတယ်။ ကျန်တဲ့ စီနီယာတွေ၊ သူငယ်ချင်းတွေက တစ်ရှူးနဲ့ ၀ိုင်းပတ်ကြတယ်။ အဲဒီအချိန်မှာ သိုးလေးက ဘာပြောလိုက်သေးလဲ သိလား၊ အသက်ရှူမကျပ်ပါဘူးနော်လို့... အကုန်လုံး သိုးလေးကို ၀ိုင်းရယ်ကြတာပေါ့။ နှာခေါင်းကို မပိတ်ပါဘူးတဲ့။ ပြီးတော့ တစ်ရှူးနဲ့ပတ်တာ ဘယ်လိုလုပ် အသက်ရှူကျပ်မလဲတဲ့။ ဟုတ်သားပဲ။ နောက်တစ်ခါ သားရေပင်းကို ခေါင်းကနေ စွပ်၊ နှုတ်ခမ်းပေါ် တင်ပြီး လည်ပင်းထိရောက်အောင် ပါးစပ်ကိုလှုပ်လှုပ်ပြီး ချတဲ့ကစားပွဲမှာလည်း သိုးလေးကို ပြိုင်ခိုင်းတယ်။ အကောင်သေးလို့တဲ့။ ဘာမှလည်း ဆိုင်ဘူးနော်။ သိုးလေးက ပါးစပ်ကိုရွဲ့ပြီး သားရေပင်းကိုချတာ မေးစေ့တောင် မရောက်သေးဘူး၊ ဟိုဘက်က လည်ပင်းထိရောက်သွားလို့ သိုးလေးတို့လည်း ရှုံးသွားရော။ နောက်တစ်ခါ ပိုလီယိုလုပ်တာပြိုင်တယ်လေ။ ပိုလီယိုဖြစ်တဲ့လူပုံစံနဲ့ သူတို့ စည်းသားထားတဲ့နေရာထိရောက်အောင် လျှောက်ရတာလေ။ အဲဒါကျတော့လည်း သိုးလေးပြိုင်တဲ့။ အရမ်းလည်း ပျော်ဖို့ကောင်းတယ်။ ကစားနည်းတွေမှ အစုံပဲ ကစားကြတာ။ ညဘက်ကျတော့ မီးပုံပွဲလုပ်တယ်။ အဲဒီမီးပုံကြီးမှာ ငါးတွေ ကင်ပြီး စားကြတယ်လေ။ သိုးလေးက ငါး သိပ်မကြိုက်တော့ နည်းနည်းလေးပဲ စားရတယ်။ ဂိမ်းကစားတော့လည်း သိုးလေးက ကံမကောင်းဘူး။ မဲနှိုက်တာ ဘာကျတယ်မှတ်လဲ၊ မျောက်လို ခုန်တက် ကပြပါတဲ့။ ခပ်တည်တည်နဲ့ အနားက သစ်ပင်ပေါ် ဖက်တက်၊ ကွိစိ ကွစိ လုပ်လိုက်တာပေါ့။ နောက်နေ့ညကျတော့ ဂဏန်းဖမ်းတာ ပြိုင်ကြတယ်။ သိုးလေးရဲ့ ဘလော့ဂ်ချစ်သူတွေကော ဂဏန်းဖမ်းဖူးလား၊ ဖမ်းတတ်လား။ ဟားဟား သိုးလေးတောင် အဲဒီကျတော့မှ ဂဏန်းကို ဖမ်းတတ်သွားတာ။ သိုးလေးပြောပြမယ်၊ သိုးလေးတို့ ၇ နာရီ ခွဲလောက်က စပြိုင်ကြတယ်။ တစ်နာရီတိတိပြည့်တဲ့အချိန်မှာ အခန်းရှေ့မှာ ပြန်ဆုံကြမယ်ပေါ့။ အဖွဲ့နှစ်ဖွဲ့ခွဲပြီး ပြိုင်ကြတာလေ။ ဂဏန်းများများဖမ်းနိုင်တဲ့ နိုင်တဲ့အဖွဲ့က ရတဲ့ဂဏန်းတွေအကုန် ယူကြေးပေါ့။ တစ်ယောက်ကို တုတ်တစ်ချောင်း၊ ဓာတ်မီးတစ်လုံး နဲ့ သိုးလေးက ပုံးလေးလည်း ကိုင်လို့ပေါ့... ပင်လယ်ကမ်းခြေကြီးမှာ မှောင်မည်းနေတာ။ ဓာတ်မီးရောင်သာမရှိရင် ဘာမှမြင်ရမှာမဟုတ်ဘူး။ ရေသံတွေတော့ ကြားနေရတယ်။ မှုန်မှုန်လေးပဲ မြင်ရတယ်။ ကမ်းခြေအကျယ်ကြီးမှာ တစ်ဖွဲ့က ဟိုဘက်၊ တစ်ဖွဲ့က ဒီဘက်ပေါ့။ ဂဏန်းတွင်းတွေ့တော့ သိုးလေးက သိဘူးလေ တွင်းထဲကို တုတ်နဲ့ထိုးတာပေါ့။ အဲဒီကျတော့မှ စီနီယာတွေက အဲလိုထိုးရဘူးတဲ့။ ဂဏန်းဖမ်းတယ်ဆိုတာ တွင်းရဲ့ ဘေးကနေ တုတ်နဲ့ ထိုးရတာတဲ့။ အဲဒီကျတော့မှ ဂဏန်းက တွင်းပေါ်ကို ပြေးတက်တာလေ၊ ဂဏန်းပြေးတက်တော့မှ သိုးလေးတို့က ဖိနပ်တွေနဲ့ဖိ၊ တုတ်တွေနဲ့ဖိ၊ ပြီးရင် ပုံးထဲထည့်၊ အဲလိုဖမ်းရတာ။ နောက်တော့ သိုးလေးလည်း ဆရာဖြစ်သွားတာပေါ့။ ဂဏန်းကို ကိုယ့်ဘာကိုယ်ဖမ်းတာပေါ့။ မရပါဘူး။ တုတ်နဲ့ ဓာတ်မီးနဲ့ ပုံးနဲ့ ဖိနပ်ကိုင်ရတာနဲ့ လူက နှစ်ယောက်လောက်မှ အနည်းဆုံးရှိမှ အဆင်ပြေတာ။ တစ်ခါတလေ နှစ်ဖွဲ့ဆုံမိတဲ့အချိန်မှာ ဂဏန်းက လုရသေးတယ်။ အဲဒီညမှောင်မှောင်ကြီးမှာပဲ တအားကို ပျော်ဖို့ကောင်းတာ။ ပြန်ဆုံတဲ့နေရာရောက်တော့ ဘယ်သူနိုင်လဲတောင် မမှတ်မိတော့ပါဘူး။ ၆ နှစ်တောင် ရှိပြီကိုး။ ဒါပေမဲ့ ဂဏန်းတွေတော့ ဘယ်သူမှ မရဘူး။ ဆရာက မစားရဘူးတဲ့။ ပြန်လွှတ်ပေးရမယ်ဆိုလို့လေ။ ဒါတောင်မှ ကိုသားကြီးတို့အဖွဲ့က ဆရာမသိအောင် ဟိုတယ်က လူကို ပြုတ်ခိုင်းတယ် ဆိုလားပဲ။ ကြားလိုက်မိသေး။ မဟုတ်ရင်တော့ သိုးလေး အပြောခံရတော့မယ်။ ဟဲဟဲ... သိုးလေးက အဲဒီလောက်နှစ်တွေကြာတာတောင် မမေ့တာ ဘာလို့ဆို သိုးလေးတစ်သက်မှာ အိမ်ကလူတွေမပါဘဲ တစ်ယောက်တည်း အဖွဲ့နဲ့သွားရတာ အဲဒီတစ်ခါပဲရှိတာကိုး... သတိရတိုင်း ပုံလေးတွေ ထုတ်ထုတ်ကြည့်ရတာ အမောပေါ့။ ဘလော့ဂ်မိတ်ဆွေတွေလည်း ချောင်းသာသွားဖြစ်ရင် သိုးလေးတို့လို ဆော့ကြနော်။ ပျော်ဖို့ကောင်းမှာ သေချာတယ်။

AddThis Social Bookmark Button


June 15, 2007

လက်မှတ်က ရတော့ရသွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် lover07.blogspot.com က အစ်ကိုကို ကျေးဇူးတင်ပါတယ်။

post signature

AddThis Social Bookmark Button


သိုးလေးက မသိတော့ လက်မှတ်က လူဟားစရာဖြစ်နေပြီ။ ရှက်လိုက်တာ။ သိဘူးလေ။ အောက်ခံကလည်း အဖြူနဲ့၊ လက်မှတ်ကလည်း လူတောင် ပေါက်သတ်လို့ရတယ်။ ဒီလိုလက်မှတ်မျိုး ကိုယ့်ဘာသာကိုယ်တောင် တစ်ခါမှမမြင်ဖူးဘူး။ မဖြစ်ဘူး။ မြန်မြန်ပြန်ပြင်မှပါပဲ... လုပ်ချလိုက်ပြန်ပြီ သိုးမလေးတော့...

AddThis Social Bookmark Button


အစ်ကိုရေ.. သိုးမလေးကတော့ ဒီလက်မှတ်ထိုးလို့မရမချင်း ဒီည မပြန်တော့ဘူး ဟီးဟီ

post signature

AddThis Social Bookmark Button


June 14, 2007

သိုးမလေး စမ်းကြည့်နေတာ .. လက်မှတ်ထိုးတာလေ။ ရလားလို့

post signature

>

AddThis Social Bookmark Button


သိုးမလေး စမ်းကြည့်နေတာပါ။ လက်မှတ်ထိုးတာ ရ မရ။ lover07.blogspot.com ရဲ့ ကျေးဇူးနဲ့ပေါ့။ ကျေးဇူးပါပဲအစ်ကိုရေလို့... သိုးလေးက ပြောပါတယ်...

post signature

>

AddThis Social Bookmark Button


ဖတ်မိမှတ်မိသမျှနဲ့ သိုးမလေးရဲ့ လက်ရှိသဘောထား

မဂဇင်းတစ်စောင်မှာ ဖတ်ရတာလေ google company ရဲ့ အကြောင်းပေါ့။ သူတို့တွေ ဘယ်လိုအလုပ်လုပ်ကြတယ်၊ ကုမ်ပဏီက သူတို့ ၀န်ထမ်းတွေအပေါ် ဘယ်လိုမျိုးတွေ အခွင့်အရေးတွေပေးထားပြီး အလုပ်လုပ်စေတယ် ဆိုတာမျိုးတွေပေါ့... ဖတ်ရင်းနဲ့ အားကျလိုက်တာ အရမ်းပဲ။ သူတို့မှာ ဆောင်ပုဒ်တွေကလည်း အများသား.. 'the many are the few' တဲ့၊ နောက် 'Don't be evil' တဲ့။ အများကြီးပဲ။ တစ်ပတ်တစ်ခါလည်း ၀န်ထမ်းတိုင်းတက်ရောက်တဲ့စုံညီပွဲ (all-hands assembly) တွေ လုပ်တယ်တဲ့။ တစ်ယောက်နဲ့တစ်ယောက် ပညာ ဖလှယ်ကြတာပေါ့။ သူတို့နဲ့ ယှဉ်လိုက်တော့ သိုးမလေးတို့ ပင်ပင်ပန်းပန်းလုပ်တယ်ဆိုတာ ဘာမှမဟုတ်ြသလိုတောင် ဖြစ်သွားတယ်။ ဒါပေမဲ့ အရာရာတိုင်းမှာ ဟိုးအမြင့်ကြီးကို မျှော်ကြည့်လွန်းရင်လည်း ပင်ပန်းလွန်းပါတယ်လေလို့ ကိုယ့်ကိုယ်ကိုယ် ဖြေရတာပဲ။ 2006 ခုနှစ်က တရုတ်ပြည်မှာ blog လုပ်တဲ့သူဦးရေ သန်း 20 ကျော်ရှိတယ်တဲ့။ အဲဒီအချိန်က သိုးမလေး ဘယ်ပျောက်နေတယ်မသိ။ blog ဆိုတာ လုံးသလား၊ ပြားသလား မသိတဲ့အချိန်ပေါ့။ သေချာတာကတော့ သိုးမလေး ဒီဘလော့ဂ်ကို အစဉ်တစိုက်လုပ်ဖြစ်နေတာ 2 လ လောက်ပဲ ရှိသေးတာပေါ့။ blog ကို စလုပ်ဖြစ်ကတည်းက အခုအချိန်အထိ အရမ်းကို crazy ဖြစ်ခဲ့တာ။ စိတ်ထဲမှာလည်း သူများဘလော့ဂ်တွေလျှောက်ဖတ်ပြီး ငါ ဒါလေးမှ မလုပ်တတ်ရမလားဆိုတဲ့စိတ် ခဏခဏ၀င်မိတယ်။ ညနေ ရုံးဆင်းပြီဆိုတာနဲ့ စိတ်တွေက blog ဆီမှာ၊ ခြေထောက်တွေက cyber ဘက်ကို ဦးတည်နေပြီလေ။ သိုးမလေးရဲ့စိတ် အဲလိုဖြစ်သွားတာ ဒီဘလော့ဂ်ကို စွဲစွဲမြဲမြဲလုပ်မိတဲ့ နှစ်လအတွင်းမှာပေါ့... ဟိုးအရင် internet သုံးတုန်းကတော့ အလုပ်အတွက် လိုတဲ့ data တွေ၊ photo တွေ ရှာရုံ၊ မေးလ် check ရုံ ဆိုတော့ တစ်ပတ် တစ်ခါလောက် cyber သွားရင် လုံလောက်နေတယ်လေ။ သိုးမလေးရဲ့ လက်ရှိအလုပ်က မနက် 9 နာရီကနေ ညနေ 5 နာရီထိပေါ့။ ဒါပေမဲ့ သိုးမလေးရဲ့ ၀ါသနာအရရော၊ မုန့်ဖိုးလိုချင်တာရောကြောင့် သိုးမလေးရဲ့ မဖြစ်ညစ်ကျယ်ပညာလေးနဲ့ အိမ်မှာ အလုပ်လုပ်ပါတယ်။ photoshop နဲ့ ပတ်သက်တာပေါ့။ ဗီနိုင်းလည်း လုပ်တယ်။ (ကြော်ငြာဝင်တာပါ)။ အဲဒါက ပြောမယ်ဆိုရင် သိုးမလေးရဲ့ အားလုပ်ချိန်တွေမှာ သိုးမလေးဝါသနာပါတဲ့ အလုပ်ကိုလုပ်တာပေါ့။ ပိုက်ဆံလည်းရတယ်၊ ပျော်လည်း ပျော်တယ်။ အလုပ်က ပြန်ရောက်တာနဲ့ 7 နာရီဆို သိုးမလေးက ကိုရီးယားကားကြည့်တယ်။ နေ့တိုင်းတော့မဟုတ်ဘူးပေါ့။ ကြိုက်တဲ့ တစ်ကားပေါ့။ ပြီးရင် ထမင်းစားပြီးတာနဲ့ ကွန်ပျူတာရှေ့ ထိုင်၊ အလုပ်လုပ်လိုက်တာ အချိန်ကို မကြည့်မိတော့ဘူ။ အရမ်းကို ၀ါသနာပါတာ။ ဒါပေမဲ့ သိုးမလေး ဘလော့ဂ်လုပ်တဲ့နှစ်လအတွင်းမှာ အဲဒီအလုပ်တွေကို ပစ်ထားမိတယ်။ ပုံတစ်ပုံဆို အပ်ထားတာ နှစ်လပြည့်တော့မယ်။ မနေ့ကမှ လက်စသတ်ရတယ်။ အဲဒါကြောင့် သိုးမလေး cyber မရောက်ဖြစ်တာ လေးရက်ကြီးများတောင် ရှိသွားပြီ။ စိတ်ထဲမှာတော့ လေးနှစ်လောက် ထင်နေတာ။ cyber လာရင် အိမ်ပြန်ရောက်ရင် ဘာမှမလုပ်နိုင်တော့ဘူးလေ။ လူက နုံးချည့်နေပြီပေါ့။ သိုးမလေးရဲ့စိတ်က မမျှဘူး။ တစ်ခုကို လုပ်ပြီဆို အဲဒီတစ်ခုကို အများထက်မသာရင်တောင် အများနည်းတူတော့ လိုက်လုပ်ချင်တယ်။ အဲဒီစိတ်ရှိတယ်။ အခု ဒီဘလော့ဂ်ဆိုလည်း ဒီတိုင်းပဲ။ သိုးမလေး လုပ်တတ်ချင်တာတွေက အရမ်းများနေတယ်။ စာခေါက်တာ၊ eot လုပ်တာ၊ sign ထိုးတာ၊ အများကြီးအများကြီးပဲ။ အခု eot ကတော့ ကိုရန့်ကျေးဇူးနဲ့ လုပ်ပေးထားတာတောင် coding မယူရသေးဘူး။ ဘာလို့ဆို ဒီနေ့ သိုးမလေး ပုံဆွဲနေလို့လေ။ အဲဒီပုံလေးက ဘေးက link ထဲက ပုံလေးကို ပြောတာပါ။ အခုတော့ သိုးမလေး သင်တန်းတက်ရတော့မယ်။ နောက်ဆို သိုးမလေး ဒီဘလော့ဂ်ကို ကိုယ်တိုင်ရေးသူထက် အားပေးဖတ်ရှုသူဖြစ်ဖို့များနေပြီ။ ဒါပေမဲ့ နှစ်ပတ်တစ်ခါလောက်တော့ဖြစ်ဖြစ် သိုးမလေးက လာလုပ်မှာပါ။ ရင်ထဲက ဘလော့ဂ်ကိုတော့ ဖယ်ထုတ်လိုက်လို့မရတော့ဘူးလေ။ အခုတော့ သိုးမလေး အလုပ်တွေပြန်လုပ်ရတော့မယ်၊ သင်တန်းလည်း တက်ရတော့မယ်၊ လက်တွေ့ဘ၀ကြီးထဲမှာ သိုးမလေး ရုန်းကန်လိုက်ဦးမယ်နော်...

AddThis Social Bookmark Button


June 09, 2007

ဒီနေ့ သိုးမလေးက သူများဘလောက်တွေ လျှောက်ဖတ်တယ်။ ကိုယ့်ဘလောက်ကို စမ်းကြည့်တယ်။ ပို့စ်အသစ်တော့ မတင်ဖြစ်ဘူး။ အခု စမ်းနေတာလည်း မရသေးဘူး။ အရမ်းတော်တဲ့ သိုးမလေး..

AddThis Social Bookmark Button


June 05, 2007

အခုရေးမယ့် ပို့စ်လေးက သိုးမလေး စာသင်ခဲ့ရတုန်းက အိမ်ကလူတွေကို ဆရာကြီးအိုက်တင်နဲ့ ပြောခဲ့တာလေးပါ။ အခု သတိပြန်ရလို့ ရေးလိုက်တာပါ။ သိုးမလေးပြောတာဟုတ်ဘူးနော်။ မှားရင် ဆရာ့ကြောင့် (တပည့်ကောင်းပီသစွာပေါ့).. ဟဲဟဲ...

The names of the days of the week were derived, or got from Anglo Saxson, which was the language spoken by the early English people.
တစ်ပတ်အတွင်းရှိ နေ့တွေရဲ့ အမည်တွေဟာ စောစောပိုင်းက အင်္ဂလိပ်လူမျိုးတွေ ပြောဆိုသုံးနှုန်းခဲ့တဲ့ အင်ဂလိုဆက်ဇွန် ဘာသာစကားကနေ ဆင်းသက်လာခဲ့ကြတာဖြစ်တယ်။

Sunday - day of the sun
နေ၏နေ့
Monday - day of the Moon
လ၏နေ့
Tuesday - day named after the Saxon god of war, Tiw
ဆက်ဇွန် လူမျိုးတို့ရဲ့ စစ်ဘုရား တစ်ယူး ကို အစွဲပြုပြီးခေါ်တဲ့နေ့
Wednesday - day named after the Norse god of war, Woden
နော့စ် လူမျိုးတို့ရဲ့ မိုးကြိုးဘုရား ၀ိုးဒင်း ကို အစွဲပြုပြီးခေါ်တဲ့နေ့
Thursday - dady named after the Norse god of thunde, Thar့
နော့စ် လူမျိုးတို့ရဲ့ မိုးကြိုးဘုရား သော ကို အစွဲပြုပြီး ခေါ်တဲ့နေ့
င်္Friday - day named after the goddess of marriage, Freya
မင်္ဂလာဘုရားမ ဖရိုက်ယား ကို အစွဲပြုပြီး ခေါ်တဲ့နေ့
Saturday - day named after the Roman god of time, Saturn
ရောမလူမျိုးတို့ရဲ့ အချိန်ဘုရား စေတန် ကို အစွဲပြုပြီး ခေါ်တဲ့နေ့


January - the Roman god, Janus
ရောမဘုရား ဂျေးနာ့(စ်)
February - the Roman festival
season or day or time to be happy like our Water Festival)
ရောမပွဲတော် (သိုးလေးတို့ရဲ့ ရေသဘင်ပွဲလို ပျော်ရတဲ့ အချိန်ရာသီ)
March - the Roman god of war
ရောမစစ်ဘုရား
April - the time of year when little flowers and new leaves come out
ပန်းပွင့်ကလေးတွေ၊ ရွက်သစ်တွေ ပေါ်ထွက်လာတဲ့ တစ်နှစ်တာရဲ့ အချိန်
May - the time of year for trees and plants to grow
သစ်ပင်တွေပေါက်တဲ့ တစ်နှစ်တာရဲ့အချိန်
June - the month named after the Roman queen of heaven, Juno
ရောမကောင်းကင်ဘုံဘုရင်မ ဂျူနို ကို အစွဲပြုပြီး ခေါ်တဲ့ လ
July - the month named after Julius, Caesar the great Roman soldier
နာမည်ကျော် ရောမစစ်သည်တော် ဂျူလီယက်ဆီဇာ ကို အစွဲပြုပြီး ခေါ်တဲ့ လ
August - the month named after Augusts Caesar, the famous Roman Emperor,
or ruler
နာမည်ကျော် ရောမစစ်သည်တော် အောဂတ်စတပ်စ်ဆီဇာ ကို အစွဲပြုပြီး ခေါ်တဲ့နေ့
September - (Septem=Seven) the seventh month of the year
စက်တင်(မ်)=ခုနစ်) တစ်နှစ်တာရဲ့ ခုနစ်ခုမြောက် လ
October - (Octo=eight) the eight month of the year
အော့တို=ရှစ်) တစ်နှစ်တာရဲ့ ရှစ်ခုမြောက် လ
November - (Novem=nine)the ninth month of the year
(နော့ဗင်=ကိုး) တစ်နှစ်တာရဲ့ ကိုးခုမြောက် လ
December - (Decem=ten) the tenth of the year
(ဒစ်ဇင်(မ်)=တစ်ဆယ်) တစ်နှစ်တာရဲ့ ဆယ်ခုမြောက် လ

AddThis Social Bookmark Button


June 03, 2007

အားပေးလို့ ကူလှည့်ကြ

သိုးမလေး ဒီနေ့ ဘလော့ဂ်တွေအများကြီးဖတ်တယ်။ အဲဒီထဲက ကိုရန်အောင့်ဘလော့ဂ်ကိုဖတ်တော့ မြန်မာဘလော့ဂ်ဂါတွေအတွက် ကိုယ်ပိုင် font unicode တစ်ခု လုပ်မယ်တဲ့။ အဲဒီအတွက် သိုးမလေးက ဘာမှအကူအညီမပေးနိုင်တဲ့အတွက်လည်း အရမ်းစိတ်မကောင်းဘူး။ သိုးမလေးတို့ အခုလို ဘလော့ဂ်တွေ ရေရှည်ဆက်လုပ်နေဖို့ ကိုရန်အောင်တို့လို အမာခံလူတွေရှိဖို့လိုတယ်လေ။ သိုးမလေးတို့က အဲဒါတွေ ဆွေးနွေးဖို့လောက်ထိ အဆင့်မမီပါဘူး။ ကိုယ့်ဘလော့ဂ်မှာ သူများ ပညာရစရာလည်း ဘာမှမရှိဘူး။ ကိုယ့်ခံစားချက်သက်သက်ပဲ ကိုယ်ရေးချင်တာ ရေးနေတာဆိုတော့။ သူများတွေ တင်ပြပေးထားတဲ့ဟာတွေတောင် ဖြစ်မြောက်အောင် မလုပ်နိုင်သေးဘူး။ အဲဒါကြောင့် တစ်ခါတစ်ခါ ဘလော့ဂ်တွေ လိုက်ဖတ်ရင် အားငယ်စိတ်တောင် ၀င်ချင်တယ်။ ဒီကြားထဲ ဟိုရက်က ဘလော့ဂ်တစ်ခုမှာ ဖတ်လိုက်ရတယ်။ ဘလော့ဂ်တွေကို လိုက်ကြည့်ရင် ရသခံစားချက်သက်သက်ပဲ ရေးနေကြတယ်တဲ့။ အဲဒီလိုသာ ရေးမယ်ဆိုရင် အပြင်က ရေးတဲ့လူတွေကတောင် ပိုကောင်းပါတယ်တဲ့။ ဟုတ်တော့ဟုတ်တာပေါ့။ ဒါပေမဲ့ သိုးမလေးဆို သူများကို ကိုယ်သိတာ ဖြန့်ဝေပေးနိုင်တာ ဘာမှမရှိဘူး။ ဒါဆို သိုးမလေး ဘလော့ဂ်ရေးခွင့် မရှိတော့ဘူးလား။ သိုးမလေးအိမ်မှာ အင်တာနက်လည်း မချိတ်ထားဘူး။ အလုပ်မှာလည်း အင်တာနက်မရှိဘူး။ အလုပ်ကအပြန်မှာ ဆိုင်ဘာကို အပြေးအလွှားလာပြီး အင်တာနက်သုံးရတဲ့ ဘ၀... ဆင်ခြေပေးတယ်ပဲပြောပြော သိုးမလေးမှာ အဲဒါတွေ မစမ်းသပ်နိုင်ဘူး။ အင်တာနက်သုံးရတဲ့ ၂ နာရီအချိန်လောက်လေးမှာ ကိုယ့်ဘလော့ဂ်ကိုဖွင့်၊ ဘယ်သူတွေ ၀င်ရေးပေးသွားလဲဆိုတာ ကြည့်၊ အဲဒီ သူတို့ရေးပေးတဲ့ အဲဒီစာလေးတစ်ကြောင်းဟာ သိုးမလေးအတွက်တော့ ဘာနဲ့မှ မလဲနိုင်တဲ့ အားဆေးတွေပဲ... တခြား ကိုယ်သိသမျှ ဘလော့ဂ်တွေ လိုက်ဖွင့်၊ လိုက်ဖတ်၊ ဆီဗုံးမှာ ဆီဝင်ဖြည့်ပေးရတာနဲ့ အချိန်က ကုန်လို့ကုန်မှန်းကိုမသိဘူး၊ များသောအားဖြင့် ကိုယ့်ဘလော့ဂ်မှာတောင် မရေးဖြစ်ဘူး။ ဖွင့်ပြီးတော့ သူများဘလော့ဂ်တွေ လိုက်ဖတ်နေရတာနဲ့ ပြန်ခါနီးမှ ကိုယ့်ဘလော့ဂ်ကို သတိရတယ်။ အဲဒီလောက်အထိ။ အခုရေးတာကလည်း ကိုယ့်ကိုယ်ကိုယ် စိတ်မကောင်းဖြစ်မိလို့။ သိုးမလေးက အားခဲထားတာ။ တစ်ချိန်မှာ သိုးမလေးသာ အင်တာနက်ကို အချိန်အများကြီးသုံးနိုင်မယ်ဆို သိုးမလေးက အကုန်လျှောက်လုပ်ကြည့်မှာ။ ပျက်ကာမှ ပျက်ရော။ ဟုတ်တယ်။ တစ်ခါတလေလည်း တွေးမိတယ်။ ယောက်ျားလေးဖြစ်ရင် ကောင်းမယ်လို့။ တစ်ရက်တလေ ဆိုင်ဘာမှာ ညလုံးပေါက်ကို နေပစ်လိုက်ချင်တာ။ အခုတော့ ဒီလောက်ရုပ်ဆိုးတဲ့ သမီးလေးကို ချစ်မေမေခမျာမှာ စိတ်မချနိုင်ဘူး။ အလွန်ဆုံး ၇ နာရီ ခွဲ ကျော်လို့မှ အိမ်ပြန်မရောက်ရင် အဲဒီနေ့ဟာ သိုးမလေးအတွက် ညအိပ်ရာဝင်တဲ့အထိ အပြောခံရတဲ့နေ့ပဲ။ ပြောရင်းနဲ့ လမ်းကြောင်းက လွဲသွားပြီ။ သိုးမလေးကို အမြဲအားပေးနေတဲ့ goldmyanmar blog မမကြီးကိုလည်း အရမ်းကျေးဇူးတင်တယ်။ ဆီဗုံးမှာ ဘယသူမှမရေးရင် သူပဲ ရေးပေးနေတာ။ ဟားဟား... သိုးမလေးလည်း ကိုယ့်ဟာကိုယ်ပဲ ခဏခဏရေးနေရတယ်။ ဘာပဲဖြစ်နေနေ သိုးမလေးကတော့ ဘလော့ဂ်ကို နှစ်သက်တယ်။ ဘလော့ဂ်တွေ ဖတ်နေရရင်၊ ရေးနေရရင် ပျော်တယ်။ နောက်လည်း ရေးနေမှာပဲ။ ပြီးတော့လည်း သိုးမလေးက ပြောရဦးမယ်... သိုးမလေးဘလော့ဂ်ကိုလာလည်ရင်လေ ဘယ်လိုလေးလုပ်သင့်တယ်၊ ဘာလေးလုပ်ပါလား ... အဲလိုလေးများ ပြောပေးကြပါလို့... ကိုမျက်လုံးက goldmyanmar blog မှာ ပြောထားတဲ့ hit counter ဆိုတာလေ အဲဒါ အခု သိုးမလေးလည်း ထည့်လိုက်ပြီ။ ဟီဟီ... သူများလုပ်ရင်တော့ လုပ်ချင်တာပဲလေ။ အကျင့်က အဲဒီလိုပဲ။ စာခေါက်တာလည်း အခုထိကို မရသေးဘူး။ သိုးမလေးက တော်တော်ပိန်းတာဗျ။ အဲဒါလုပ်တာ ကံကောင်းလို့ ဘလော့ဂ်ပျက်မသွားတယ်။ စိတ်တောင်ညစ်တယ်။ မရဘူး... မရ ရအောင်ကို လုပ်ဦးမှာ။ ဟဲဟဲ... အားဆေးလေးတော့ ကျွေးကြဦးနော်....
ဆက်ရန်... ... ...

AddThis Social Bookmark Button


June 01, 2007

သိုးမလေးမှာ ရေးချင်တာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ မရေးနိုင်သေးဘူး။ ခဏလေးပြေားလာတာမို့ ပြန်ရတော့မယ်။ နောက်နေ့မှ ...

AddThis Social Bookmark Button


 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster