June 03, 2007
အားပေးလို့ ကူလှည့်ကြ
သိုးမလေး ဒီနေ့ ဘလော့ဂ်တွေအများကြီးဖတ်တယ်။ အဲဒီထဲက ကိုရန်အောင့်ဘလော့ဂ်ကိုဖတ်တော့ မြန်မာဘလော့ဂ်ဂါတွေအတွက် ကိုယ်ပိုင် font unicode တစ်ခု လုပ်မယ်တဲ့။ အဲဒီအတွက် သိုးမလေးက ဘာမှအကူအညီမပေးနိုင်တဲ့အတွက်လည်း အရမ်းစိတ်မကောင်းဘူး။ သိုးမလေးတို့ အခုလို ဘလော့ဂ်တွေ ရေရှည်ဆက်လုပ်နေဖို့ ကိုရန်အောင်တို့လို အမာခံလူတွေရှိဖို့လိုတယ်လေ။ သိုးမလေးတို့က အဲဒါတွေ ဆွေးနွေးဖို့လောက်ထိ အဆင့်မမီပါဘူး။ ကိုယ့်ဘလော့ဂ်မှာ သူများ ပညာရစရာလည်း ဘာမှမရှိဘူး။ ကိုယ့်ခံစားချက်သက်သက်ပဲ ကိုယ်ရေးချင်တာ ရေးနေတာဆိုတော့။ သူများတွေ တင်ပြပေးထားတဲ့ဟာတွေတောင် ဖြစ်မြောက်အောင် မလုပ်နိုင်သေးဘူး။ အဲဒါကြောင့် တစ်ခါတစ်ခါ ဘလော့ဂ်တွေ လိုက်ဖတ်ရင် အားငယ်စိတ်တောင် ၀င်ချင်တယ်။ ဒီကြားထဲ ဟိုရက်က ဘလော့ဂ်တစ်ခုမှာ ဖတ်လိုက်ရတယ်။ ဘလော့ဂ်တွေကို လိုက်ကြည့်ရင် ရသခံစားချက်သက်သက်ပဲ ရေးနေကြတယ်တဲ့။ အဲဒီလိုသာ ရေးမယ်ဆိုရင် အပြင်က ရေးတဲ့လူတွေကတောင် ပိုကောင်းပါတယ်တဲ့။ ဟုတ်တော့ဟုတ်တာပေါ့။ ဒါပေမဲ့ သိုးမလေးဆို သူများကို ကိုယ်သိတာ ဖြန့်ဝေပေးနိုင်တာ ဘာမှမရှိဘူး။ ဒါဆို သိုးမလေး ဘလော့ဂ်ရေးခွင့် မရှိတော့ဘူးလား။ သိုးမလေးအိမ်မှာ အင်တာနက်လည်း မချိတ်ထားဘူး။ အလုပ်မှာလည်း အင်တာနက်မရှိဘူး။ အလုပ်ကအပြန်မှာ ဆိုင်ဘာကို အပြေးအလွှားလာပြီး အင်တာနက်သုံးရတဲ့ ဘ၀... ဆင်ခြေပေးတယ်ပဲပြောပြော သိုးမလေးမှာ အဲဒါတွေ မစမ်းသပ်နိုင်ဘူး။ အင်တာနက်သုံးရတဲ့ ၂ နာရီအချိန်လောက်လေးမှာ ကိုယ့်ဘလော့ဂ်ကိုဖွင့်၊ ဘယ်သူတွေ ၀င်ရေးပေးသွားလဲဆိုတာ ကြည့်၊ အဲဒီ သူတို့ရေးပေးတဲ့ အဲဒီစာလေးတစ်ကြောင်းဟာ သိုးမလေးအတွက်တော့ ဘာနဲ့မှ မလဲနိုင်တဲ့ အားဆေးတွေပဲ... တခြား ကိုယ်သိသမျှ ဘလော့ဂ်တွေ လိုက်ဖွင့်၊ လိုက်ဖတ်၊ ဆီဗုံးမှာ ဆီဝင်ဖြည့်ပေးရတာနဲ့ အချိန်က ကုန်လို့ကုန်မှန်းကိုမသိဘူး၊ များသောအားဖြင့် ကိုယ့်ဘလော့ဂ်မှာတောင် မရေးဖြစ်ဘူး။ ဖွင့်ပြီးတော့ သူများဘလော့ဂ်တွေ လိုက်ဖတ်နေရတာနဲ့ ပြန်ခါနီးမှ ကိုယ့်ဘလော့ဂ်ကို သတိရတယ်။ အဲဒီလောက်အထိ။ အခုရေးတာကလည်း ကိုယ့်ကိုယ်ကိုယ် စိတ်မကောင်းဖြစ်မိလို့။ သိုးမလေးက အားခဲထားတာ။ တစ်ချိန်မှာ သိုးမလေးသာ အင်တာနက်ကို အချိန်အများကြီးသုံးနိုင်မယ်ဆို သိုးမလေးက အကုန်လျှောက်လုပ်ကြည့်မှာ။ ပျက်ကာမှ ပျက်ရော။ ဟုတ်တယ်။ တစ်ခါတလေလည်း တွေးမိတယ်။ ယောက်ျားလေးဖြစ်ရင် ကောင်းမယ်လို့။ တစ်ရက်တလေ ဆိုင်ဘာမှာ ညလုံးပေါက်ကို နေပစ်လိုက်ချင်တာ။ အခုတော့ ဒီလောက်ရုပ်ဆိုးတဲ့ သမီးလေးကို ချစ်မေမေခမျာမှာ စိတ်မချနိုင်ဘူး။ အလွန်ဆုံး ၇ နာရီ ခွဲ ကျော်လို့မှ အိမ်ပြန်မရောက်ရင် အဲဒီနေ့ဟာ သိုးမလေးအတွက် ညအိပ်ရာဝင်တဲ့အထိ အပြောခံရတဲ့နေ့ပဲ။ ပြောရင်းနဲ့ လမ်းကြောင်းက လွဲသွားပြီ။ သိုးမလေးကို အမြဲအားပေးနေတဲ့ goldmyanmar blog မမကြီးကိုလည်း အရမ်းကျေးဇူးတင်တယ်။ ဆီဗုံးမှာ ဘယသူမှမရေးရင် သူပဲ ရေးပေးနေတာ။ ဟားဟား... သိုးမလေးလည်း ကိုယ့်ဟာကိုယ်ပဲ ခဏခဏရေးနေရတယ်။ ဘာပဲဖြစ်နေနေ သိုးမလေးကတော့ ဘလော့ဂ်ကို နှစ်သက်တယ်။ ဘလော့ဂ်တွေ ဖတ်နေရရင်၊ ရေးနေရရင် ပျော်တယ်။ နောက်လည်း ရေးနေမှာပဲ။ ပြီးတော့လည်း သိုးမလေးက ပြောရဦးမယ်... သိုးမလေးဘလော့ဂ်ကိုလာလည်ရင်လေ ဘယ်လိုလေးလုပ်သင့်တယ်၊ ဘာလေးလုပ်ပါလား ... အဲလိုလေးများ ပြောပေးကြပါလို့... ကိုမျက်လုံးက goldmyanmar blog မှာ ပြောထားတဲ့ hit counter ဆိုတာလေ အဲဒါ အခု သိုးမလေးလည်း ထည့်လိုက်ပြီ။ ဟီဟီ... သူများလုပ်ရင်တော့ လုပ်ချင်တာပဲလေ။ အကျင့်က အဲဒီလိုပဲ။ စာခေါက်တာလည်း အခုထိကို မရသေးဘူး။ သိုးမလေးက တော်တော်ပိန်းတာဗျ။ အဲဒါလုပ်တာ ကံကောင်းလို့ ဘလော့ဂ်ပျက်မသွားတယ်။ စိတ်တောင်ညစ်တယ်။ မရဘူး... မရ ရအောင်ကို လုပ်ဦးမှာ။ ဟဲဟဲ... အားဆေးလေးတော့ ကျွေးကြဦးနော်....
ဆက်ရန်... ... ...
June 3, 2007 at 5:51 PM
အခုတစ်လော cbox ပြဿနာတွေရှိနေတော့ cbox မှာ စာတွေရေးခဲ့ဖို အခက်ခဲလေးတွေဖြစ်နေကြတယ် www.chitkalay.blogspot.com မှာ ကြည့်ပီ nerworx က box ကို လုပ်ကြည့်ပါလား
June 4, 2007 at 2:56 PM
ပထမဦးဆုံး အကြိမ်အဖြစ်လာလည်ပါတယ်။ စီဘောက်စ်မှာ မြင်မှစသိတဲ့ ဘလော့ဂ်က ရေးနေတာ မတ်လ ကတည်းကကိုး.. :)။ ဘလော့ဂ်ရေးတယ် ဆိုတာကတော့ ဒီလိုပါပဲဗျာ။ ရသ ရေး ရေးပြန်ပြီ။ သုတရေးတော့ရော...??။ ၀ီကီပီဒီယမှာ ရှိသားပဲလို့ ပြောပြန်ဦးမှာ သေချာတယ်။ ဟော..အယူအဆရေးရာ ရေးပြန်တော့လဲ ကိုယ်နဲ့ အမြင်မတူသူ၊ အဲဒီထက်ပိုလာရင်တော့ ကိုယ့်ကို ကြည့်မရသူ၊ မုန်းတီးသူက ဆော်ပလော်တီးပြန်ရော...။ အားငယ်စရာ ဘာမှ မရှိပါဘူးဗျာ။ လူအများကြီးက ကိုယ့်ကို နားမလည်ပေးရင်တောင် တယောက်တလေက အားပေးဖော်ရနေသေးရင် အဲဒါ အားဆေးပါ။ ဒီပို့စ်ကို ဖတ်ပြီး ကျနော်လဲ ခံစားချက်တချို့နဲ့ ကိုက်နေသလိုဖြစ်လို့ လေကြော အတော်ရှည်မိသွားပြီ။ :) ကျနော့်ဆီမှာလည်း လာလည်လို့ ဝေဖန်ချင်တာရှိရင် ကြိုက်သလိုသာ ဝေဖန်ပါ။ ကျနော့်ကတော့ အရေတော်တော်ထူနေပြီ။ :))
June 5, 2007 at 9:13 PM
အားပေးဒယ်.. အားပေးဒယ်... ရေးသာရေး.. :D
ဒီလိုပါဘဲ.. လူတိုင်းက
ကဗျာဆရာ.. မဖြစ်နိုင်ပါဘူး..
စာရေးတာလည်း မကောင်းနိုင်ပါဘူး..
ပညာတွေ..မျှဝေပေးဖို့ကော..
ဒါလည်း လူတိုင်းအတွက်တော့မဖြစ်နိုင်ပါဘူး..
ဒီလိုမလုပ်နိုင်လို့ blogမရေးရတော့ဘူးလား..?
ဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲဗျာ..
ရေးသာရေးပါ.. အားပေးနေပါမယ်...
June 7, 2007 at 8:32 AM
Blog is freedom to write.It is a location where we can express our feelings freely.You may get suggestions those you may like or dislike.But you can accept whatever you like.Care for nothing!We have short time to live or survive.We have much things those are rather important than anyone's suggestion. Carry on your stuff.
July 24, 2007 at 4:54 AM
လူတိုင်းလူတိုင်း လွတ်လပ်စွာ၊ ရိုးသားစွာ ရေးသားနိုင်တဲ့ဘလောက်အပေါ် တူညီတဲ့စိတ်ဓာတ်နဲ့ အားပေးကြတဲ့ ဘလောက်သူငယ်ချင်းများကို ကျေးဇူးပါလို့...