ရပ်တည်ချက်  

November 09, 2007

ရပ်တည်ချက်

မညီမျှခြင်းရလာဒ်ကို မကျေနပ်တိုင်း

အိုင်းစတိုင်းကို စော်ကားတာမဟုတ်သလို

အပြုံးတစ်ခုကို မချင့်မရဲဖြစ်တာလည်း

မိုနာလီဇာကို သရော်တာမဟုတ်ဘူး

ကဗျာရေးတဲ့လက် ထမင်းမငတ်သလို

အိပ်မက်တွေမက်တိုင်းလည်း သေဆုံးမသွားတတ်ဘူး။

AddThis Social Bookmark Button


5 comments: to “ ရပ်တည်ချက်

  • Layma
    November 9, 2007 at 5:07 AM  

    ဒါနဲ့  ... မိုနာလီဆာရဲ့ အပြုံးက ဘာကြောင့်  ကမ္ဘာကျော်သလဲ ...သိလား..သိုးလေးရေ...။ အမျိုး၂ ယူဆနိုင်လို့ ဆိုတာ ဟုတ်လား...။

  • မျှားပြာ
    November 9, 2007 at 5:10 AM  

    အပြုံးတစ်ခုကို မချင့်မရဲဖြစ်တာလည်း

    မိုနာလီဇာကို သရော်တာမဟုတ်ဘူး

    အဲဒီစာသားအရမ်းကြိုက်တယ်ဗျို့  ...
    ဒီအပြုံးတွေကြောင့်ပဲ .. တတိယကမ္ဘာစစ် ဘယ်တော့ဖြစ်မလဲ မသိဘူး ..။ ဒါနဲ့ စကားမစပ် မလေးမရေ ဘာလို့ကမ္ဘာကျော်တာလဲဗျ ... အဆင်ပြေပါစေ သိုးလေးရေ

  • MCT
    November 9, 2007 at 5:56 AM  

    ညီမလေး ရေးဖွဲတဲံစာသားလေးတွေ
    အမ အတော်နှစ်သက်မိတယ်။

    ပျော်ရွှင်ပါစေ ညီမလေးရေ။

  • သန့်ဇော်မင်း
    November 9, 2007 at 9:36 PM  

    သိုးလေးရေ.. ဒီကဗျာလေးကို ကြိုက်တယ်... တော်တော်ကောင်းတဲ့ စာသားလေးတွေ..

  • hnin
    November 10, 2007 at 3:28 AM  

    မိုနာလီဇာရဲ့အပြုံး ဘာကြောင့် ကမ္ဘာကျော်လဲဆိုတာ သိုးလေး တစ်ခါမှ သေချာမခံစားကြည့်တော့ မသိဘူး မမလေးရဲ့။
    အားပေးတာ ကျေးဇူးပါ ကိုမျှားပြာ။ အဆင်ပြေပါတယ်။
    မမမိုးချစ်သူရဲ့ မိုးရေစက်တွေနဲ့ ပျော်ရွှင်လျက်ပါပဲ မမ။
    တော်တော်ကောင်းတဲ့စာသားလေးတွေ ဆိုတဲ့ စကားလေးနဲ့ ဟဲဟဲ နည်းနည်းတောင် အခြေလွတ်ချင်သွားပြီ။ ကျေးဇူး ကို tzm.

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster