အတိတ်ဘဝ
November 26, 2007
အတိတ်ဘဝ
စက်ဘီးကိုယ်စီယှဉ်ပြိုင်နင်းလို့
တူညီရာ ဖြူ စိမ်း ၀တ်စုံလေးတွေနဲ့
ဆရာဝန်မကြီးလုပ်မယ်
အင်ဂျင်နီယာကြီးလုပ်မယ်ဆိုတဲ့
တစ်ယောက်တစ်ပေါက်ပြောသံတွေကြား
အနာဂတ်ဆိုတာကို မေ့လျော့
အဲဒီခဏတော့ တကယ့်ကို ပျော်ခဲ့ကြရတယ်။
ပြောင်းသွားတဲ့ရာစုနှစ်တွေကြား
မအားမလပ်သူတွေနဲ့
ထားခဲ့ရက်သူတွေနဲ့
အသက်တမျှချစ်ပါတယ်ဆိုတဲ့ သူငယ်ချင်းကတောင်
မျိုးဆက်သစ်တွေပွားလို့
ငါတို့ တကယ်ကို ဝေးသွားခဲ့ကြပါလား။
လျှောက်ခဲ့ဖူးကြတဲ့ ခြောက်သွေ့တဲ့လမ်းမထက်
ခုချိန်ဆို မြေသင်းနံ့ ဆွတ်ပျံ့နေမလား
ကောက်ခဲ့ဖူးကြတဲ့ ခရေပွင့်ကလေးတွေများ
ခုချိန်ဆို သူတစ်ပါး ခူးခြွေနေမလား
အခါခါတွေးရင်းနဲ့ သတိရမိတယ်
ငါတို့ရဲ့ ကျောင်းဝတ်စုံလေးကိုရောပေါ့။
တစ်ခါတစ်ခါတော့လည်း
ပေတံစောင်းနဲ့လက်ဆစ်ခေါက်လို့
နာကျင်ခဲ့ဖူးတဲ့ လက်ချောင်းကလေးတွေကို
ယောင်ယမ်းပြီး ပွတ်မိသလို
အလှအပဆိုတာမရှိ
စကတ်ဇစ်ပြုတ်တာတောင် မသိဘဲနဲ့
ခပ်တည်တည် ဆုတက်ယူခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်
ရှက်ပြုံး ပြန်ပြုံးမိတယ်။
တစ်ခါတလေ
အတွေးတွေ ချောင်ပိတ်မိတဲ့အခါ
အင်အားကုန်သုံးလို့ မိုးလုံးပြည့် အော်ဟစ်ချင်မိတဲ့အခါ
မရနိုင်မှန်းသိပေမဲ့ တပ်မက်မိတဲ့အခါ
အာရုံစွဲပုံရိပ်တစ်ခုနဲ့ ရင်ကိုအေးမြစေခဲ့ရတယ်
ဖြူ စိမ်း ၀တ်စုံလေးကိုယ်စီနဲ့ တို့တစ်တွေလေ...
ဘ၀ရဲ့ရှေ့ပြေးသင်ခန်းစာတွေမှာ
လေ့လာမှုအား နည်း များ ပေါ် မူတည်လို့
ငါတို့ဘ၀တွေ မတူညီကြပေမဲ့
ပြန်လည်မက်ခွင့်ရှိမယ်ဆိုရင်
အားလုံးမက်ချင်ကြတဲ့ အိပ်မက်ကတော့
ထပ်တူကျမယ်လို့ ယူဆမိတယ်
ပျော်ရွှင်စရာတွေ၊ ရင်ခုန်စရာတွေ
မျှော်လင့်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေ
အနူးညံ့ဆုံးနှလုံးသားနဲ့ ခံစားခဲ့ကြတဲ့
ကျောင်းသားဘ၀လေး...
လွမ်းတယ် သူငယ်ချင်းတို့ရယ်...
November 26, 2007 at 12:07 PM
ဒီလိုနဲ့ ပဲအားလုံးဟာသေသွားကြမှာပါပဲ။ဒီတော့အသက်ရှင်နေတုန်းမှာပါရမီတွေသာဖြည့်သိုးလေးရေ။ဒါမှနိဗ္ဒာန်ကိုတစ်နေ့ သေချာပေါက်ရောက်မှာ။သိုးလေးကဗုဒ္ဒဘာသာမဟုတ်ရင်ဆောရီးနော်။ဟဲဟဲ...
November 26, 2007 at 4:40 PM
သိုးလေး…စကပ်…ဇစ်…ဇစ်…။ ဟား..ဟား…တကယ်လား…သိုးလေးရဲ့…။ သိုးလေးဆီပုံးကို မမလေးမတွေ့ သေးဘူး…။ သိလား…။
November 27, 2007 at 3:54 AM
ညီမလေးရေ
ကဗျာလေးဖတ်ပြီး
အမလဲ ငယ်ဘ၀လေး လွမ်းတယ်
ညီမလေး ရင်ဘတ်ထဲက တကယ်ထွက်ကျ
ခဲ့တာ သိပ်လှတာပဲ
November 27, 2007 at 6:04 PM
ညီမလေးရေ
အမလဲ လွမ်းတယ်
November 28, 2007 at 3:52 AM
comment မရေးဖြစ်ပေမယ့်သိုးမလေးကဗျာတွေဖတ်ဖြစ်ပါတယ်။ကျွန်တော့်ကဗျာလေးတွေလာဖတ်တဲ့အတွက်လည်းကျေးဇူးပါ။magazineတွေထဲကကြိုက်တာလေးတွေတင်ပေးပါဦး။ကျွန်တော်ညိုထက်ညိုပါ။
November 28, 2007 at 4:11 AM
ကိုရန်ကင်း... သိုးလေးက ပန်းသေး... အဲ... မြန်မာလူမျိုးစစ်စစ်၊ ဗုဒ္ဒဘာသာစစ်စစ်ပါနော်...
မမလေး... တကယ် တကယ်...ရှူး လျှောက်ပြောနဲ့။
မမမိုးချစ်သူတောင် ပုံစံပြောင်းသွားလားလို့...ဟိဟိ...
မမ angel... သိုးလေးမှာ မမစာတွေကို ဖတ်ဖို့ ကော်ပီနဲ့လေ၊ မဟုတ်ရင် သိုးလေး ဖတ်လို့မရဘူး။ အိမ်ရောက်မှ ကျကျနန ဖတ်ရတာ။ ဒါကြောင့် ဘာမှရေးမသွားရဘူး။
ကိုညိုထက်ညို အားပေးတာ ကျေးဇူးပါ... သိုးလေးလည်း ကိုညိုထက်ညိုကဗျာတွေ ဖတ်ဖြစ်တယ်။ :)
November 28, 2007 at 3:58 PM
ကဗျာလေးက ကောင်းတယ်နော် နှင်းနှင်း ...
ရိုးရိုးလေးနဲ့ ရင်ထဲကို ရောက်သွားတယ်