ရင်တွင်းဖြစ်
November 13, 2007
ရင်တွင်းဖြစ်
၂၁ ရာစုရဲ့သမီးပျို
ရန်ကုန်ကို စစ်မြေပြင်လို သဘောထားတဲ့ ငါ
အဲဒီလမ်း ပင်ပန်းမှာလည်း မကြောက်ဘူး
ကြမ်းတမ်းမှာလည်း မကြောက်ဘူး
ငါကြောက်တာ မလျှောက်လှမ်းရမှာပဲ။
ရည်မှန်းချက်နဲ့ စွမ်းဆောင်ရည်ကို
မိဘအလိုကျ အိမ်မှာအလှပြထားမှ
အဲဒါ သမီးလိမ္မာတဲ့လား...
"မပြောချင်လို့ ကြည့်နေတာ ကြာပြီ" လို့ အပြောခံရလောက်အောင်
ငါ အတော့်ကို ဆိုးရွားနေပြီလား...
"တဇွတ်ထိုး တဇောက်ကန်း" ဆိုတဲ့ ဘွဲ့က
ငါ့အတွက် မြင့်များ မြင့်နေသလား...
ကျယ်ပေမဲ့ ကျဉ်းလွန်းတဲ့ မြို့ပြဟာ
ပါးစပ်တစ်ပေါက်နဲ့ အသက်ရှူတဲ့လူလို
ငါ့အတွက်တော့ ရှူ၍မ၀နိုင်သော လေပဲ။
နေရောင်ပျောက်ရင် မျက်စိအောက်ရောက်နေမှ
စေရာသွား ခိုင်းရာလုပ်
အရုပ်တစ်ရုပ်လိုဖြစ်နေတဲ့ငါ့အတွက်
တနင်္ဂနွေတွေ သေဆုံးခဲ့တာ ကြာပြီ။
Helen Keller နဲ့အတူ ဘ၀တိုက်ပွဲဝင်ခဲ့တဲ့
Anne Sullivan လို
တစ်ခါတစ်ရံတော့ အမေ့ကို အားကိုးချင်တယ်။
ကောင်းကင်ဘုံမှာ နေသားကျနေမယ့်
အဖေ့ရဲ့ရင်ခွင်ကျယ်မှာ
တစ်ခါတစ်ခါ ခိုနားချင်တယ်။
မလိုအပ်ဘဲ စွမ်းအင်တွေ မကုန်ခမ်းစေဖို့
မျက်ရည်မကျတတ်အောင် သင်ပေးခဲ့တဲ့
ငါ့ဘ၀ကြီးကို ငါလေးစားတယ်
အမှောင်တွင်းက အလင်းရစေဖို့
ငါ့ညကို ငါထွန်းပမယ်
ဒါပေမဲ့
အဲဒီညအတွက် အသက်ဆက်ဖို့
အမေ့ရဲ့အပြုံးတစ်ချက်တော့
အမှန်လိုအပ်တယ်။
November 13, 2007 at 1:53 PM
nice poem sis... i am a new user to blog... just looking around....
November 14, 2007 at 10:32 AM
ညတိုင်းနေ့တိုင်းမှာ အမေ့ရဲ့ အပြုံးတွေလိုတယ် ...
November 14, 2007 at 4:41 PM
ရန်ကုန်ကို စစ်မြေပြင်..ဟုတ်လား....။ရှူး....ဘာတွေ ရေးလိုက်တာလဲ...။ တိုး..တိုး...လုပ်ပါကွယ်....။ တနင်္ဂနွေတွေ သေဆုံးဆိုတော့ ကျန်တဲ့ ရက်တွေ အသက်ရှင်ကျန်နေသေးတာ တော်သေးတာပေါ့...။ အေးချမ်းပါစေ... သိုးလေးရေ....။
November 16, 2007 at 4:27 AM
ကျေးဇူးတင်ပါတယ်။
November 17, 2007 at 3:39 AM
အရောက်လာပါတယ်။ :) အောက်ခံ ကာလာပြောင်းသွားတာ လှတယ် ။ ဘန်နာလည်း အဆင်ပြေသွားပြီဟုတ်။ ကာလာအစပ်အဟပ်မိုက်တယ်။ အရင်လိုလည်း ဘန်နာ အကြီးကြီးမဟုတ်တော့ဘူး။ သိုးလေး။ အဆင်ပြေသွားပြီ။
ဆောရီး ။ ဒီမှာပဲ ကွန်မန့်ရေးလိုက်တာ။