ဝိညာဉ်ရှိ ရုပ်သေးရုပ်များ
November 12, 2007
ဝိညာဉ်ရှိ ရုပ်သေးရုပ်များ
ဘ၀ပုံစံကို ပြောင်းပစ်ရမယ်တဲ့။
သူတို့က ဘ၀အကြောင်း ဘယ်လောက်သိလို့လဲ။
ဘ၀ရဲ့အသက်ရှူသံကို သူတို့ ကြားဖူးလို့လား။
ဘ၀ရဲ့နှလုံးခုန်သံကို သူတို့ နားထောင်ဖူးလို့လား။
သူတို့ ဘာတွေ ဘယ်လောက်မြင်ဖူးလို့လဲ။
သူတို့က ဘ၀ဆိုတာ ကုန်ကြမ်းပစ္စည်းတစ်ခုလို့ ထင်နေကြတယ်။
သူတို့ပြုပြင်လိုက်ရင် ကုန်ချောဖြစ်သွားလိမ့်မယ် ထင်နေကြတယ်။
သူတို့ ဂုဏ်တင်လိုက်ရင် ဘ၀တစ်ခု မြင့်တက်သွားလိမ့်မယ်လို့ ထင်နေကြတယ်။
ဒါပေမဲ့ ဘ၀ဆိုတာ ပစ္စည်းတစ်ခု မဟုတ်ဘူး။
ဘ၀ဆိုတာ ဘယ်သူကမှ ပြောင်းပေးစရာမလိုဘူး။
သူ့ဘာသာသူ အမြဲပြောင်းနေတာ။ ရွေ့လျားနေတာ။
ငါတို့သိထားတဲ့ ပြောင်းလဲခြင်း သီဝရီတွေထက် အဆမတန် ကျဉ်းတဲ့
ထောင့်ချိုးမျိုးတွေနဲ့ ကွေ့ဝိုက်ပြောင်းလဲနေတာ...
သူတို့က သူတို့နဲ့အတူ သီချင်းတွေ သံပြိုင်လိုက်ဆိုနေမှ...
သူတို့တွေးသလို တွေး...
သူတို့မြင်သလို မြင်မှ...
အဲဒီအတွေးအမြင်တွေက လူတွေရဲ့ ခေါင်းထဲမှာ၊ လည်ချောင်းထဲမှာ ပြည့်ကျပ်
ပြွတ်သိပ်နေပြီ။
သူတို့ပါးစပ်က စကားလုံးကြီးတွေနဲ့ အမြှုပ်ထွက်အောင် ပစ်ပေါက်နေကြတယ်။
ဒါပေမဲ့ အရေးကြီးဆုံး အချက်ကို သူတို့ မေ့နေကြတယ်။
အဲဒါ အင်အားသုံးပြီး ဘယ်တော့မှ အချစ်ခိုင်းလို့
မရဘူး ဆိုတာပဲ။
(မှီငြမ်း --> Pasternak ၏ Dr. Zhivago နှင့် ဆရာ
တင်မောင်မြင့်၏ ကမ္ဘာကျော်တို့၏ ပုံရိပ်များ)
November 12, 2007 at 5:00 AM
ရုပ်သေးရုပ်ဆိုပေမယ့် ကြိုးဆွဲရာမကနိုင်ဘူးပေါ့...။ နော်..။ ဒါဆို မမလေးရဲ့ ကချေသည်လေးတွေနဲ့  မိတ်ဖွဲ့ လို့ရပြီ...။
November 12, 2007 at 10:34 AM
ပုံစံပြောင်းပြီး ဘ၀ကို ခြစ်ရင် ဘခြစ် ဖြစ်သွားမယ်ထင်တယ် ။ :)
November 12, 2007 at 6:05 PM
ဝိညာဉ်ဆိုတာ လွင့်မျောနေရုံသက်သက်တော့ ဟုတ်မယ်မထင်ဘူးနော်
တချိန်တော့လည်း ကောင်းကင်ဘုံကို ရောက်ရမှာပေါ့။
November 13, 2007 at 4:51 AM
ဟုတ်တာပေါ့ မမလေး... အဲဒီ ကချေသည်လေးနဲ့ မိတ်ဖွဲ့ဖို့ပေါ့...
ကိုအိမ်ကတော့ :) ဘခြစ်ပေါ့...
သာဓုခေါ်ရင်ပေါ့ ကိုမျှားပြာ... အဲ ကိုမျှားပြာကို သာဓုခေါ်ခိင်းတာဟုတ်ဘူးနော် ဟဲဟဲ...