မနက်ဖြန်ဆိုတာ ရှိခဲ့ရင်...
November 18, 2007
မနက်ဖြန်ဆိုတာ ရှိခဲ့ရင်...
အနားသတ်မညီညာတဲ့ ကောင်းကင်
အလင်းညှိမထားတဲ့ ကြယ်တွေနဲ့
မပြည့်ဝတဲ့ လ
အဲဒီညရဲ့
သာမန်လက်ဖက်ရည်ဆိုင်လေးထဲက
အရောင်လွင့် တိမ်ဖျော့ ကျွန်တော်
သီချစ်းတစ်ပုဒ်အတွက် အသင့်ဖြစ်နေတဲ့
ကြိုးညှိပြီးသား ဂစ်တာတစ်လက်နဲ့
သီချင်းရေးစပ်ဖို့ အဖြူရောင်စာရွက်တစ်ရွက်
ဒါ ကဗျာတစ်ပုဒ်ပဲလား...
ပြီးဆုံးခြင်းပြည်ဖုံးကားနောက်မှာ
ကျွန်တော်တို့ဘ၀တွေ ရေးဆွဲခဲ့ကြတယ်
အရောင်အသွေးတွေလည်း စုံလင်တယ်
...........................
...........................
...........................
ခွင့်လွှတ်ပါ
မနက်ဖြန်ဆိုတာရှိခဲ့ရင်
မနက်ဖြန်မှ ဆက်ကြတာပေါ့။
November 19, 2007 at 2:02 AM
ဒါဆိုလည်းမနက်ဖြန်မှပဲ comment ရေးတော့မယ်..
November 19, 2007 at 3:50 AM
မနက်ဖြန်ဆိုတာ မသေချာဘူး..သိုးလေးရဲ့...။ သိုးလေးကတော့လေ... ဒီကောင်းကင်ကြီးကို မျိုးစုံလုပ်နေတော့တာပဲ...။ ဒါနဲ့  ဆီပုံးရော...။ ရောင်းစားလိုက်ပြီလား.....။
November 19, 2007 at 3:56 PM
ဘာလို့ မနက်ဖြန်ဆိုတာ မသေချာရမှလားဗျ ..
ဟတ် ဟတ် သိုးလေး နက်ဖြန်ဆိုလဲ နက်ဖြန်ပေါ့နော်း)
November 20, 2007 at 5:43 AM
မနက်ဖန်မှ ဆက်လို့အရဘူး။
အခုဆက်။ အခုဆက်ပါ။
ညီမလေး နှင်းနှင်းရေ
စိတ်ပျော်ရွှင်အောင်လေး
တင်ထားပြီးနော်။
ညီမလေး ပျော်ရွှင်ပါစေ
November 20, 2007 at 7:34 AM
မနက်ဖြန်ကို မစောင့်နိုင်တော့ဘူး
ဒီနေ့ပဲ ရေးသွားတယ်။ မှတ်ချက်။
November 20, 2007 at 12:46 PM
တစ်ခုခုကိုခံစားလိုက်ရသလိုပဲ
November 21, 2007 at 4:59 AM
မနက်ဖြန် ရောက်သေးဘူးလေ...ကိုရဲနိုင်စိုး :P
မမလေး... ဒီဆီဗုံးကြီးပဲ ပျောက်နေတယ်လား၊ စိတ်ထဲရှိရာလေးတွေ အော်ချင်ရင်ဆိုတဲ့ လင့်အောက်မှာပါလို့ဆို လို့ဆို လို့ဆို...
ကိုမျှားပြာ :)
မမမိုး... ပျော်ရွှင်နေပါတယ်၊ မမပေးတဲ့ဆုနဲ့...
မှတ်ချက်နောက်မှာ ဘာများရှိမလဲလို့ လိုက်ရှာနေတယ် မမပန်။
>>ကိုမင်းတစေ...အဲဒီတစ်ခုခုကို ရေးခဲ့ဘဲနဲ့... ဟွန့်... :P