လူတစ်ယောက်အတွက် အပင်ပန်းဆုံးအလုပ်က ဘာလဲ  

July 09, 2007

လူတစ်ယောက်အတွက် အပင်ပန်းဆုံးအလုပ်က ဘာလဲ

သိုးလေးအထင်ပြောရရင် လူတစ်ယောက်အတွက် အပင်ပန်းဆုံးအလုပ်ဟာ အောင့်အီးထားရခြင်းပါပဲ။ ချောင်းဆိုးချင်တာကို လူကြားထဲမှာမို့ မဆိုးမိအောင် အောင့်ထားရတာလည်း ပင်ပန်းတာပဲ။ စားချင်တာလေးတွေ့ရင် ငါနဲ့မတည့်လို့ဆိုပြီး အောင့်ထားရတာလည်း ပင်ပန်းတာပဲ။ အိပ်ချင်လွန်းတဲ့အချိန်မှာ မအိပ်ချင်အောင် ကြိုးစားနေရတာလည်း ပင်ပန်းတာပဲ။ မရိုသေ့စကား လေလည်ချင်တာတောင် ရှက်လွန်းလို့ဆိုပြီး အောင့်ထားရတာလည်း ပင်ပန်းတာပဲ။ အဲ... အရွယ်ရောက်တဲ့လူတွေထုံးစံ ချစ်ချင်ကြတဲ့အချိန်မှာ ဂုဏ်တွေဒြပ်တွေနဲ့တိုင်းလို့ မချစ်ရဲတာ၊ တိတ်တခိုးတစ်ဖက်သတ် ချစ်ရတာ၊ ကိုယ်ပြောလိုက်မှ အဝေးဆုံးကို ရှောင်ထွက်သွားမလားဆိုပြီး ချစ်ချင်တဲ့စိတ်ကို အောင့်အီးထားရတာ၊ အဲဒါလည်း ပင်ပန်းတာပဲ။ ဒါ သိုးလေး လတ်တလော စဉ်းစားမိတာလေးကို ရေးလိုက်တာပါ။ အဖြေကိုတော့ မရှာလိုက်မိပါဘူး။ ဒီတော့ အဲဒီပင်ပန်းမှုကို ဘယ်လိုနည်းနဲ့ ဖြေဖျောက်မလဲ

AddThis Social Bookmark Button


 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster