ကြယ်
December 11, 2007
ကြယ်
လုံလောက်တဲ့ နွေးထွေးခြင်းလည်း မရ
ပြည့်ဝတဲ့ အလင်းရောင်လည်း
ပေးစွမ်းနိုင်ခြင်းမရှိပါဘဲ
သူ့ကို လူတွေ တပ်မက်ကြတယ်
အလွမ်းတွေ တိုင်တည်ရင်း
စာတွေ သီဖွဲ့ကြတယ်
သူရှိနေတဲ့ညဟာ
အရာအားလုံး ပြီးပြည့်စုံနေသလိုလို
သူသေဆုံးတဲ့အခါမှာတော့
ကသောကမျော ဆုတွေတောင်းလို့.....
December 12, 2007 at 2:32 PM
ကောင်းလိုက်တာ။
December 13, 2007 at 3:46 AM
တို့က ကြယ်တွေရဲ့ ကိုယ်စားလှယ် ညီအစ်မပေါ့နော်...သိုးလေး...။ ကြယ်ကိုယ်စားပြု ကဗျာများ လို့ ရေးရအောင်...။
December 13, 2007 at 4:47 AM
တူတို့ပဲ ကြယ်တွေ
ရေးနေတယ်။
ဟင့်...မမကျ မရေးတတ်ဖူး
နိုပြီးပြန်တွားပြီ...
December 20, 2007 at 5:36 AM
မတရားလိုက်တဲ့ လူတွေနော်။ ကြယ်ကလေးတွေ ကြွေတာတောင်မှ ဆုတောင်းပြည့်ချင်ကြတယ်။