December 15, 2007



ညဟာ အေးသထက် အေးလာတယ်
ဒီလိုညတွေဟာ ချောက်ချားစရာကောင်းပါရက်နဲ့
ကျွန်မ ဘာကြောင့်များ တောင့်တခဲ့ပါလိမ့်
အရိုးသားဆုံးအနေနဲ့
အဖေ့ကို အမှတ်ရစေမယ့် သတိကြယ်ပွင့်
ကျွန်မကောင်းကင်မှာ တွေ့ခွင့်ရမယ်လေ
ပြီးတော့ သူ.....

အေးစက်မှုဟာ မဖိတ်ခေါ်ပါဘဲ
စောင်ထူထူကြားက ထိုးဖောက်လာတယ်
ပစ်စလက်ခတ်အေးစမ်းပါစေတော့
အဖေဟာ ကောင်းကင်ကြီးပေါ်ကနေ
ကျွန်မကို နွေးထွေးမှုတွေ ပေးနေတယ်လေ
ညဟာ တစ်ဖန် တိတ်ဆိတ်သွားပြန်တယ်.....

တစ်လောကလုံး နှစ်ခြိုက်စွာ အိပ်မောကျလို့
ဝင်လေထွက်လေကို အတိုင်းသား ကြားနေရတယ်
မှိတ်ထားတဲ့မျက်ဝန်းတွေရဲ့တစ်ဖက်
အိပ်မက်မဟုတ်တဲ့ အနက်ရောင်လွင်ပြင်မှာ
သူ့ပုံရိပ်တွေက ဝေေ၀၀ါးဝါး
သည်လိုနဲ့ ညစ်တစ်ည ပြီးဆုံးတော့မှာပါလား.....

လောကကြီးကတော့ ပုံမှန်အတိုင်းပဲ
မနက်ဖြန်တွေ မွေးဖွားလိုက်
ညတွေ သေဆုံးလိုက်နဲ့
ကျွန်မလည်း အရင်လိုပဲ
ခိုရာမဲ့ စိတ်ကို
ချော့သိပ်ရဦးမယ်။

AddThis Social Bookmark Button


6 comments: to “

  • Layma
    December 15, 2007 at 9:42 PM  

    ညတွေ နွေးထွေးပါစေ...သိုးလေးရေ...။ အနက်ရောင်လွင်ပြင်မှာ ထင်တဲ့ပုံရိပ်က အဒူ့ ပုံတုန်း...။

  • Unknown
    December 15, 2007 at 10:31 PM  

    ဖြူစင်တဲ့ သိုးမလေးရေ...

    ညတွေက လည်းနက်သထက်နက်လာပြီ
    ကြယ်တွေလည်း စုံနေပြီ
    မိုးသားထက်ကိုမော့ကြည့်လိုက်တော့
    အဝေးအိမ်ကိုလွမ်းလိုက်တာ....

  • Angel
    December 15, 2007 at 11:31 PM  

    မရောက်ဖြစ်လိုက်လို့ဒီဇိုင်းတွေပြောင်းထားတာအခုမှသိတယ်။
    သိုးလေးလည်းညရေးသမားပဲလား။ဟဟ။
    အမဘလော့မှာတော့ သိုးပုံတွေ၊ည၊ကြယ်၊ကမ္ဘာ စုံနေတာပဲ။
    လှတယ်ညီမလေးရေ..ဆက်ရေးထားကွ။
    ရေးချင်ရာသာချရေးပစ်လိုက်။ဘလော့ကြီးကတော့လူတွေအပေါ်နားလည်မှုအရှိဆုံးပါကွာ။ပျော်ရွှင်ပါစေချစ်ညီမလေးရေ..။

  • Chaos
    December 15, 2007 at 11:38 PM  

    လောကကြီးကတော့ ပုံမှန်အတိုင်းပဲ
    မနက်ဖြန်တွေ မွေးဖွားလိုက်
    ညတွေ သေဆုံးလိုက်နဲ့
    ကျွန်မလည်း အရင်လိုပဲ
    ခိုရာမဲ့ စိတ်ကို
    ချော့သိပ်ရဦးမယ်။

    ကဗျာလေးကောင်းပနော်
    သိုးမလေးရေ

  • hnin
    December 20, 2007 at 4:55 AM  

    မမလေး... ညတွေ နွေးထွေးပါစေဆိုပြီး သိုးလေးအိပ်မက်ထဲမှာ မမလေးနဲ့ သိုးလေး အ၀တ်လျှော်နေကြတယ်တဲ့... ချမ်းလိုက်တာ
    ကိုပြည့်စုံ...အဝေးအိမ်ကိုလွမ်းရင် အဆက်အသွယ် မပြတ်စေနဲ့နော်
    မ angel... သိုးလေးတော့ မရဲ့စာတွေကို ကော်ပီနဲ့ပဲ အားပေးနေရတယ် ဟီးဟီး
    ကဗျာချစ်တဲ့ မမ... အားပေးတာ ကျေးဇူးပါ မမ...

  • Anonymous
    June 20, 2008 at 7:13 AM  

    Hnin I m not family with the blogs.
    Thi is my first visit to the Blogs.
    I like the Blogs and i also want to creat my own Blogs. I love the poems also. SO Can i friend with you, honestly? Could you please contect me to my Gmail.?

    Lin.zeyar@gmail.com

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster