Movie Maker ကျေးဇူး  
December 22, 2007
Movie Maker ကျေးဇူး
ပြီးခဲ့တဲ့သောကြာနေ့က အလုပ်ကလည်း အား၊ ပိုက်ဆံကလည်း ပြတ်နဲ့ သိုးလေး တော်တော်စိတ်ညစ်နေတာ။ အင်တာနက်သုံးချင်တာလည်း ပိုက်ဆံမရှိလို့ မသုံးရဘူး။ တော်တော်သနားဖို့ကောင်းတယ် ဟီးဟီး။ အဲဒါနဲ့ မထူးဘူးဆိုပြီး ကွန်ပျူတာရှေ့မှာ ဟိုလုပ်ဒီလုပ်နဲ့ လျှောက်လုပ်နေရင်း သူငယ်ချင်းတစ်ယောက် ပြောပြဖူးတဲ့ Movie Maker ကို သွားသတိရရော။ ပုံထည့်တာ၊ သီချင်းထည့်တာတော့ သိတယ်။ effect တွေ ထည့်ပြီး သီချင်းတစ်ပုဒ်ဆုံးတဲ့ထိ တစ်ခါမှမလုပ်ဖူးဘူး။ ဒါနဲ့ သိုးလေးအစ်မ ကျိုက်ထီးရိုးသွားတုန်းက ရိုက်ထားတဲ့ပုံတွေကို ကင်မရာထဲကနေ စက်ထဲထည့်၊ ပြီးတော့ တစ်ပုံနဲ့တစ်ပုံ ပြောင်းတဲ့ Video Making တွေ ထည့်၊ ပြီးတော့ audio သီချင်းသွင်း၊ ပြီးတော့ ပြန်ဖွင့်ကြည့်တော့ သီချင်းတစ်ပုဒ်ဆုံးသွားရော ပုံက အများကြီးကျန်နေသေးတယ်။ ဘယ်ရမလဲ နောက်သီချင်းတစ်ပုဒ်ထပ်သွင်း၊ အဲ... သီချင်း နှစ်ပုဒ်ဆုံးတော့ ပုံနဲ့ ကွက်တိ။ ဒါနဲ့ တစ်ခုခု လိုနေသေးသလိုပဲလို့ စဉ်းစားတော့ ခေါင်းစဉ်နဲ့ အပိတ်။ ဒါပေမဲ့ မထည့်တတ်ဘူး။ ကလိတဲ့နေရာမှာ သိုးလေးလေ ဘယ်ရမလဲ...Making title ဆိုတာတွေ့တာနဲ့ ဟုတ်ပြီ ဆိုပြီး နှိပ်လိုက်တာ။ အဲဒီလိုနဲ့ အဖွင့်စာသားနဲ့ အပိတ်စာသား ရသွားရော။ အပိတ်မှာလည်း Designed by Ayechanthu ဆိုပြီး အလကားရတဲ့ effct အကုန်ထည့်ပစ်လိုက်တာပေါ့။ ဘယ်ရမလဲ။ အဲဒီလိုနဲ့ နေ့ဝက်လောက်ကုန်သွားတဲ့အချိန်မှာ မမရဲ့ ကျိုက်ထီးရိုးသွား ခရီးစဉ် ရုပ်သေပုံလေးတွေဟာ သိုးလေးရဲ့အစွမ်းနဲ့ Movie Maker နဲ့လုပ်ထားတဲ့ မသပ်မရပ် မလှမပ (ကိုယ့်ဘာကိုယ်တော့ ပီတိဖြစ်နေတာပေါ့ ဟဲဟဲ) အခွေလေးတစ်ခွေ ဖြစ်သွားရော။ ပြီးတော့ အကြံရသွားတယ်။ ငါ့မှာ သူ့ပုံတွေကို နေ့ဝက်ကြီးများတောင် အချိန်ကုန်ခံပြီးလုပ်လိုက်ရတာ။ အကျိုးဆောင်ခတော့ ရသင့်တယ်လို့။ ဟုတ်တယ်ဟုတ်။ ဒါနဲ့ မမကို 'မမကျိုက်ထီးရိုးသွားတဲ့ပုံတွေကို သမီး အခွေလုပ်ပေးထားတယ်။ နောက်ခံသီချင်းလေးနဲ့။ အရမ်းမိုက်တယ် သိလား။ အဲဒါ နှစ်ထောင့်ငါးရာပဲပေး။ သူများဆို မရဘူး။ ပုံတွေကို Scan ဖတ်ရမယ်ဆိုရင်တော့ အဲဒီဈေးနဲ့ မရဘူး။ မမမို့ လျှော့ပေးတာ' ဆိုတော့ သူကလည်း သဘောတွေကျ၊ သူ့အခွေလေးကို ဖွင့်ကြည့်ပြီး ချက်ချင်းပဲ နှစ်ထောင့်ငါးရာ ထုတ်ပေးတယ်။ သူလည်း ကျေနပ်၊ ကိုယ်လည်း ပိုက်ဆံရပေါ့။
     ညနေကျတော့ ဘယ်ကဘယ်လိုကြားလာတယ်မသိဘူး၊ နောက်တစ်ခါ ညီမလေးသဘောနဲ့ ညီမလေးလုပ်ရင် ပိုက်ဆံမပေးဘူးနော် တဲ့။ အဲ... ဘယ်လိုဖြစ်ရပြန်တာလဲ ဆိုတော့ တခြားကပြောလိုက်တယ်၊ ဆိုင်မှာ ပုံ ၇၀ ကျော်ကို အဲဒီလိုလုပ်တာ ၁၅၀၀ ပဲ ပေးရတယ်တဲ့။ ငါသာ အ လို့ ခံလိုက်ရတာ။ နင့်ဆီ ဘယ်သူမှလည်း အလုပ်အပ်မှာမဟုတ်ဘူးတဲ့။ ရှက်လည်းမရှက်ဘူး၊ နောက်ဆုံးမှာ သူ့နာမည်က ပါသေး ဆိုပြီး အပြောခံလိုက်ရတယ်။ သိုးလေးကတော့ မထင်ပါဘူး။ ပုံ ၇၀ ကျော်ကို Scan ဖတ်ပြီး အဲဒီလိုအခွေလုပ်တာ ၁၅၀၀ ပဲ ရမယ်ဆိုရင် သိုးလေးတော့ လုပ်မစားတော့ဘူး။ ဟီးဟီး... လောလောဆယ်တော့ ဘာပဲပြောပြော ၂၅၀၀ ရသွားပြီလေ။ အဲဒီပိုက်ဆံလေးကို စုထားရတယ်။ မမကို အခွေပေးကတည်းက ပြောထားတာလေ၊ မေမေ့ကို ပိုက်ဆံပေးရတယ်လို့ မပြောရဘူးလို့။ နှစ်ဦးသဘောတူမှ အခွေထုတ်ပေးထားတာဆိုတော့ သူလည်း မပြောရဲဘူး။ လူတကာလုပ်တတ်နေကြတဲ့ Movie Maker ကို သိုးလေးက အခုမှလုပ်တတ်တာ ရှက်တော့ ရှက်ပါဘူး။ ဘာလို့ဆို သိုးလေးက အဲဒါမျိုးတွေ သိပ်ဝါသနာမပါလို့။ ကိုယ်မလုပ်တတ်တာဆိုရင်တော့ လုပ်တတ်ချင်တယ်လေ။ အဲဒါကြောင့် မေးချင်တာရှိရင် မေးတယ်၊ မဖြေရင်တော့လည်း စိတ်မဆိုးပါဘူး၊ သူတို့မအားလို့ပဲနေမှာပေါ့လို့ တွေးပြီး ကိုယ့်ဘာကိုယ် ဖြေပါတယ်။ မဟုတ်ရင် ကိုယ်ပဲ စိတ်ညစ်ရမှာပေါ့။ ဟုတ်ဘူးလား။
     မှတ်မှတ်ရရ အဲဒါလုပ်ပြီး ညဘက်ကျတော့ မီးက အပြတ်၊ UPS ကလည်း မခံနိုင်တာနဲ့ တိုက်ရိုက်ပိတ်သွားတာ။ ပြန်ဖွင့်တော့ Window မတက်တော့ဘူး။ Window လာတင်ပေးတဲ့ servician ကို Movie Maker ပါ ထည့်ပေးနော် ဆိုတော့ ရယ်တယ်။ ရယ် ရယ်... ကိုယ်မှ နားမလည်လို့ ပြောတာပဲ။ အဲဒါလေးကို အမှတ်တရအဖြစ် မမက သူ့သူငယ်ချင်းကို မေးလ်ကနေတစ်ဆင့် ပို့ပေးပါလားတဲ့။ သိုးလေးလည်း နားမလည်ပါးမလည်နဲ့ ယူလာတာပေါ့။ USB Flash Drive နဲ့ ကူးလာပြီး ဆိုင်ရောက်တော့ ထည့်ပေးပါလို့ ပြောလိုက်တယ်။ ခဏနေ ဆိုင်က အစ်မက ဟာ... ဟာ... နင့်ဟာကြီးက ဗိုင်းရပ်တွေပါလာတယ်။ ငါ့ server တော့ ကြွတော့မှာပဲတဲ့။ အဲလိုပြောရင် သိုးလေးက စိတ်မကောင်းဘူး။ အဲဒျီအငခု ကို ၀ယ်ပြီးကတည်းက format ချရတာလည်း အခါပေါင်းမနည်းတော့ဘူး။ သူ့ကိုတပ်တိုင်းလည်း Virus Scan လုပ်တယ်။ သတ်တယ်။ အဲဒါတောင်မှ ဗိုင်းရပ် ပါလာတယ်ဆိုတော့ စိတ်ဓာတ်တွေက ဟိုးအောက်ဆုံးထိ ကျ၊ ဘာပဲပြောပြော ဒီနေ့ သိုးလေးစိတ်ကြိုက် ဘလော့တွေ ဖတ်နိုင်တာ Movie Maker ကျေးဇူးနဲ့ ရလာတဲ့ ပိုက်ဆံလေးကြောင့်လေ။ အဲဒါကြောင့် မိတ်ဆွေတို့လည်း အိမ်မှာပျင်းရင် Movie Maker လေးနဲ့ လုပ်ပြီး သိုးလေးလို ညာစားကြည့်ပါလားလို့။ သူငယ်ချင်းတို့က လုပ်တတ်ပြီးသားလူတွေဆိုတော့ သိုးလေးလိုတောင် အချိန်ကုန်မယ်မဟုတ်ဘူး။
AddThis Social Bookmark Button
7 comments: to “ Movie Maker ကျေးဇူး
  • Ulmuka
    December 22, 2007 at 5:54 AM  
    သိုးလေးရေ လာဖတ်သွားတယ်ကွ။ ကျွန်တော်လည်း Movie Maker တစ်ခါစမ်းဖူးတယ်။ ပိုက်ဆံတော့မရပါဘူး။ ကိုယ့်ပုံတွေပဲ ကိုယ်လုပ်တာကိုး။ :D ပြီးတော့ လိုက်ပြတော့ ဘယ်သူမှလည်း မကြည့်ဘူး။ ဘယ်ကြည့်မှာလည်း ကြည့်ပြီးရင် အစားပျက် အသောက်ပျက်ဖြစ်ဦးမယ်တဲ့။ ဒီရုပ်ကို အပြင်မှာ မြင်ရတာနဲ့တင် တော်ပါပြီဆိုပဲ။ အဲကတည်းက ဆက်မလုပ်ဖြစ်တော့ဘူး။
    Flash ထဲမှာ virus ပါတာတော့ မဆန်းတော့ပါဘူး။ အဲဒီ အစ်မကြီးက အဲဒီလိုတော့ မပြောသင့်ဘူးလေနော့။
    ဒါနဲ့ စကားမစပ်
    အေးချမ်းသူ= သိုးကလေး=နှင်းသဇင်လား။ ဖြေပေးပါဦးနော်။
  • Angel
    December 23, 2007 at 1:06 PM  
    အခုလိုပဲပို့ စ်လေးတွေမှန်မှန်ရေးသွားတာတွေ့ ရတော့
    အမတော့အားလိုက်မအားလိုက်နဲ့ မို့ ဘလော့ကိုပစ်ထားလိုက်ကော။
  • Layma
    December 23, 2007 at 10:50 PM  
    သိုးလေးရေ..မမလေးဆိုသိတောင်မသိဘူး...။ ခုမှသိတယ်..။ သင်ပေးဦးလေ...။
  • ဘလူးဖီးနစ် - bluephoenix
    December 24, 2007 at 10:44 PM  
    my sister, your post is innocent and lovely. please go on, your honest and simple style of blogging is very sweet.
  • hnin
    December 26, 2007 at 5:25 AM  
    ကိုဇီးကွက်... သိုးလေးက အေးချမ်းသူပါပဲ။ နှင်းသဇင်တော့ မဟုတ်ဘူး။
    >>Mr.Adam Brown,
    Thanks for your site. I went there.
    >>angel..မရဲ့ကောင်းကင်ကြီးကို အရမ်းသဘောကျတာ။ ပစ်မထားပါနဲ့...
    မမလေး... သိုးလေးက မတောက်တခေါက်ပဲ တတ်တာ။ သင်ပေးဆိုရင်တော့ သင်ပေးမယ်။ မေးလ် ပြောပြ။
    အစ်ကိုဖီးနစ်... မမြင်တာ ကြာပေါ့၊ ခုတော့ အလန်ဖြစ်သွားပြီပဲ (ပုံလေးကိုကြည့်ပြီး စတာ၊ ချိတ်ချိုးနဲ့)။ :)
  • ရန်ကင်း
    December 26, 2007 at 5:27 AM  
    အဟားးးးးးး.......ကိုယ့်အမကိုယ်ညာစားတယ်ဟေ့.....သိုးလေး
    ကပြောလိုက်ရင်မတတ်ဖူးဆိုတာချည်းပဲ....ဟားဟားဟား
  • tayzar
    December 30, 2007 at 12:07 AM  
    စမ်းကြည့်ဦးမယ် ဝေး တခါမှ သုံးဖူးဘူး
© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster