ကျေပါစေတော့ ၀ဋ်ကြွေးရယ်
December 26, 2007
ကျေပါစေတော့ ၀ဋ်ကြွေးရယ်
မမွေးဖွားခင် သေဆုံးခဲ့ရတဲ့ ကလေးငယ်လို
ရင်ထဲကဆန´တွေဟာလည်း
မရှင်သန်ခင် ပျက်သုဉ်းခဲ့ရပြီလေ
ဒါပေမဲ့ အစပျိုးမိတဲ့အသည်း
တဆတ်ဆတ်နာနေဆဲပါပဲ။
3 ရက်၊ 3 လ မဟုတ်ဘူး၊ 3 နှစ်ခွဲရမှာ
အစ်ကိုပြောတာ နားထောင်ပါဦး တဲ့
ခုတော့ မျှော်လင့်ခြင်းဆိုတဲ့အရာကို
မုန်းတီးနေတတ်ခဲ့ပြီ အစ်ကို။
စကားလုံးမဲ့ဘ၀ထဲကို တိုးဝင်လာခဲ့ပြီးမှ
တေးချင်း တူစုံညည်းချင်တယ်ဆိုရင်တော့
စွမ်းနိုင်ရည်မဲ့တဲ့ တိမ်တွေနဲ့
ကောင်းကင်ပြာကို ထမ်းမထားလိုတော့ပါဘူး။
ဒီဇင်ဘာညရဲ့ အအေးဒီဂရီဟာ
အနုတ်လက©ဏာပြနေတယ်တဲ့
အသံတိတ်ကြိတ်ငိုလို့ ပူလောင်နေတဲ့ ရင်ခွင်မှာတော့
နွေခေါင်ခေါင်ပါပဲလေ။
အချိန်ကာလလို့ တွက်ချက်နေကြတဲ့
လည်နေဆဲ နာရီတွေရယ်
တန်ဖိုးမဲ့ကုန်ဆုံးသွားတဲ့ နေ့ရက်တွေရယ်
ကျွန်မရဲ့ အဖော်တွေ ဖြစ်ခဲ့ဖူးတယ်။
ဒီလိုသာလည်ပတ်နေမယ်ဆို
နောင်သံသရာဆိုတာရှိခဲ့ရင်
လူမြင်လှမှာမဟုတ်ဘူးလေ
လွမ်းနေဆဲနှလုံးသားကို
ဝဋ်ကြွေးပါလားဆိုတဲ့ အသိတရားအောက်မှာ
ပျောက်ဆုံးသွားပါစေလို့ ဆုတောင်းရင်း
ကျွန်မ ကြေကွဲစွာ ကျေနပ်တတ်ခဲ့ပါပြီ။
December 26, 2007 at 5:57 AM
ကောင်းလိုက်တာဗျာ..ခံစားသွားတယ်နော်...အင်းဗျာ..
တကယ်ကို ဖတ်လို့ကောင်းတယ်
December 26, 2007 at 5:57 AM
ကောင်းလိုက်တာဗျာ..ခံစားသွားတယ်နော်...အင်းဗျာ..
တကယ်ကို ဖတ်လို့ကောင်းတယ်
December 27, 2007 at 12:24 AM
သိုးလေး.. ငိုချင်လာပြီနော်..။ မမလေးက
layma121@gmail.com
December 27, 2007 at 2:33 AM
ရင်တွင်းဖြစ်လား။ ကောင်းလိုက်တာ။ =)
December 29, 2007 at 5:14 AM
ကောင်းလိုက်တာဆိုလို့ ကောင်းပါတယ်.. အဲ.. ကျေးဇူးတင်ပါတယ်လို့ :)
မမလေး... သိုးလေး invite လုပ်ထားတယ်..အားပေးတဲ့ မမ ရှေ့နေခလည်း ယူ၊ ပြီးရင်တော့ ဘွား ပေးခဲ့ :)
ကိုသူရိန်ဆို ဟိုအရင်ကိုသူရိန်မှတ်နေတာ၊ မတူဘူးပဲ... ရင်တွင်းဖြစ်တော့ ဟုတ်ဘူးပေါ့၊ ကောင်းပါ့ ကောင်းပါ့ :)
December 29, 2007 at 7:45 AM
Translation
ဆီးနှင်း ရေခဲ ပွင့်တွေလေ၊
လျှောက်ခက် လှုပ်ခက်၊
ရက်ရက် စက်စက် ၊ သွားခက် လာခက်၊
နှိပ်စက် ကလူ ပြုနေရဲ့။ ။
ဆိတ်ငြိမ်လှချည့် ညရေ၊
ပြင်ပမှာ ပိုပြင်းပေမဲ့၊
အတွင်းမှာ (ညှာတာတတ်သူ)လူ အစစ်တွေရဲ့ အငွေ့နဲ့၊
နွေး နေတယ်လေ။
မင်းကံ သီရင် ၊ဒီလောကကြီးဟာ အပီလှနေရင်
သည် နှင်းရေခဲတွေဟာ
မင်းကိုသေဆုံးသွားလောက်အောင် အေးခဲပစ်ဖို့
မစွမ်းသာပါဘူးကွာ..
December 29, 2007 at 11:38 PM
“ကျွန်မ ကြေကွဲစွာ ကျေနပ်တတ်ခဲ့ပါပြီ” ဆိုတာလေးကို
ကြေကြေကွဲကွဲနဲ့ ပဲ မ..လေ ကြေနပ်သွားပါတယ်..သိုးလေးရေ။
January 2, 2008 at 6:11 AM
ညီမလေး inferno... ကဗျာလေးကို အရမ်းကြိုက်တယ်။ ညီမလေးရော ညီမလေးအစ်ကိုကိုပါ ကျေးဇူးအများကြီးတင်တယ်။ မ အရမ်းကြိုက်လို့ စိတ်ကြိုက် အရောင်တွေခြယ်ပြီး အဲဒါကို အိမ်မှာ ကပ်ထားတယ်။
မမ angel... သိုးလေးလည်း မမနဲ့ ညီမလေး inferno ရဲ့ စာတွေကို ပရင့်ထုတ်ပြီး ဖတ်လို့ အိမ်က ပြောလှပြီ။ ထားစရာနေရာမရှိတော့လို့လေ :)