ဆေးတစ်ခွက်  

September 12, 2007

ဆေးတစ်ခွက်

ကမ္ဘာစစ်ကြီး ပြီးသွားပေမဲ့
ငါတို့မိသားစုကတော့
အိမ်တွင်းစစ်အေးတိုက်ပွဲတွေ
ဆင်နွှဲနေရတုန်းပဲ
ရသမျှလခ အကုန်အပ်
ဖြောင့်မတ်ခြင်းကို အသက်ထက်ချစ်တဲ့
အဖေက
တာဝန်ကျေပြီဆိုတဲ့ အသိနဲ့
လက်ရှိဘ၀ကိုကျေနပ်နေချိန်
ကလေးငါးယောက်ကြား
အမေကတော့ ဗျာများဆဲပဲတဲ့
နဂိုကမှ မလုံတဲ့အိုး
ခံသမျှ ယိုကျရတာ
မဆန်းပါဘူး
သေတမ်းစာမဟုတ်တဲ့
ရှေ့တန်းတစ်နေရာက
အမေ့အတွက် ရေးတဲ့စာ
တစ်နေ့ သားပြန်လာတဲ့အခါ
အမေနှင့်အတူလက်တွဲလို့
သုံးချောင်းထောက်စားပွဲ
အခြေမြဲအောင်လုပ်ကြတာပေါ့ အမေ။

AddThis Social Bookmark Button


2 comments: to “ ဆေးတစ်ခွက်

  • yamin
    September 13, 2007 at 4:18 AM  

    ဆေးတစ်ခွက်လည်း ဆေးတစ်ခွက်ဆိုသလောက် အရာရောက်ပါတယ်သိုးလေးရာ...
    ခုတော့ ဆေးတိုက်မဲ့သူတောင် မရှိတဲ့ဘ၀လေ...

  • naing
    September 18, 2007 at 11:32 AM  

    နောက်တစ်ချောင်းထပ်တပ်ဟာ ၊ လေးချောင်းစားပွဲက ပိုကျယ်မယ်ထင်တယ် ။

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster