ဝန်းကျင်  

September 19, 2007

ဝန်းကျင်

သူတို့ဒဏ်ရာ အသေးအမွှားလောက်ကို
ကျောက်ပတ်တီးကိုင်ဖို့
အပူတပြင်းခြေလှမ်းနဲ့
အထူးကုဆေးခန်းသွားတတ်ပေမဲ့
သူများဒဏ်ရာ ဟပ်တပ်ကွဲ
သွေးတွေရွှဲနေတဲ့အခါ
မရတော့ပါဘူးလို့ပြောပြီး
ဘေးထွက်ထိုင်နေတတ်တဲ့
လူ့အသိုင်းအ၀ိုင်းထက်
အရိုင်းအစိုင်းလို့အမည်တပ်
ပညတ်ချက်ဆိုးတွေ
တရစပ်ပေးထားခံရတဲ့
အရုပ်မြို့တော်မှာပဲ
ငါ ပျော်တော့မယ်။

AddThis Social Bookmark Button


3 comments: to “ ၀န်းကျင်

  • Layma
    September 19, 2007 at 7:56 AM  

    အရုပ်တွေနဲ့  လူတွေနဲ့ ကွာတယ်...
    သိုးလေး ...။ အရုပ်တွေက သိုးလေးကို စိတ်ညစ်အောင်မလုပ်သလို ပျော်အောင်လဲလုပ်မှာမဟုတ်ဘူး ...။

  • yamin
    September 20, 2007 at 5:38 AM  

    ဟေ့ နာ အရုပ်ပြန်ပေးနော်။ သူများ အရုပ်ကို ယူသွားတယ်ဟင့်ဟင့်

  • မျှားပြာ
    September 21, 2007 at 8:46 AM  

    အရုပ်တွေက ကွန်နက်ရှင် ကောင်းအောင် လုပ်ပေးနိုင်ရင် ကောင်းမယ်နော် နင်ပြောသလိုပဲ ငါလဲ ကွန်နက်ရှင်ကောင်းဝူးဟ

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster