နေ့စဉ်ရွတ်ဖတ်သင့်သော ဂါထာ  

August 12, 2007

နေ့စဉ်ရွတ်ဖတ်သင့်သော ဂါထာ

ဣတိပိသော ဘဂ၀ါ
အရဟံ
သမ္မာသမ္ဗုဒ္ဇေါ
ဝိဇ္ဇာစရဏသမ္ပန္နော
သုဂတော
လောက၀ိဒူ
အနုတ္တရောပုရိသဓမ္မသာရထိ
သတ္တာဒေ၀မနုဿာနံ
ဗုဒ္ဇေါ
ဘဂ၀ါ
ဗုဒ္ဇံသရဏံ ဂစ္ဆာမိ
ဓမ္မံသရဏံ ဂစ္ဆာမိ
သံဃံသရဏံ ဂစ္ဆာမိ
လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

လူတိုင်းရွတ်သင့်တဲ့ ဂါထာလေးကို သိုးလေးနည်းတူ ဘလော့မောင်နှမများလည်း ရွတ်စေချင်လို့ တင်ပြလိုက်တာပါ။ ညာဏ်ကောင်းစေတာ၊ လာဘ်ရွှင်စေတာရယ်လို့ ခေါင်းစဉ်တပ်မထားတဲ့ ဘုရားဟောဂါထာလေးပါ။ ဒီဂါထာလေးကို ရွတ်တာနဲ့ ကိုယ့်ကိုယ်ကိုယ် သရဏဂုံတင်ပြီးသားဖြစ်သလို လူအများအတွက်လည်း မေတ္တာပို့ပြီးသား ဖြစ်စေပါတယ်။ ဘုရားဂုဏ်တော်ကိုးပါးကလည်း ဗုဒ္ဓဘာသာဝင်တိုင်း ရပြီးသားဖြစ်လို့ ဒီဂါထာအတွက် အခက်အခဲရှိမှာမဟုတ်ပါဘူး။ ဒီဂါထာလေးကို မနက်အိပ်ရာက နိုး၊ တစ်ကိုယ်ရေ သန့ရှင်းပြီးတာနဲ့ ဘုရားရှိခိုးရင်းနဲ့ဖြစ်စေ၊ မအားလပ်လို့ အလုပ်လုပ်နေရင်း စိတ်ထဲက ဖြစ်စေ သက်စေ့ ရွတ်ဆိုပေးပါ။ ရွတ်ဆိုဖို့အတွက် အချိန်အကြာကြီးလည်း မကုန်ပါဘူး။ အားလုံး အခက်အခဲမရှိ ရွတ်ဆိုနိုင်ကြမယ်လို့ထင်ပါတယ်။

AddThis Social Bookmark Button


3 comments: to “ နေ့စဉ်ရွတ်ဖတ်သင့်သော ဂါထာ

  • Anonymous
    August 12, 2007 at 2:44 AM  

    ဣတိပိ လို့ရိုက်ပါတယ် သိုးမလေး။ “ဣ” ကို Ctrl+Alt+4 ကို တစ်ခါတည်း တွဲရိုက်ပါ ပြီးမှ လွှတ်ပါ။

  • hnin
    August 13, 2007 at 5:28 AM  

    သိုးလေးကို အမှားပြင်ပေးတာ ကျေးဇူးပါ မမညလေး။ သိုးလေး ပြင်လိုက်ပါပြီ။

  • နေလင်း
    August 13, 2007 at 7:57 AM  

    ကျွန်တော်ဘယ်ကို သွားသွား ဘုရားဂုဏ်တော်ကို ရွတ်ဖတ်သွားလေံရှိပါတယ်.. အရမ်းအန္တရာယ်ကင်းလို့ပါ..ကိုယ်တွေ့ဖြင်ရပ်တွေလည်းရှိခဲ့ပါတယ်
    အားလုံး ဂုဏ်တော်ရဲ့ အရည်အချင်းတွေကို ယုံယုံကြည်ကြည်နဲ့ ပွားများကြပါလို့ ကျွန်တော်ကလည်း ထပ်ပြီး ပြောချင်ပါတယ်..

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster