အရာမထင်လိုတဲ့ နှလုံးသား  

August 21, 2007

              အရာမထင်လိုတဲ့ နှလုံးသား

လမ်းပေါ်မှာ သူရူးတစ်ယောက်ပြောတာ ကြားခဲ့ရတယ်
ပဲလှောင်ရင် ပဲဂိုဒေါင်
ဆန်လှောင်ရ၈် ဆန်ဂိုဒေါင်
သူကတော့ ဘာမှမလှောင်တဲ့
ဂိုဒေါင်အလွတ်တဲ့။
ဆေးကုရင် ဆရာဝန်
စာသင်ရင် ဆရာ
သူကတော့ ဘာမှပညတ်မထားတဲ့
ဗလာပါပဲတဲ့။
သူတတွတ်တွတ် ရွတ်နေသေးတာက
သူက
အရာအားလုံး ပညတ်ဖို့
အဆင်သင့်ဖြစ်နေလို့
သူ့ကိုယ်သူ အခွံပါတဲ့။
တစ်ခါက အိန္ဒိယနိုင်ငံမှာ
ဂုရုကြီးတစ်ယောက်ဟာ
သူပိုင်အရာအားလုံးကို လှူလို့
အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲ နေမလို့တဲ့။
ဂုရုကြီးက ဆက်ပြောတယ်
ဘာမှမပိုင်ဆိုင်တဲ့လူဟာ
ပိုင်ဆိုင်နေတဲ့လူထက်
ပိုပြီးပြည့်စုံတယ်တဲ့။
ငါကကော...
လူ့ဘ၀အနှစ်သာရ
အခွံချည်းပဲ မဖြစ်ရအောင်
နေ့နေ့ညည ကြိုးစားနေတယ်
ပြီးပြည့်စုံခြင်းမဟုတ်တောင်
လိုအပ်ချက် မများရအောင်
လှုပ်ရှားရုန်းကန်နေတယ်
ဒါပေမဲ့
ခုချိန်ထိလွတ်နေသေးတဲ့
ငါ့နှလုံးသားစာမျက်နှာ
ဗလာသက်သက်ပဲ ထားချင်တယ်။     ။

AddThis Social Bookmark Button


4 comments: to “ အရာမထင်လိုတဲ့ နှလုံးသား

  • သန့်ဇော်မင်း
    August 23, 2007 at 8:50 PM  

    ".....လူ့ဘ၀အနှစ်သာရ အခွံချည်းပဲ မဖြစ်ရအောင်နေ့နေ့ညည ကြိုးစားနေတယ်ပြီးပြည့်စုံခြင်းမဟုတ်တောင် လိုအပ်ချက် မများရအောင်လှုပ်ရှားရုန်းကန်နေတယ်...."

    အင်း..
    ကောင်းတယ်..

    "ဒါပေမဲ့ခုချိန်ထိလွတ်နေသေးတဲ့ ငါ့နှလုံးသားစာမျက်နှာဗလာသက်သက်ပဲ ထားချင်တယ်။"

    အဲ..
    ဒါတော့ မဖြစ်ဘူးတင်တယ်..
    သေချာစဉ်းစားနော်.. သိုးမလေး..

    :D
    ဟားဟား.. စတာနော်..

  • Layma
    August 24, 2007 at 6:20 AM  

    သိုးလေး…. ဗလာစာရွက်ဆိုရင် စာရေးခံရမယ်…. လျှောက်ချစ်ခံရမယ်နော်…. သတိထား….။

  • hnin
    August 24, 2007 at 7:50 PM  

    ကိုသန့်ဇော်မင်းရေ...သိုးလေး သေချာစဉ်းစားထားတာပါ။ ဟဲဟဲ... ဗလာစာရွက်က အချောစားမဟုတ်တော့ မူလတန်းကလေးတောင် ခြစ်ချင်မှာမဟုတ်ပါဘူး မမလေးမရယ်။

  • chomee
    August 27, 2007 at 4:39 AM  

    nyima lay ya tadi htar naw
    ama ka say tanae pyaw tar ama tg nyima ko chit chin lar pyi
    :P

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster