ဖြစ်စဉ်  

August 24, 2007

ဖြစ်စဉ်

အတ္တတွေပြည့်နှက်နေတဲ့
နင့်လက်တစ်စုံက
အလုံပိတ်အခန်းကျဉ်းထဲက
ငါ့ဘ၀ရဲ့
အသက်ရှူပေါက်တစ်ပေါက်
ဖြစ်တယ်ဆိုလည်း
ငါ လက်မကမ်းလိုဘူး
ဇာတ်လမ်းကို ဒီမှာရပ်မယ်
ရှေ့ဆက်ရမယ့် လမ်း
ကြမ်းချင် ကြမ်းမယ်
ပန်းချင် ပန်းမယ်
ငါ့ခြေအစုံကို ငါမညှာဘူး
အဆုံးထိရောက်အောင်သွားမယ်
စာနာတတ်သူ
တွဲကူမှာပဲ
ကိုယ့်သမိုင်း ကိုယ်ရေးဖို့
အနည်းဆုံးတော့
စာရွက်နဲ့ ဘောပင် ရှိရမယ်
သေခြင်းတရားကို မမေ့ဖို့
မမြဲခြင်းတော့ ရှုမှတ်ရမယ်။         ။

AddThis Social Bookmark Button


2 comments: to “ ဖြစ်စဉ်

  • Layma
    August 26, 2007 at 1:03 AM  

    ကိုယ့်သမိုင်း ကိုယ်ရေးဖို့ …. စာရွက်နဲ့  ဘောပင်တင်မက ဘူး … blog လေးလဲရှိတယ်လေ …သိုးလေးရဲ့ …..။

  • hnin
    August 27, 2007 at 4:31 AM  

    ဟုတ်ပါ့ မမလေးရေ... သိုးလေး အခုရေးနေတဲ့ ဘလော့လေး ရှိသေးတာပ။

 

© 2007 - Aye Chan Thu | Design by Amanda @ Blogger Buster