ဘ၀ပုံကြမ်း
August 29, 2007
ဘ၀ပုံကြမ်း
မြစ်ကို ဘ၀နဲ့ တင်စားရင်
ငါ့မြစ်က ပိုပြီး
အကောက်အကွေ့များလွန်းတယ်ထင်ရဲ့။
မင်းဘ၀ရဲ့ အလင်းရောင်ဖြစ်ချင်ပါတယ်ဆိုတဲ့
နင်လည်း
ငါ့ညကို တောက်ပအောင်
မစွမ်းဆောင်နိုင်ခဲ့ဘူး။
ငါဆွဲထားတဲ့ တစ်ကြောင်းဆွဲပန်းချီ
ကောက်ကြောင်းတွေ ထပ်နေတယ်။
August 29, 2007 at 9:35 AM
သိုးလေး….ပုံချောဖြစ်ရင်ပြောဦးနော်…
August 29, 2007 at 2:02 PM
တောက်ပအောင် မစွမ်းဆောင်နိုင်ရင်တောင်
လောက်ငအောင်တော့ ထမ်းဆောင်နိုင်မှာပါ..။
ဟီး လျှာရှည့်ကြည့်တာ..:P
August 30, 2007 at 5:18 AM
"ငါဆွဲထားတဲ့ တစ်ကြောင်းဆွဲပန်းချီ
ကောက်ကြောင်းတွေ ထပ်နေတယ်"
အင်း.. မသောက်ခင် ဆွဲတယ်ထင်ပ..
:P
August 31, 2007 at 4:54 AM
မမလေးရေ...ပုံချောဖြစ်အောင် စောင့်ရင် တရုတ်တွေလို နောက်ဘ၀မှ ပြောကြတာပေါ့... ဟားဟား။
ကိုမျှားပြာ လျှာရှည်ကြည့်တာ ရလား၊ လျှာထုတ် လျှာထုတ် မုန့်ဖက်ထုပ်... တဲ့။
ကိုသန့်ဇော်မင်းရေ... သောက်တော့သောက်တာပဲ... အဖြူမို့ထင်ပါ့၊ ရေပြောတာပါ။